
ရန္ကုန္ၿမိဳ႕ရွိျမန္မာပလာဇာအတြင္းသို႔ ကိုယ္အပူခ်ိန္ ၁၀၀.၄ဒီဂရီ ဖာရင္ဟိုက္ သို႔မဟုတ္ ၃၈ဒီဂရီ စင္တီဂရိတ္အထက္ရွိသူမ်ားကို ဝင္ခြင့္မျပဳေၾကာင္း လုံၿခဳံေရးယူထားသူမ်ား၏ ေျပာၾကားခ်က္အရသိရသည္။

“ကြၽန္ေတာ္တို႔က ဒီပလာဇာကိုလာတဲ့သူေတြကို ကိုယ္ပူခ်ိန္တိုင္းတယ္။တကယ္လို႔ ကိုယ္အပူခ်ိန္ ၁၀၀.၄ဒီဂရီ ဖာရင္ဟိုက္ ဒါမွမဟုတ္ရင္ ၃၈ဒီဂရီ စင္တီဂရိတ္အထက္ရွိတဲ့သူဆိုရင္ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေပးၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ လိုက္ၿပီးေဆာင္႐ြက္ေပးပါတယ္”ဟု ျမန္မာပလာဇာ လုံၿခဳံေရးအရာရွိတစ္ဦးကေျပာသည္။

လက္ရွိအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာ ေဝဘာဂီေဆး႐ုံႀကီးတြင္ ကိုယ္အပူအခ်ိန္ရွိသည့္ လူနာတစ္ဦးကို က်န္းမာေရးအရ ပုံမွန္စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိသည္ကိုလည္းသိရသည္။


တ႐ုတ္ႏိုင္ငံ ဝူဟန္ျပည္နယ္က စတင္ျဖစ္ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ပိုးသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားထံ ပ်ံ႕ႏွံေနသည္ဟု သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္လည္း ေလဆိပ္၊ လူစည္ကားရာအရပ္တို႔မွာ ကိုယ္အပူအခ်ိန္တိုင္းတာစစ္ေဆးျခင္းမ်ားျပဳလုပ္လ်က္ရွိေနသည္။


သည္စပီကာ
Unicode
မြန်မာပလာဇာအတွင်းသို့ ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၃၈ ဒီဂရီ စင်တီဂရိတ်အထက်ရှိသူများကို ဝင်ခွင့်မပြု
ရန်ကုန်မြို့ရှိမြန်မာပလာဇာအတွင်းသို့ ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၃၈ဒီဂရီ စင်တီဂရိတ်အထက်ရှိသူများကို ဝင်ခွင့်မပြုကြောင်း လုံခြုံရေးယူထားသူများ၏ ပြောကြားချက်အရသိရသည်။
“ကျွန်တော်တို့က ဒီပလာဇာကိုလာတဲ့သူတွေကို ကိုယ်ပူချိန်တိုင်းတယ်။တကယ်လို့ ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ်ရင် ၃၈ဒီဂရီ စင်တီဂရိတ်အထက်ရှိတဲ့သူဆိုရင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုက်ပြီးဆောင်ရွက်ပေးပါတယ်”ဟု မြန်မာပလာဇာ လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးတွင် ကိုယ်အပူအချိန်ရှိသည့် လူနာတစ်ဦးကို ကျန်းမာရေးအရ ပုံမှန်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ကိုလည်းသိရသည်။
တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အိမ်နီးချင်းနိုင်ငံများထံ ပျံ့နှံနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်လည်း လေဆိပ်၊ လူစည်ကားရာအရပ်တို့မှာ ကိုယ်အပူအချိန်တိုင်းတာစစ်ဆေးခြင်းများပြုလုပ်လျက်ရှိနေသည်။
သည်စပီကာ
0 Comments