
အိမ္ေထာင္ဦးစီးအမ်ိဳးသားက မိမိ၏ တရားဝင္ဇနီးအေပၚ ဝင္ေငြရအလုပ္ သို႔မဟုတ္ စီးပြားေရးလုပ္ငန္းတစ္ခုခု လုပ္ကိုင္ခြင့္မေပးလ်င္ တရားစြဲဆိုႏိုင္သည့္ ဥပေဒၾကမ္းတစ္ရပ္ကို ျပည္ေထာင္ စုလႊတ္ေတာ္တြင္ မၾကာေသးခင္က အတည္ျပဳလိုက္သည္။ဇန္နဝါရီ ၂၅ ရက္ေန႔က အမ်ားျပည္သူေလ့လာႏိုင္ေအာင္ထုတ္ျပန္လိုက္သည့္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးဥပေဒၾကမ္းေအာက္တြင္ စီးပြားေရးဆိုင္ရာအၾကမ္းဖက္မႈဆိုသည္လည္း ပါဝင္သည္။စီးပြားေရးဆိုင္ရာ အၾကမ္းဖက္မႈမ်ားမွာ (က) ပုံမွန္ဝင္ေငြရွိလ်က္ မိသားစုစားဝတ္ေနေရးအတြက္ စရိတ္ေထာက္ပံ့မႈမျပဳျခင္း။ (ခ) တရားဝင္ ဝင္ေငြရအလုပ္ သို႔မဟုတ္ စီးပြားေရးလုပ္ငန္းေဆာင္႐ြက္မႈတစ္ခုခုကို ခြင့္မျပဳျခင္း သို႔မဟုတ္ ပိတ္ပင္တားျမစ္ျခင္း။ (ဂ) အိမ္ေထာင္ပစၥည္းမ်ားကို မၾကာခဏဖ်က္ဆီးဆုံးရႈံးျခင္း ႏွင့္ (ဃ) အမ်ိဳးသမီး၏ ကိုယ္ပိုင္ေငြေၾကးႏွင့္ ပစၥည္းမ်ားကို ထိန္းခ်ဳပ္ျခင္းတို႔ျဖစ္သည္။
စီးပြားေရဆိုင္ရာ အၾကမ္းဖက္မႈကို အိမ္ေထာင္ဦးစီးအမ်ိဳးသားကျဖစ္ေစ၊ ေသြးရင္းမိသားစုဝင္တစ္ဦးဦးက ျဖစ္ေစ တရားဝင္ဇနီးအေပၚ သို႔မဟုတ္ ေသြးရင္းမိသားစုဝင္တစ္ဦးဦးအေပၚက်ဴးလြန္ခဲ့ပါက ယခု ဥပေဒအရ တရားစြဲအေရးယူႏိုင္သည္။ျပစ္ဒဏ္မ်ားအေနျဖင့္ ပထမအႀကိမ္က်ဴးလြန္ပါက ေထာင္ဒဏ္ သုံးလမွ တစ္ႏွစ္ထိစီရင္ႏိုင္ျခင္းႏွင့္ ထပ္မံက်ဴးလြန္ပါက ေျခာက္လမွ ႏွစ္ႏွစ္ထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ျခင္းတို႔ ပါဝင္သည္။
ဥပေဒက စီရင္ပိုင္ခြင့္ရွိသူမ်ားတြင္ ျမန္မာႏိုင္ငံသားသာမက ျမန္မာႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ၿပီး ႏိုင္ငံျခားသား မွတ္ပုံတင္လက္မွတ္ ကိုင္ေဆာင္ထားသူကျဖစ္ေစ၊ ျမန္မာႏိုင္ငံတြင္ အၿမဲတမ္း ေနထိုင္ခြင့္ရရွိသည့္ ႏိုင္ငံျခား သားက ျဖစ္ေစ ျပည္ပတြင္က်ဴးလြန္ျခင္းလည္ ပါဝင္သည္။ယခု အေၾကာင္းအရာႏွင့္ ျပစ္မႈျပစ္ဒဏ္မ်ား ထဲ့သြင္းေရးဆြဲရျခင္းက ျပည္သူအမ်ား၏ လိုအပ္ခ်က္ေၾကာင့္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဝင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေနာ္လွလွစိုး ကမဇၩိမ ကိုေျပာသည္။
“ ကြၽန္မတို႔ကအခုေအာက္ေျခမွာ ျပည္သူေတြနဲ႔ အနီးကပ္ေနထိုင္ၿပီးေတာ့ လုပ္ေနတဲ့ကိုယ္စားလွယ္ ေတြဆိုေတာ့ အဲ့ဒီဆိုလိုရင္းကိုအရမ္းနားလည္တယ္။ အလုပ္ကလုပ္တယ္။ ဒါေပမယ့္ေယာက္်ားက ေပးမလုပ္ေတာ့ အလုပ္ ထြက္လိုက္ရတယ္။ ေယာက္်ားကေပးတဲ့ပိုက္ဆံေတြလည္းမသုံးရဘူး။ အဲ့ဒီလို စီးပြားေရးဆိုင္ရာအၾကမ္းဖက္မႈကေန စိတ္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈျဖစ္လာတာေတြရွိတာေၾကာင့္လို႔” ဟု ဥပေဒၾကမ္းေရးဆြဲရာတြင္ ပါဝင္ခဲ့သူ ေနာ္လွလွစိုးက ေျပာသည္။
