စက်ရုံရုတ်တရက် ပိတ်သိမ်း၍ မြဝတီမြို့သို့ ပြန်လာခဲ့ရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
အဆိုပါ စက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ကာ ယခုဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းပို့ပေးနိုင်မှု မရှိခြင်း၊ ဈေးကွက်အနေအထားအရ ဒေဝါလီခံသွားခြင်း ဖြစ်ကြောင်း သိရသည်။
Image result for thai factory"
Image result for thai factory"




Unicode





ထိုင်းနိုင်ငံရှိ စက်ရုံတစ်ရုံ ရုတ်တရက် ပိတ်သိမ်း၍ မြန်မာလုပ်သား ၁၃၀ မြဝတီမြို့သို့ ပြန်လာခဲ့ရ




ထိုင်းနိုင်ငံ ကန်ချနာပူရီရှိ သတ္တုမိုလောင်းသည့် စက်ရုံတစ်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်မှုကြောင့် အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေကြသော MoU ဖြင့် သွားရောက်လုပ်ကိုင်နေသည့် လုပ်သား ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ကာ လုပ်သား ၁၃၀ သည် ဇန်နဝါ ရီ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲက မြဝတီ ပြန်လည်ကြိုဆိုရေးစခန်း (ကျောက်လုံးကြီးစခန်း) သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။


အဆိုပါ စက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ကာ ယခုဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းပို့ပေးနိုင်မှု မရှိခြင်း၊ စျေးကွက်အနေအထားအရ ဒေဝါလီခံသွားခြင်း ဖြစ်ကြောင်း သိရသည်။

စက်ရုံ ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် ကျပ် ၁၀ သိန်းဝန်းကျင် အကုန်အကျခံကာ MoU လုပ်သားအဖြစ် တရားဝင်သွားလုပ်ခဲ့သည့် မြန်မာအလုပ်သမားများ အနေဖြင့် များစွာနစ်နာကြောင်း နေရပ်ပြန်လာသူများက ပြောကြားသည်။


စက်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် မဲဆောက်အခြေစိုက် အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်သည် အေဂျင်စီကုမ္ပဏီ တာဝန်ရှိသူများနှင့် သွားရောက်ကာ အလုပ်သမားများ အလုပ်ပြောင်းရေး၊ အလုပ်သမား နစ်နာမှုတို့ကို ရရှိအောင် ဆောင်ရွက်ပြီး နေရပ်သို့ ပြန်မည့်သူများကိုလည်း နေရပ်ဒေသ အသီးသီးသို့ ချောမောစွာ ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။


အလုပ်သမားသံအရာရှိသည် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်သမားရေး ဆောင်ရွက်နေကြသည့် AAC မှကိုရဲမင်း၊ ဦးအောင်မြတ်တို့နှင့် ချိတ်ဆက်ကာ အသေးစိတ် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုရဲမင်းက စက်ရုံပိတ်လိုက်ခြင်းကြောင့် တရားဝင် MoU အလုပ်သမားများ နစ်နာမှု အလုပ်လက်မဲ့ ဖြစ်ရခြင်းအတွက် နှစ်နိုင်ငံတာ ဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။