
လူငယ္အဆုိေတာ္ G Fatt က ယေန႔က်င္းပတဲ့ City FM ကေပးတဲ့ တစ္ႏွစ္ပတ္လံုး ပရိသတ္ေတာင္းဆိုမွု အမ်ားဆံုးဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

G Fatt ဟာ လူငယ္ၾကိဳက္ေတးသီခ်င္းေပါင္းမ်ားစြာကို ဖန္တီးေရးသားခဲ့တဲ့သူျဖစ္ပါတယ္။ လူငယ္ပရိသတ္ေတြရဲ႕ အားေပးေထာက္ခံမွုမ်ားစြာကို ရရွိထားျပီး အဆင္မေျပတဲ့ ဘဝတည္းက ဂီတေလာကထဲကို ဝင္ေရာက္ဖုိ႔ ၾကိဳးစားခဲ့သူပါ။


တစ္ကိုယ္ေတာ္ေခြေတြ ထြက္ရွိခဲ့ျပီးေနာက္ မိန္းကေလးေတြရဲ႕ အားေပးမွုက သူ႔အတြက္အၾကီးမားဆံုးျဖစ္ခဲ့ပါတယ္။ ခ်စ္သူေဟာင္းျဖစ္ခဲ့သူ နန္းစုရတီစုိးနဲ႔အတူ သီခ်င္းေတြလည္း ဖန္တီးေရးသားခဲ့ျပီး ထိုသီခ်င္းေတြကလည္း လူငယ္ပရိသတ္ေတြၾကားမွာ တဟုန္ထိုးေရပန္းစားသြားရတဲ့အထိ ေပါက္ခဲ့ပါတယ္။

ယေန႔ က်င္းပတဲ့ City FM မွာ ရရွိခဲ့တဲ့ တစ္ႏွစ္တာလံုး ပရိသတ္ေတာင္းဆိုမွုအမ်ားဆံုးရရွိခဲ့တဲ့ သီခ်င္းကလည္း နန္းစုရတီစုိးနဲ႔အတူ ၾကည္ႏူးစရာေကာင္းေလာက္ေအာင္ ဖန္တီးထားတဲ့ MTV သီခ်င္းေလးတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ ဒီဆုကိုေတာ့ စကာတင္ေတြျဖစ္ၾကတဲ့ ေရႊထူး နဲ႔ ေစာလားေထာ္ဝါးတို႔ကိုေက်ာ္ျဖတ္ျပီးေတာ့ G Fatt ကရရွိခဲ့တာပါ။



၂၀၁၉ ခုႏွစ္အတြက္ City FM ကေပးတဲ့ဆုကို ထိုက္ထိုက္တန္တန္ရရွိခဲ့တဲ့ G Fatt အတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ေပးၾကပါဦးေနာ္။


Cele Star
Unicode
အကယ်၍ လက်ထပ်ဖြစ်ခဲ့ကြရင် သီချင်းနဲ့ City FM က ပေးတဲ့ဆုကို ရရှိခဲ့တဲ့ G Fatt
လူငယ်အဆိုတော် G Fatt က ယနေ့ကျင်းပတဲ့ City FM ကပေးတဲ့ တစ်နှစ်ပတ်လုံး ပရိသတ်တောင်းဆိုမှု အများဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
G Fatt ဟာ လူငယ်ကြိုက်တေးသီချင်းပေါင်းများစွာကို ဖန်တီးရေးသားခဲ့တဲ့သူဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုများစွာကို ရရှိထားပြီး အဆင်မပြေတဲ့ ဘဝတည်းက ဂီတလောကထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့သူပါ။
တစ်ကိုယ်တော်ခွေတွေ ထွက်ရှိခဲ့ပြီးနောက် မိန်းကလေးတွေရဲ့ အားပေးမှုက သူ့အတွက်အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ ချစ်သူဟောင်းဖြစ်ခဲ့သူ နန်းစုရတီစိုးနဲ့အတူ သီချင်းတွေလည်း ဖန်တီးရေးသားခဲ့ပြီး ထိုသီချင်းတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ တဟုန်ထိုးရေပန်းစားသွားရတဲ့အထိ ပေါက်ခဲ့ပါတယ်။
ယနေ့ ကျင်းပတဲ့ City FM မှာ ရရှိခဲ့တဲ့ တစ်နှစ်တာလုံး ပရိသတ်တောင်းဆိုမှုအများဆုံးရရှိခဲ့တဲ့ သီချင်းကလည်း နန်းစုရတီစိုးနဲ့အတူ ကြည်နူးစရာကောင်းလောက်အောင် ဖန်တီးထားတဲ့ MTV သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီဆုကိုတော့ စကာတင်တွေဖြစ်ကြတဲ့ ရွှေထူး နဲ့ စောလားထော်ဝါးတို့ကိုကျော်ဖြတ်ပြီးတော့ G Fatt ကရရှိခဲ့တာပါ။
၂၀၁၉ ခုနှစ်အတွက် City FM ကပေးတဲ့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ G Fatt အတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပေးကြပါဦးနော်။
Cele Star
0 Comments