Image may contain: 1 person, closeup
Image may contain: 1 person
Image may contain: 1 person, smiling, outdoor
Image may contain: one or more people and outdoor
Image may contain: 2 people, outdoor
Image may contain: 2 people
Image may contain: one or more people
Image may contain: 2 people
Image may contain: 1 person, outdoor
Image may contain: 1 person, standing and outdoor
မိုမိုလေး



Unicode







လှိုင်သာယာမီးလောင်မှုမှာ မီးသတ်သမားများနဲ့တသားတည်း ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့တဲ့ ထွန်းကိုကို



Asia New Star Model 2013 ရဲ့ Winner ဆုရှင် ထွန်းကိုကိုဟာ မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခြင်း ခံရသူတစ်ယောက်ပါပဲ။ ထွန်းကိုကိကိုက နိုင်ငံ့ဂုဏ်ဆောင် Mister တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထွန်းကိုကိုရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။


အနုပညာမှာ ထူးချွန်သလို ပရဟိတစိတ် အပြည့်အဝရှိတဲ့ ထွန်းကိုကိုဟာ သူအားလပ်ချိန်တိုင်းမှာ အများပြည်သူအကျိုးကို သယ်ပိုးဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပါတယ်။



ထွန်းကိုကိုက မနေ့က ဖေဖော်ဝါရီလ (၁) ရက်နေ့မှာလည်း ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ စက်မှုဇုန်(၃) မှာဖြစ်ပွားတဲ့ မီးလောင်မှုဖြစ်စဉ်မှာ ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။



ထွန်းကိုကိုက နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်သမားများနဲ့အတူတူ ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့တာကို တွေ့ရပါတယ်။



ထွန်းကိုကိုလို ပရဟိတစိတ်အပြည့်ရှိသူကို အနုပညာရှင်အဖြစ် အားပေးရတာ အရမ်းဂုဏ်ယူစရာ ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ထွန်းကိုကိုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်။



မိုမိုလေး