
တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကေန စတင္လာတဲ့ ဝူဟန္ဗိုင္းရပ္စ္ဟာ အခုဆိုရင္ ကမၻာအႏွံ႔ကို ပ်ံ့ႏွံ႔ေနၿပီ ျဖစ္ပါတယ္။ မေန႔က ဇန္နဝါရီ္လ (၃၁) ရက္ေန႔မွာလည္း ဝူဟန္ဗိုင္းရပ္စ္သံသယရိွသူကို ျမန္မာႏိုင္ငံအတြင္းမွာ ေတြ႔ရိွခဲ့တာ ျဖစ္ပါတယ္။ ထိုသူဟာ အမွန္တကယ္ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံရမႈရိွမရိွ မေသခ်ာေသးေပမယ့္ ျပည္သူေတြကေတာ့ စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

လူေပါင္းမ်ားစြာရဲ႕ အားေပးခ်စ္ခင္မႈေတြ ရရိွထားတဲ့ အႏုပညာ႐ွင္ေတြကလည္း ပရိသတ္ေတြကို အခ်ိန္နဲ႔တေျပးညီ သတိေပးေနၾကတာ ျဖစ္ပါတယ္။

Star & Model International မွ ဂြၽန္လြင္ကလည္း ပရိသတ္ေတြ အသိ၊ သတိရိွဖို႔ အခုလို တိုက္တြန္းထားပါတယ္။ “အာလုံးစားစရာမ်ားသိမ္းစည္းၿပီးစည္းကမ္းရွိစြာေနထိုင္ၾကပါ။ အသိ သတိရွိၾကပါ။”

“Wu Han virus ျမန္မာျပည္ကိုေရာက္ရွိေနပါၿပီ။ ဘုရားသခင္ကာကြယ္ေပးပါ။ the whole world will save in the name of Jesus” ဆိုၿပီး ေျပာထားပါတယ္။

သတိဆိုတာ ပိုတယ္မရိွလို႔ ပရိသတ္ႀကီးလည္း ေသခ်ာဂ႐ုတစိုက္နဲ႔ ျပင္ဆင္စရာရိွတာေတြ ျပင္ဆင္ထားၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။
မိုမုိေလး
Unicode
အားလုံးစားစရာများ သိမ်းဆည်းပြီး အသိ၊သတိရှိစွာနေထိုင်ပါလို့ သတိပေးလိုက်တဲ့ ဂျွန်လွင်
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်လာတဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီ်လ (၃၁) ရက်နေ့မှာလည်း ဝူဟန်ဗိုင်းရပ်စ်သံသယရှိသူကို မြန်မာနိုင်ငံအတွင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသူဟာ အမှန်တကယ် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရမှုရှိမရှိ မသေချာသေးပေမယ့် ပြည်သူတွေကတော့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
လူပေါင်းများစွာရဲ့ အားပေးချစ်ခင်မှုတွေ ရရှိထားတဲ့ အနုပညာရှင်တွေကလည်း ပရိသတ်တွေကို အချိန်နဲ့တပြေးညီ သတိပေးနေကြတာ ဖြစ်ပါတယ်။
Star & Model International မှ ဂျွန်လွင်ကလည်း ပရိသတ်တွေ အသိ၊ သတိရှိဖို့ အခုလို တိုက်တွန်းထားပါတယ်။ “အာလုံးစားစရာများသိမ်းစည်းပြီးစည်းကမ်းရှိစွာနေထိုင်ကြပါ။ အသိ သတိရှိကြပါ။”
“Wu Han virus မြန်မာပြည်ကိုရောက်ရှိနေပါပြီ။ ဘုရားသခင်ကာကွယ်ပေးပါ။ the whole world will save in the name of Jesus” ဆိုပြီး ပြောထားပါတယ်။
သတိဆိုတာ ပိုတယ်မရှိလို့ ပရိသတ်ကြီးလည်း သေချာဂရုတစိုက်နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။
မိုမိုလေး
0 Comments