Image may contain: 3 people, indoor
Image may contain: 2 people, people standing and indoor
Image may contain: one or more people and people standing
Image may contain: one or more people, basketball court and indoor
အကုန်သိ







Unicode



ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိ/မရှိ ​လေယာဉ်​ပေါ်အထိ တက်​ရောက်စစ်​ဆေးကာ ကိုယ်အပူချိန်မြင့်တက်မှုမရှိသော ခရီးသည်များကိုသာ ​လေဆိပ်အတွင်း ဝင်​ရောက်ခွင့်ပြု


(၁.၂.၂၀၂၀)ရက်​နေ့၊ ​နေ့လယ်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံမှ ဝင်​ရောက်လာ​သော ​လေယာဉ်များ​ပေါ်တွင် ကိုယ်အပူချိန် မြင့်တက်​နေ​သော ခရီးသည်များ ပါဝင်ခြင်း ရှိ/မရှိကို ရန်ကုန်တိုင်း​ဒေသကြီး ကျန်းမာ​ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများက ​လေယာဉ်​ပေါ်အထိ တက်​ရောက် စစ်​ဆေးကာ ကိုယ်အပူချိန်မြင့်တက်သူများ လုံးဝမပါရှိ​သောလေယာဉ်မှ ခရီးသည်များကိုသာ ​လေဆိပ်အတွင်း ဝင်​ရောက်ခွင့်ပြုလျက်ရှိပါသည်။



အဆိုပါ ​လေယာဉ်​ပေါ်တွင် စစ်​ဆေးခံပြီးသား ခရီးသည်များအ​နေဖြင့်လည်း ​လေဆိပ် လူဝင်မှုကြီးကြပ်​ရေး​ကောင်တာသို့ မဝင်မီ စက်​လှေကားအဆင်းတွင် အသင့်တပ်ဆင်ထား​သော ကိုယ်အပူချိန်တိုင်း ကိရိယာကို ထပ်မံဖြတ်သန်းပြီး၊ Health Delcaration Cardများကို ပြည့်စုံစွာ ဖြည့်စွက်ပြီးမှသာ လူဝင်မှုကြီးကြပ်​ရေး​ကောင်တာက လက်ခံလျက်ရှိပါသည်။



ယခု​နောက်ဆုံးရသတင်းများအရ တရုတ်နိုင်ငံမှ ထွက်ခွာလာ​သော ​လေယာဉ်ခရီးသည်များအား ယ​နေ့ညမှစတင်၍ Visa on arrival ​ခေတ္တရပ်ဆိုင်း​လိုက်ပြီဖြစ်​ကြောင်း သိရှိရပါသည်။


အကုန်သိ