Image may contain: 6 people, people smiling, indoor
Image may contain: 21 people, people standing, wedding, crowd and outdoor
Image may contain: 1 person, text
Image may contain: 3 people, people smiling, people standing and indoor
Image may contain: 2 people, people sitting and indoor
မိုမိုလေး


Unicode




ညောင်ဆယ်ပင်အဓိဌာန်ဝင်ရင်း ထီသိန်း(၁၀၀) ဆွတ်ခူးသွားသူကြောင့် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ စမိုင်းလ်




နိုင်ငံကျော် သရုပ်ဆောင် စမိုင်းလ်က သွားတက်လေးနဲ့ အရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေများစွာရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ စမိုင်းလ်က အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တောက်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။


စမိုင်းလ်က ဒီနေ့မှာတော့ သူမနဲ့မတူတူ ညောင်ဆယ်ပင်အဓိဌာန်ဝင်တဲ့ ပရိသတ်တစ်ဦး ထီ သိန်း (၁၀၀) ကံထူးသွားတာကြောင့် ဝမ်းသာနေရကြောင်း အခုလိုပဲ ပြောပြထားပါတယ်။



“ညီမလေးရေအခုလိုမြင်ရတာနဲ့တင် အမပိုက်ဆံတွေ အချိန်တွေ အားတွေကုန်ရကျိုးနပ်ပါပြီ။ မျက်ရည်ကျမိတဲ့အထိဝမ်းသာပါတယ်ညီမရယ်.. ကိုယ့်ကြောင့် သူတစ်ပါးစိတ်ချမ်းသာရရင်ကိုပဲ အမဦးဆောင်ရကျိုးနပ်ပါတယ်” ဆိုပြီး ပြောထားပါတယ်။


စမိုင်းလ်က ပြီးခဲ့တဲ့အပတ်တွေက ကားကြီးတွေနဲ့ သူမကိုယ်တိုင် ဦးဆောင်ပြီး လူပေါင်းထောင်နဲ့ချီ ညောင်ဆယ်ပင်အဓိဌာန် ဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။



ဘုရား၊ တရားရဲ့ အကျိုးကတော့ တကယ့်ကို အံ့မခန်းပဲနော်။ စမိုင်းလ်လည်း ဒီထက်မက သာသနာအကျိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



မိုမိုလေး