၀မ္ေပါင္ကုမၸဏီက လုပ္ကုိင္လ်က္ရွိေသာ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းတြင္ တရုတ္ျပည္မွ ယမန္ေန႔က ျပန္၀င္လာသည့္ တရုတ္ႏုိင္ငံသား ဒုမန္ေနဂ်ာကို လုပ္ငန္းခြင္ထဲသုိ႔ အ၀င္ခံၿပီး လက္ခံလုိက္သျဖင့္ ျမန္မာအလုပ္သမား ၁၀၀၀ ေက်ာ္ အလုပ္မဆင္းေတာ့ေၾကာင္း အလုပ္သမားမ်ားထံ ဆက္သြယ္ေမးျမန္းခ်က္အရ သိရွိရသည္။
Image may contain: one or more people, motorcycle and outdoor, text that says 'Samsung Triple Camera Shot with my Galaxy A50'
တရုတ္ႏုိင္ငံတြင္ ၀ူဟန္ဗုိင္းရပ္စ္ပုိး ကူးစက္ပ်ံ႕ႏွံ႕မႈေၾကာင့္ လူေပါင္း ၂၅၉ ဦးေသဆုံးၿပီး ၁၂၀၀၀ နီးပါး ေရာဂါကူးစက္ခံေနရခ်ိန္တြင္ တရုတ္ျပည္မွ ယမန္ေန႔မွ ၀င္လာသည့္ တရုတ္ႏုိင္ငံသား ဒုမန္ေနဂ်ာကို ကုမၸဏီဘက္က လက္ခံလုိက္၍ ျမန္မာအလုပ္သမားမ်ားက ပုိးကူးစက္ခံရမည္ကို စုိးရိမ္ၾက ေၾကာင္း ၊ ကုမၸဏီဘက္သို႔ ျပန္လည္၀င္ေရာက္ လာသည့္ တရုတ္ႏုိင္ငံသားကို လက္မခံရန္ ေျပာဆုိေသာ္လည္း လက္ခံခဲ့၍ အလုပ္သမား ၁၀၀၀ ေက်ာ္ က အလုပ္မဆင္းေတာ့ဘဲ ေနၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရအေနျဖင့္ စီမံကိန္းမ်ားသုိ႔ တရုတ္ဘက္မွ ျပန္၀င္လာေနသည့္ တရုတ္ႏုိင္ငံသားမ်ားႏွင့္ပတ္သက္၍ ေသခ်ာစြာ က်န္းမာေရး စစ္ေဆးျခင္း၊ ေစာင့္ၾကည့္ျခင္းမ်ား မရွိေၾကာင္း အလုပ္သမားမ်ားက ဆုိၾကသည္။
Image may contain: motorcycle and outdoor
“က်မသိတာက မေန႔က ၀မ္ေပါင္ စီႏုိ၀မ္း ဆိုက္က တရုတ္ႏုိင္ငံသား ဒုမန္ေနဂ်ာ ျပန္လာတယ္။ တရုတ္ကေန။ ဒီေလာက္ ေရာဂါေတြ အရမ္းျဖစ္ေနတဲ့အခ်ိန္မွာ တရုတ္ႏုိင္ငံသားေတြ အ၀င္မခံသင့္ေတာ့ဘူးလုိ႔ နယ္/လုံ၀န္ႀကီး က်မ ဖုန္းဆက္တယ္။ နယ္/လုံ၀န္ႀကီးက လက္မခံလုိ႔ေတာ့မရဘူး။ က်ေန္ာတုိ႔ ေစာင့္ၾကည့္လုိ႔ပဲရမယ္လုိ႔ေျပာတယ္။ အဲဒါနဲ႔ အဲဒီတရုတ္နုိင္ငံသားကုိ မုံရြာေဆးရုံႀကီး တစ္ခါတည္းေခၚသြားတယ္။ သူက ေဆးစစ္ဖို႔ မလုိက္ဘူးလုပ္တယ္။ ေဆးရုံေရာက္ေတာ့လည္း စကားျပန္မရွိေတာ့ အဆင္မေျပဘူး။ အဲဒါနဲ႔ အဲဒီ တရုတ္ႏုိင္ငံသား မႏၱေလးဘက္ ဆင္းမယ္ဆုိၿပီး ျပန္သြားၿပီးေတာ့ ညဘက္ပုိင္းမွာ သူ႕လုပ္ငန္းခြင္ စီႏုိ၀မ္းထဲ ျပန္၀င္သြားတယ္။ ေနာက္ပုိင္း ဆက္ျဖစ္တာေတြေတာ့ က်မ ေသခ်ာမသိေတာ့ဘူး။ အလုပ္သမားေတြက က်မကုိ ဖုန္းဆက္ၾကေတာ့ က်မနယ္/လုံ၀န္ႀကီးကို ထပ္ဆက္တယ္။ သူက လြန္လြန္းတယ္ဆုိၿပီးေျပာတယ္။ က်မတုိ႔ ကို အျပစ္တင္သလိုျဖစ္ေနတာ။ က်မမဲဆႏၵနယ္က သူေတြက