~~~~~~~~~~
■ စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ့နယ္မွာ ေဒသႏၲရအမိန႔္ ထုတ္ျပန္ထားတာကို မလိုက္နာဘဲ လူစုလူေဝးနဲ႔ မဂၤလာပြဲ က်င္းပခဲ့တာေၾကာင့္ ၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၿမိဳ့နယ္ရဲစခန္းမွာ အမွုဖြင့္ထားပါတယ္။
သက္ဆိုင္ရာ ေဒသႏၲရအာဏာပိုင္က လူစုလူေဝးနဲ႔ မဂၤလာပြဲမက်င္းပဖို့ သြားေရာက္အေၾကာင္းၾကားခဲ့ေပမယ့္ လိုက္နာမွုမရွိတာေၾကာင့္ တမူးၿမိဳ့နယ္ ခြန္မြန္းႏြံရြာက အမ်ိဳးသားကို ဥပေဒေၾကာင္းအရ အေရးယူတာျဖစ္တယ္လို့ တမူးၿမိဳ့နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္နိုင္ဦးက RFA ကို ေျပာပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမွုမရွိေစဖို့ ေဒသႏၲရ အမိန႔္ထုတ္ျပန္ထားတာကို လိုက္နာမွုမရွိဘဲ တမူးၿမိဳ့နယ္ ခြန္မြန္းႏြံရြာမွာ မတ္လ ၂၈ ရက္ မေန႔က မဂၤလာပြဲက်င္းပခဲ့တာပါ။
တမူးၿမိဳ့နယ္ ဒုတိယၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္ေက်ာ္လင္းက တရားလိုလုပ္ၿပီး မဂၤလာပြဲက်င္းပတဲ့ သတိုးသားကို အမွုဖြင့္ခဲ့တာလို့ ဆိုပါတယ္။ သူဟာ အေမရိကန္နိုင္ငံသား ခံယူထားသူျဖစ္တယ္လို့လည္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္နိုင္ဦးက ေျပာပါတယ္။
စစ္ကိုင္းတိုင္းေဒသႀကီး ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းေကာ္မတီကလည္း အခုလို အမွုဖြင့္အေရးယူမွုအေပၚ ခြင့္ျပဳေၾကာင္း မတ္လ ၂၈ ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။
သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမွု ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ၊ ဒဏ္ေငြျဖစ္ေစ ျပစ္ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္နိုင္တယ္လို့ ျပဌာန္းထားပါတယ္။
- Unicode
~~~~~~~~~~~~~
လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ထားချိန်မှာ မင်္ဂလာပွဲကျင်းပသူကို အရေးယူ
~~~~~~~~~~
■ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်မှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားတာကို မလိုက်နာဘဲ လူစုလူဝေးနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တာကြောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်က လူစုလူဝေးနဲ့ မင်္ဂလာပွဲမကျင်းပဖို့ သွားရောက်အကြောင်းကြားခဲ့ပေမယ့် လိုက်နာမှုမရှိတာကြောင့် တမူးမြို့နယ် ခွန်မွန်းနွံရွာက အမျိုးသားကို ဥပဒေကြောင်းအရ အရေးယူတာဖြစ်တယ်လို့ တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက RFA ကို ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာကို လိုက်နာမှုမရှိဘဲ တမူးမြို့နယ် ခွန်မွန်းနွံရွာမှာ မတ်လ ၂၈ ရက် မနေ့က မင်္ဂလာပွဲကျင်းပခဲ့တာပါ။
တမူးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက တရားလိုလုပ်ပြီး မင်္ဂလာပွဲကျင်းပတဲ့ သတိုးသားကို အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီကလည်း အခုလို အမှုဖွင့်အရေးယူမှုအပေါ် ခွင့်ပြုကြောင်း မတ်လ ၂၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
- Unicode
~~~~~~~~~~~~~
0 Comments