



မဇ္ဇျိမ
Unicode
ဇွဲကပင်တောင်တွင် တောမီးလောင်နေ၊ မီးငြိမ်းသတ်ဖို့အခက်အခဲရှိ
ကရင်ပြည်နယ် ဘားအံမြို့နယ် တောပုံကျေးရွာအုပ်စု တော်ပုံကျေးရွာရှိ ဇွဲကပင်တောင်အငူတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှ စတင်ကာ ကမ်းပါးရံသို့ကူးစက်လောင်ကျွမ်းမှုဖြစ်နေသည်။ မီးငြိမ်းသတ်ရန် အခက်အခဲရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တောမီးလောင်ကျွမ်းမှုအား ဘားအံမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ တော်ပုံကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာသူ/သားများ၊ ရဲတပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှု အခြေအနေနှင့် မီးငြိမ်းသတ်နိုင်ရေး အကဲခတ်စောင့်ဆိုင်းလျက်ရှိပြီး တောမီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
မဇ္ဇျိမ
0 Comments