စုိးရိမ္ၾကတာေလ။ တကယ္ေတာ့ လူထုကို စိုးရိမ္ေအာင္လုပ္တာ တရုတ္ကုမၼဏီနဲ႔ သူတို႔လူေတြေလ။ ေရာဂါျဖစ္ေနတဲ့အခ်ိန္မွာ ခဏေလး ၿငိမ္ေပးထားရင္ ဒီလိုျဖစ္စရာမရွိဘူး။ က်မမဲဆႏၵနယ္က လူေတြက စုိးရိမ္ၾကတာ။ အဲဒါနဲ႔ က်မ မေန႔က ၀န္ႀကီးခ်ဳပ္ဆီကုိ ၀န္ထမ္းေတြကို အလုပ္ခဏ နားေပးဖို႔ ညွိႏႈိင္းေပးဖို႔ စာတင္ထားခဲ့တယ္” ဟု စစ္ကုိင္းတုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေအာင္ေမရီက ေျပာသည္။
Image may contain: outdoor, text that says 'Samsung Triple Camera Shot with my Galaxy A50'
၀မ္ေပါင္ကုမၸဏီ စီႏုိ၀မ္း ဆုိက္မွ အလုပ္သမားတစ္ဦးကမူ ယမန္ေန႔က တရုတ္ျပန္၀င္လာသည့္ တရုတ္နုိင္ငံသား ဒုမန္ေနဂ်ာထံတြင္ ၀ူဟန္ဗုိင္းရပ္စ္ပုိး ပါလာမည္ကုိ အလုပ္သမားမ်ားက စုိးရိမ္ေနၾကေၾကာင္း၊ စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရအေနျဖင့္ တရုတ္ျပည္မွ ျပန္၀င္လာသည့္ တရုတ္ႏုိင္ငံသားမ်ားကို က်န္းမာေရးစစ္ေဆးျခင္း၊ သီးျခားခြဲျခား၍ ေစာင့္ၾကည့္ျခင္းမ်ား လုပ္ေဆာင္မႈ မရွိ၍ စုိးရိမ္မိသည္ဟု ဆုိသည္။
Image may contain: one or more people and outdoor
“က်ေန္ာတို႔ စုိးရိမ္တာက ဒီတရုတ္ႏုိင္ငံသားေတြကုိ အ၀င္မခံပါနဲ႔။ ဒီေလာက္ႀကီး အုတ္ေအာ္ေသာင္းနင္းျဖစ္ေနတာကို လက္မခံပါနဲ႔ေတာ့။ လက္ခံမယ္ဆုိရင္ေသခ်ာ ေဆးစစ္၊ သီးျခားခြဲထား၊ ေစာင့္ၾကည့္၊ စိတ္ခ်ရမွ လုပ္ငန္းခြင္၀င္ခုိင္း။ ဒီလုိျဖစ္ေစခ်င္တာ။ အခုက အကုန္လက္ခံေနေတာ့ ေရာဂါျဖစ္လာရင္ ဘယ္သူက တာ၀န္ယူမွာလဲ။ အကုန္ေသကုန္မွာ။ အခုက အလုပ္သမားေတြက အလုပ္မဆင္းၾကေတာ့ဘူး။ ဘယ္ေတာ့ အလုပ္ျပန္တက္မလဲဆုိတာလည္း မသိဘူး။ ေရာဂါျဖစ္မွာေတာ့ အားလုံးက စိုးရိမ္ၾကတယ္။ မေန႔ညကတည္းက အလုပ္သမားေတြ အကုန္ အလုပ္က နားၿပီး ျပန္ကုန္ၾကတာ။ ဒီမနက္လည္း မဆင္းၾကဘူး။ ၁၀၀၀ ေက်ာ္ရွိပါတယ္” ဟု အလုပ္သမားတစ္ဦးက ဆုိသည္။
Image may contain: one or more people, people sitting, tree, motorcycle and outdoor, text that says 'Samsung Triple Camera Shot with with my Galaxy A50'
ရန္ကုန္ေခတ္သစ္သတင္းဌာနက စစ္ကုိင္းတုိင္းေဒသႀကီးအစိုးရႏွင့္ ၀မ္ေပါင္ကုမၸဏီထံ အဆုိပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေမးျမန္းရန္ ဆက္သြယ္ေသာ္လည္း အဆက္အသြယ္မရရွိေပ။
Image may contain: one or more people, people standing, sky, child and outdoor
ေခတ္သစ္သတင္းဌာန