အမ်ိဳးသမီးေရးရာလႈပ္ရွားသည့္အဖြဲ႕တစ္ခုျဖစ္ေသာ Triangle Women Support Group ကို တည္ေထာင္သူ မခင္ေလးက ယခု ဥပေဒၾကမ္းကို ႀကိဳဆိုလိုက္ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး လုပ္ခလစာတန္းတူညီမွ်မႈႏွင့္ အက်ိဳး ျမတ္ခံစားခြင့္မ်ားပါ ထည့္သြင္းေရးဆြဲမည္ဆိုလွ်င္ ပိုၿပီးျပည့္စုံလိမ့္မည္ဟု ေျပာသည္။
ထို႔အျပင္ “ဒီဥပေဒရဲ႕အက်ိဳးသက္ေရာက္မႈက ကာယကံရွင္အမ်ိဳးသမီးေတြနဲ႔လည္းသက္ဆိုင္သလို ဒီဥပေဒက ဘယ္ေလာက္ေတာင္ အသက္ဝင္ေအာင္လုပ္ေပးမလဲ။ … ဒီထဲကပါတဲ့အခ်က္ ေတြကို အျပည့္အဝ အေကာင္အ ထည္ေဖာ္ရမယ့္ဌာနေတြေပါ့။ ရဲေတြ ၊ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြ၊ တာဝန္ရွိတဲ့ တရား႐ုံးေတြ၊ ေရွ႕ေနေတြ ဒီဟာကနစ္နာမႈရွိပါတယ္၊ အၾကမ္းဖက္မႈျဖစ္ပါတယ္၊ သြားတိုင္ရင္ေတာ့ ဒါကိုအေရး တယူနဲ႔ေဆာင္႐ြက္ေပးႏိုင္ မလား။ ဒါကလည္းကြၽန္မတို႔အတြက္ စိုးရိမ္စရာတစ္ခုျဖစ္တယ္လို႔” မခင္ေလးက ထပ္ေလာင္းေျပာသည္။ ယခု ဥပေဒၾကမ္းကို ၂၀၁၃ ခုႏွစ္ကတည္းက အမ်ိဳးသမီးအရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ အစိုးရအဖြဲ႕အစည္းေတြစတင္ေရးဆြဲခဲ့တာျဖစ္ၿပီး ခုႏွႏွစ္အၾကာ လက္ရွိအခ်ိန္မွာ ဥပေဒၾကမ္းကိုထုတ္ျပန္ႏိုင္ခဲ့ျခင္းျဖစ္သည္။
မဇၨ်ိမ
Unicode
ဇနီးမယားကို ဝင်ငွေရအလုပ် လုပ်ခွင့်မပြုလျှင် အရေးယူမည့် ဥပဒေကြမ်းထွက်ပေါ်
အိမ်ထောင်ဦးစီးအမျိုးသားက မိမိ၏ တရားဝင်ဇနီးအပေါ် ဝင်ငွေရအလုပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ကိုင်ခွင့်မပေးလျင် တရားစွဲဆိုနိုင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင် စုလွှတ်တော်တွင် မကြာသေးခင်က အတည်ပြုလိုက်သည်။ဇန်နဝါရီ ၂၅ ရက်နေ့က အများပြည်သူလေ့လာနိုင်အောင်ထုတ်ပြန်လိုက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကြမ်းအောက်တွင် စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုဆိုသည်လည်း ပါဝင်သည်။စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများမှာ (က) ပုံမှန်ဝင်ငွေရှိလျက် မိသားစုစားဝတ်နေရေးအတွက် စရိတ်ထောက်ပံ့မှုမပြုခြင်း။ (ခ) တရားဝင် ဝင်ငွေရအလုပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတစ်ခုခုကို ခွင့်မပြုခြင်း သို့မဟုတ် ပိတ်ပင်တားမြစ်ခြင်း။ (ဂ) အိမ်ထောင်ပစ္စည်းများကို မကြာခဏဖျက်ဆီးဆုံးရှုံးခြင်း နှင့် (ဃ) အမျိုးသမီး၏ ကိုယ်ပိုင်ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းတို့ဖြစ်သည်။
