~~~~~~~~~~
■ ထိုင္းနိုင္ငံ မဲေဆာက္ၿမိဳ့ကေန ကရင္ျပည္နယ္ ျမဝတီၿမိဳ့နယ္ဘက္ ကူးသန္းသြားလာဖို့ ႀကိဳးပမ္းေနတဲ့ တ႐ုတ္နိုင္ငံသား ေလးေယာက္ကို မတ္လ ၂၈ ရက္ေန႔ မေန႔က ဖမ္းဆီးလိုက္တယ္လို့ ထိုင္းလူဝင္မွုႀကီးၾကပ္ေရးဌာနက ေျပာဆိုေၾကာင္း ဘန္ေကာက္ပို့စ္သတင္းစာ အြန္လိုင္းသတင္းတစ္ပုဒ္မွာ ဒီကေန႔ ေရးသားထားပါတယ္။

ေသာင္ရင္းျမစ္ကို စက္ေလွနဲ႔ ျဖတ္ကူးေတာ့မယ့္ သူတို့ကို ကင္းလွည့္ေနတဲ့ ထိုင္းစစ္တပ္က ထိန္းသိမ္းလိုက္တာလို့ ဆိုပါတယ္။

ထိုင္းနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ့ကူးစက္မွုကို ထိန္းခ်ဳပ္နိုင္ဖို့အတြက္ အေရးေပၚ လုပ္ငန္းေတြ အမ်ားအျပား လုပ္ကိုင္ေနၿပီး ခရီးသြားလာမွု အထူးသျဖင့္ နယ္စပ္ျဖတ္ေက်ာ္ သြားလာမွုကို တင္းတင္းၾကပ္ၾကပ္ ကန႔္သတ္ထားပါတယ္။
- Unicode
~~~~~~~~~~~~~









~~~~~~~~~~
■ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ကရင်ပြည်နယ် မြဝတီမြို့နယ်ဘက် ကူးသန်းသွားလာဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံသား လေးယောက်ကို မတ်လ ၂၈ ရက်နေ့ မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းသတင်းတစ်ပုဒ်မှာ ဒီကနေ့ ရေးသားထားပါတယ်။

သောင်ရင်းမြစ်ကို စက်လှေနဲ့ ဖြတ်ကူးတော့မယ့် သူတို့ကို ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်က ထိန်းသိမ်းလိုက်တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးပေါ် လုပ်ငန်းတွေ အများအပြား လုပ်ကိုင်နေပြီး ခရီးသွားလာမှု အထူးသဖြင့် နယ်စပ်ဖြတ်ကျော် သွားလာမှုကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပါတယ်။