
ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေဆး႐ုံသို႔ ယေန႔ ေဖေဖာ္ဝါရီလ ၂ ရက္က ကို႐ိုနာဗိုင္းရပ္စ္ သံသယ ရွိသူ ကိုရီးယားႏိုင္ငံသားတစ္ဦး ေရာက္ရွိလာၿပီး ၾကပ္မတ္စစ္ေဆး ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

“ႏွာေစး၊ ေခ်ာင္းဆိုး၊ အဖ်ားနဲ႔ ေရာက္လာတာပါ။ တ႐ုတ္ကိုေတာ့ မေရာက္ဖူးဘူး။ တ႐ုတ္ဧည့္သည္ေတြနဲ႔ ထိေတြ႕ဖူးတာေတာ့ ရွိတယ္။ ေလာေလာဆယ္ေတာ့ စိတ္ခ်ရေအာင္ စဝ္စံထြန္းေဆး႐ုံ၊ သီးသန႔္လူနာေဆာင္မွာ ထားၿပီး ေစာင့္ၾကည့္ေနပါတယ္” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ကေမာၻဇတိုင္းသို႔ ေျပာသည္။

အဆိုပါ ကိုရီးယားႏိုင္ငံသားအား ေညာင္ေ႐ႊေဆး႐ုံမွ လႊဲေျပာင္းေပးလာျခင္းျဖစ္ၿပီး ၎သည္ ျမဝတီ၊ ရန္ကုန္၊ ပုဂံ၊ မႏၲေလးမွတဆင့္ ေညာင္ေ႐ႊၿမိဳ႕သို႔ လာေရာက္လည္ပတ္ျခင္းျဖစ္ေၾကာင္း သိရသည္။ယေန႔ ေဖေဖာ္ဝါရီလ ၂ ရက္၊ နံနက္ပိုင္းအထိ ကမာၻႏိုင္ငံ ၂၇ ႏိုင္ငံတြင္ ဝူဟန္ (ေခၚ) ကို႐ိုနာဗိုင္းရပ္စ္ (2019-nCoV) ကူးစက္ခံရသူ ၁၄၅၅၆ ဦးႏွင့္ ေသဆုံးသူ တ႐ုတ္ႏိုင္ငံတြင္ ၃၀၄ ဦး၊ ဖိလစ္ပိုင္ႏိုင္ငံတြင္ ၁ ဦး၊ စုစုေပါင္း ၃၀၅ ဦး ရွိကာ ျပန္လည္သက္သာလာသူ ၃၄၀ ဦး ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
“သံသယရွိလို႔သာ ေဆး႐ုံမွာ ေစာင့္ၾကည့္ေနတာပါ။ လူထုအေနနဲ႔ သိပ္မစိုးရိမ္ၾကဖို႔ ေျပာလိုပါတယ္” ဟုလည္း ေဒါက္တာမ်ိဳးထြန္းက ဆက္လက္ေျပာဆိုခဲ့သည္။ အဆိုပါ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ကူးစက္ပ်ံ႕ပြားမႈႏွင့္ ပတ္သက္၍ အသိပညာေပးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္အတြင္း၌ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈ မရွိေစေရးအတြက္ ေစာင့္ၾကပ္ စစ္ေဆးကုသေရး ႀကီးၾကပ္မႈ ေကာ္မတီကို ဇန္နဝါရီလ ၃၁ ရက္က ဖြဲ႕စည္းထားရွိေၾကာင္း သိရသည္။
ကေမာၻဇတိုင္းမ္
Unicode
စဝ်စံထွန်းဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ် သံသယ ရှိသူ ကိုရီးယားနိုင်ငံသားတစ်ဦး ရောက်ရှိလာပြီး ကြပ်မတ်စစ်ဆေး စောင့်ကြည့်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
“နှာစေး၊ ချောင်းဆိုး၊ အဖျားနဲ့ ရောက်လာတာပါ။ တရုတ်ကိုတော့ မရောက်ဖူးဘူး။ တရုတ်ဧည့်သည်တွေနဲ့ ထိတွေ့ဖူးတာတော့ ရှိတယ်။ လောလောဆယ်တော့ စိတ်ချရအောင် စဝ်စံထွန်းဆေးရုံ၊ သီးသန့်လူနာဆောင်မှာ ထားပြီး စောင့်ကြည့်နေပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ကိုရီးယားနိုင်ငံသားအား ညောင်ရွှေဆေးရုံမှ လွှဲပြောင်းပေးလာခြင်းဖြစ်ပြီး ၎င်းသည် မြဝတီ၊ ရန်ကုန်၊ ပုဂံ၊ မန္တလေးမှတဆင့် ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၇ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၁၄၅၅၆ ဦးနှင့် သေဆုံးသူ တရုတ်နိုင်ငံတွင် ၃၀၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဦး၊ စုစုပေါင်း ၃၀၅ ဦး ရှိကာ ပြန်လည်သက်သာလာသူ ၃၄၀ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
“သံသယရှိလို့သာ ဆေးရုံမှာ စောင့်ကြည့်နေတာပါ။ လူထုအနေနဲ့ သိပ်မစိုးရိမ်ကြဖို့ ပြောလိုပါတယ်” ဟုလည်း ဒေါက်တာမျိုးထွန်းက ဆက်လက်ပြောဆိုခဲ့သည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့ပွားမှုနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းထားရှိကြောင်း သိရသည်။
ကမ္ဘောဇတိုင်းမ်
0 Comments