Unicode






လက်ပံတောင်းကြေးနီစီမံကိန်းတွင် တရုတ်မှ ပြန်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို ကျန်းမာရေးမစစ်ဆေးဘဲ လက်ခံ၍ မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့




ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်လျက်ရှိသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တရုတ်ပြည်မှ ယမန်နေ့က ပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို လုပ်ငန်းခွင်ထဲသို့ အဝင်ခံပြီး လက်ခံလိုက်သဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့ကြောင်း အလုပ်သမားများထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။



တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၂၅၉ ဦးသေဆုံးပြီး ၁၂၀၀၀ နီးပါး ရောဂါကူးစက်ခံနေရချိန်တွင် တရုတ်ပြည်မှ ယမန်နေ့မှ ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာကို ကုမ္ပဏီဘက်က လက်ခံလိုက်၍ မြန်မာအလုပ်သမားများက ပိုးကူးစက်ခံရမည်ကို စိုးရိမ်ကြ ကြောင်း ၊ ကုမ္ပဏီဘက်သို့ ပြန်လည်ဝင်ရောက် လာသည့် တရုတ်နိုင်ငံသားကို လက်မခံရန် ပြောဆိုသော်လည်း လက်ခံခဲ့၍ အလုပ်သမား ၁၀၀၀ ကျော် က အလုပ်မဆင်းတော့ဘဲ နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် စီမံကိန်းများသို့ တရုတ်ဘက်မှ ပြန်ဝင်လာနေသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ သေချာစွာ ကျန်းမာရေး စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းများ မရှိကြောင်း အလုပ်သမားများက ဆိုကြသည်။



