~~~~~~~~~~
■ ျမန္မာနိုင္ငံကိုလာေရာက္မယ့္ နိုင္ငံျခားသားေတြကို ဗီဇာထုတ္ေပးတာ ယာယီရပ္ဆိုင္းလိုက္ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနက မေန႔က ဇန္နဝါရီ ၂၈ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျပန႔္ပြားမွု ထိန္းခ်ဳပ္နိုင္ေရးအတြက္ ျမန္မာနိုင္ငံကိုလာေရာက္မယ့္ နိုင္ငံျခားေတြအေနနဲ႔ မည့္သည့္ဗီဇာအမ်ိဳးအစားမဆို အားလုံးကိုထုတ္ေပးတာ ယာယီရပ္ဆိုင္းလိုက္တာလို့ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
ဒီေန႔ကစၿပီး လာမယ့္ ဧၿပီလကုန္အထိ ျပည္ဝင္ခြင့္ကို ရပ္ဆိုင္းမွာျဖစ္ေပမယ့္ သံတမန္ေတြ၊ ျမန္မာျပည္အေျခစိုက္ ကုလသမဂၢ လက္ေအာက္ခံဝန္ထမ္းေတြနဲ႔ ျမန္မာနိုင္ငံနဲ႔ အျပန္အလွန္ေျပးဆြဲေနတဲ့ ေလယာဥ္ေတြ၊ သေဘၤာေတြက ဝန္ထမ္းေတြကိုေတာ့ ဆက္လက္ခြင့္ျပဳေပးမယ္လို့ ေျပာပါတယ္။
အာဆီယံနိုင္ငံေတြနဲ႔ ျမန္မာနိုင္ငံၾကား ႏွစ္နိုင္ငံသေဘာတူညီမွုနဲ႔ ဗီဇာကင္းလႊတ္ခြင့္ေပးထားတဲ့ နိုင္ငံေတြအားလုံးကိုလည္း ဗီဇာကင္းလႊတ္ခြင့္ ယာယီရပ္ဆိုင္းထားမယ္လို့လည္း ဆိုပါတယ္။
ျမန္မာနိုင္ငံဆိုင္ရာ သံတမန္ေတြ၊ ကုလသမဂၢ လက္ေအာက္ခံအဖြဲ႕ေတြက ဝန္ထမ္းေတြအေနနဲ႔ ျပည္ပနိုင္ငံေတြမွာရွိတဲ့ ျမန္မာသံ႐ုံးေတြ၊ ေကာင္စစ္ဝန္႐ုံးေတြကတဆင့္ ျပည္ဝင္ခြင့္ ေလၽွာက္ထားရမွာျဖစ္ပါတယ္။
ျမန္မာနိုင္ငံကို မလာေရာက္ခင္ ၇၂ နာရီအတြင္း အသိအမွတ္ျပဳ ဓာတ္ခြဲခန္းကေန ကိုရိုနာဗိုင္းရပ္စ္ ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ အေထာက္အထားျပသရမွာျဖစ္ၿပီး ေရာက္ရွိခ်ိန္မွာလည္း ေနအိမ္မွာ ၁၄ ရက္ သီးသန႔္ေနထိုင္ေစာင့္ၾကည္မွုွု ျပဳလုပ္သြားမယ္လို့ ေျပာထားပါတယ္။
နိုင္ငံျခားသားေတြထဲက အေရးေပၚတာဝန္နဲ႔ ျမန္မာနိုင္ငံကို မျဖစ္မေန လာေရာက္ရမယ့္ကိစၥေတြရွိရင္ ျပည္ဝင္ခြင့္ဗီဇာရဖို့ အနီးဆုံးျမန္မာသံ႐ုံေတြမွာ ေလၽွာက္ထားနိုင္တယ္လို့ ဆိုပါတယ္။
- Unicode
~~~~~~~~~~~~~
~~~~~~~~~~
■ မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ဗီဇာထုတ်ပေးတာ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားတွေအနေနဲ့ မည့်သည့်ဗီဇာအမျိုးအစားမဆို အားလုံးကိုထုတ်ပေးတာ ယာယီရပ်ဆိုင်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီနေ့ကစပြီး လာမယ့် ဧပြီလကုန်အထိ ပြည်ဝင်ခွင့်ကို ရပ်ဆိုင်းမှာဖြစ်ပေမယ့် သံတမန်တွေ၊ မြန်မာပြည်အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံနဲ့ အပြန်အလှန်ပြေးဆွဲနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေက ဝန်ထမ်းတွေကိုတော့ ဆက်လက်ခွင့်ပြုပေးမယ်လို့ ပြောပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား နှစ်နိုင်ငံသဘောတူညီမှုနဲ့ ဗီဇာကင်းလွှတ်ခွင့်ပေးထားတဲ့ နိုင်ငံတွေအားလုံးကိုလည်း ဗီဇာကင်းလွှတ်ခွင့် ယာယီရပ်ဆိုင်းထားမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေက ဝန်ထမ်းတွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကတဆင့် ပြည်ဝင်ခွင့် လျှောက်ထားရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို မလာရောက်ခင် ၇၂ နာရီအတွင်း အသိအမှတ်ပြု ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသရမှာဖြစ်ပြီး ရောက်ရှိချိန်မှာလည်း နေအိမ်မှာ ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည်မှုှု ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။
နိုင်ငံခြားသားတွေထဲက အရေးပေါ်တာဝန်နဲ့ မြန်မာနိုင်ငံကို မဖြစ်မနေ လာရောက်ရမယ့်ကိစ္စတွေရှိရင် ပြည်ဝင်ခွင့်ဗီဇာရဖို့ အနီးဆုံးမြန်မာသံရုံတွေမှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
-
~~~~~~~~~~~~~
0 Comments