စီးပွားရေဆိုင်ရာ အကြမ်းဖက်မှုကို အိမ်ထောင်ဦးစီးအမျိုးသားကဖြစ်စေ၊ သွေးရင်းမိသားစုဝင်တစ်ဦးဦးက ဖြစ်စေ တရားဝင်ဇနီးအပေါ် သို့မဟုတ် သွေးရင်းမိသားစုဝင်တစ်ဦးဦးအပေါ်ကျူးလွန်ခဲ့ပါက ယခု ဥပဒေအရ တရားစွဲအရေးယူနိုင်သည်။ပြစ်ဒဏ်များအနေဖြင့် ပထမအကြိမ်ကျူးလွန်ပါက ထောင်ဒဏ် သုံးလမှ တစ်နှစ်ထိစီရင်နိုင်ခြင်းနှင့် ထပ်မံကျူးလွန်ပါက ခြောက်လမှ နှစ်နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ခြင်းတို့ ပါဝင်သည်။
ဥပဒေက စီရင်ပိုင်ခွင့်ရှိသူများတွင် မြန်မာနိုင်ငံသားသာမက မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူကဖြစ်စေ၊ မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရရှိသည့် နိုင်ငံခြား သားက ဖြစ်စေ ပြည်ပတွင်ကျူးလွန်ခြင်းလည် ပါဝင်သည်။ယခု အကြောင်းအရာနှင့် ပြစ်မှုပြစ်ဒဏ်များ ထဲ့သွင်းရေးဆွဲရခြင်းက ပြည်သူအများ၏ လိုအပ်ချက်ကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး ကမဇ္ဈိမ ကိုပြောသည်။
“ ကျွန်မတို့ကအခုအောက်ခြေမှာ ပြည်သူတွေနဲ့ အနီးကပ်နေထိုင်ပြီးတော့ လုပ်နေတဲ့ကိုယ်စားလှယ် တွေဆိုတော့ အဲ့ဒီဆိုလိုရင်းကိုအရမ်းနားလည်တယ်။ အလုပ်ကလုပ်တယ်။ ဒါပေမယ့်ယောက်ျားက ပေးမလုပ်တော့ အလုပ် ထွက်လိုက်ရတယ်။ ယောက်ျားကပေးတဲ့ပိုက်ဆံတွေလည်းမသုံးရဘူး။ အဲ့ဒီလို စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုကနေ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်လာတာတွေရှိတာကြောင့်လို့” ဟု ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သူ နော်လှလှစိုးက ပြောသည်။
အမျိုးသမီးရေးရာလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Triangle Women Support Group ကို တည်ထောင်သူ မခင်လေးက ယခု ဥပဒေကြမ်းကို ကြိုဆိုလိုက်ပြီး အမျိုးသား၊ အမျိုးသမီး လုပ်ခလစာတန်းတူညီမျှမှုနှင့် အကျိုး မြတ်ခံစားခွင့်များပါ ထည့်သွင်းရေးဆွဲမည်ဆိုလျှင် ပိုပြီးပြည့်စုံလိမ့်မည်ဟု ပြောသည်။
ထို့အပြင် “ဒီဥပဒေရဲ့အကျိုးသက်ရောက်မှုက ကာယကံရှင်အမျိုးသမီးတွေနဲ့လည်းသက်ဆိုင်သလို ဒီဥပဒေက ဘယ်လောက်တောင် အသက်ဝင်အောင်လုပ်ပေးမလဲ။ … ဒီထဲကပါတဲ့အချက် တွေကို အပြည့်အဝ အကောင်အ ထည်ဖော်ရမယ့်ဌာနတွေပေါ့။ ရဲတွေ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ တာဝန်ရှိတဲ့ တရားရုံးတွေ၊ ရှေ့နေတွေ ဒီဟာကနစ်နာမှုရှိပါတယ်၊ အကြမ်းဖက်မှုဖြစ်ပါတယ်၊ သွားတိုင်ရင်တော့ ဒါကိုအရေး တယူနဲ့ဆောင်ရွက်ပေးနိုင် မလား။ ဒါကလည်းကျွန်မတို့အတွက် စိုးရိမ်စရာတစ်ခုဖြစ်တယ်လို့” မခင်လေးက ထပ်လောင်းပြောသည်။ ယခု ဥပဒေကြမ်းကို ၂၀၁၃ ခုနှစ်ကတည်းက အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းတွေစတင်ရေးဆွဲခဲ့တာဖြစ်ပြီး ခုနှနှစ်အကြာ လက်ရှိအချိန်မှာ ဥပဒေကြမ်းကိုထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
မဇ္ဇျိမ
0 Comments