“ကျမသိတာက မနေ့က ဝမ်ပေါင် စီနိုဝမ်း ဆိုက်က တရုတ်နိုင်ငံသား ဒုမန်နေဂျာ ပြန်လာတယ်။ တရုတ်ကနေ။ ဒီလောက် ရောဂါတွေ အရမ်းဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံသားတွေ အဝင်မခံသင့်တော့ဘူးလို့ နယ်/လုံဝန်ကြီး ကျမ ဖုန်းဆက်တယ်။ နယ်/လုံဝန်ကြီးက လက်မခံလို့တော့မရဘူး။ ကျနေ်ာတို့ စောင့်ကြည့်လို့ပဲရမယ်လို့ပြောတယ်။ အဲဒါနဲ့ အဲဒီတရုတ်နိုင်ငံသားကို မုံရွာဆေးရုံကြီး တစ်ခါတည်းခေါ်သွားတယ်။ သူက ဆေးစစ်ဖို့ မလိုက်ဘူးလုပ်တယ်။ ဆေးရုံရောက်တော့လည်း စကားပြန်မရှိတော့ အဆင်မပြေဘူး။ အဲဒါနဲ့ အဲဒီ တရုတ်နိုင်ငံသား မန္တလေးဘက် ဆင်းမယ်ဆိုပြီး ပြန်သွားပြီးတော့ ညဘက်ပိုင်းမှာ သူ့လုပ်ငန်းခွင် စီနိုဝမ်းထဲ ပြန်ဝင်သွားတယ်။ နောက်ပိုင်း ဆက်ဖြစ်တာတွေတော့ ကျမ သေချာမသိတော့ဘူး။ အလုပ်သမားတွေက ကျမကို ဖုန်းဆက်ကြတော့ ကျမနယ်/လုံဝန်ကြီးကို ထပ်ဆက်တယ်။ သူက လွန်လွန်းတယ်ဆိုပြီးပြောတယ်။ ကျမတို့ ကို အပြစ်တင်သလိုဖြစ်နေတာ။ ကျမမဲဆန္ဒနယ်က သူတွေက စိုးရိမ်ကြတာလေ။ တကယ်တော့ လူထုကို စိုးရိမ်အောင်လုပ်တာ တရုတ်ကုမ္မဏီနဲ့ သူတို့လူတွေလေ။ ရောဂါဖြစ်နေတဲ့အချိန်မှာ ခဏလေး ငြိမ်ပေးထားရင် ဒီလိုဖြစ်စရာမရှိဘူး။ ကျမမဲဆန္ဒနယ်က လူတွေက စိုးရိမ်ကြတာ။ အဲဒါနဲ့ ကျမ မနေ့က ဝန်ကြီးချုပ်ဆီကို ဝန်ထမ်းတွေကို အလုပ်ခဏ နားပေးဖို့ ညှိနှိုင်းပေးဖို့ စာတင်ထားခဲ့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောသည်။



ဝမ်ပေါင်ကုမ္ပဏီ စီနိုဝမ်း ဆိုက်မှ အလုပ်သမားတစ်ဦးကမူ ယမန်နေ့က တရုတ်ပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာထံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ပါလာမည်ကို အလုပ်သမားများက စိုးရိမ်နေကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် တရုတ်ပြည်မှ ပြန်ဝင်လာသည့် တရုတ်နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်း၊ သီးခြားခွဲခြား၍ စောင့်ကြည့်ခြင်းများ လုပ်ဆောင်မှု မရှိ၍ စိုးရိမ်မိသည်ဟု ဆိုသည်။



“ကျနေ်ာတို့ စိုးရိမ်တာက ဒီတရုတ်နိုင်ငံသားတွေကို အဝင်မခံပါနဲ့။ ဒီလောက်ကြီး အုတ်အော်သောင်းနင်းဖြစ်နေတာကို လက်မခံပါနဲ့တော့။ လက်ခံမယ်ဆိုရင်သေချာ ဆေးစစ်၊ သီးခြားခွဲထား၊ စောင့်ကြည့်၊ စိတ်ချရမှ လုပ်ငန်းခွင်ဝင်ခိုင်း။ ဒီလိုဖြစ်စေချင်တာ။ အခုက အကုန်လက်ခံနေတော့ ရောဂါဖြစ်လာရင် ဘယ်သူက တာဝန်ယူမှာလဲ။ အကုန်သေကုန်မှာ။ အခုက အလုပ်သမားတွေက အလုပ်မဆင်းကြတော့ဘူး။ ဘယ်တော့ အလုပ်ပြန်တက်မလဲဆိုတာလည်း မသိဘူး။ ရောဂါဖြစ်မှာတော့ အားလုံးက စိုးရိမ်ကြတယ်။ မနေ့ညကတည်းက အလုပ်သမားတွေ အကုန် အလုပ်က နားပြီး ပြန်ကုန်ကြတာ။ ဒီမနက်လည်း မဆင်းကြဘူး။ ၁၀၀၀ ကျော်ရှိပါတယ်” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

'

ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ဝမ်ပေါင်ကုမ္ပဏီထံ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။



ခေတ်သစ်သတင်းဌာန