
တ႐ုတ္ကေန ရန္ကုန္ေလဆိပ္ကို ဒီေန႔ ေလယာဥ္နဲ႔ ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသား တေယာက္ကို သီးသန႔္ထားၿပီး အျပင္မထြက္ခိုင္းေသးဘဲ ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက အခုေန႔လယ္မွာ ထုတ္ျပန္ပါတယ္။ အဲဒီခရီးသည္ဟာ ကိုယ္အပူခ်ိန္နည္းနည္း ျမင့္ေနေပမယ့္ ေသခ်ာစစ္ေဆးရာမွာေတာ့ သံသယျဖစ္စရာ မေတြ႕ရဘူးလို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ကြမ္က်ိဳးေလဆိပ္ကေန ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဒီေန႔မနက္ ၁၀ နာရီ ၄၅ မိနစ္က ဆိုက္ေရာက္လာတဲ့ China Southern ေလေၾကာင္း ခရီးစဥ္အမွတ္ CZ 3055 နဲ႔ လိုက္ပါလာတဲ့ ျမန္မာႏိုင္ငံမွာ အလုပ္လုပ္ေနသူ အသက္ ၄၂ ႏွစ္အ႐ြယ္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသားခရီးသည္တေယာက္ကို ေလဆိပ္ဝင္လာခ်ိန္မွာ ကိုယ္ခႏၶာအပူခ်ိန္တိုင္းတာစက္ (Thermal Scanner) နဲ႔ တိုင္းတာခ်က္အရ ကိုယ္အပူခ်ိန္ နည္းနည္းျမင့္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။
ခရီးသည္ကို ၁၅ မိနစ္မွာ တႀကိမ္ႏႈန္းနဲ႔ ၃ ႀကိမ္တိုင္တိုင္ အပူခ်ိန္ ျပန္တိုင္းၾကည့္ရာမွာေတာ့ အပူခ်ိန္ဟာ ပုံမွန္ျဖစ္တာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ အေသးစိတ္ထပ္ၿပီး စစ္ေဆးၾကည့္ရာမွာလည္း ေခ်ာင္းဆိုးတာ၊ ႏွာေစးတာ စတဲ့ လတ္တေလာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြ အပါအဝင္ တျခား သံသယျဖစ္စရာ လကၡဏာ တစုံတရာ မေတြ႕ရဘူးလို႔ ထုတ္ျပန္ပါတယ္။
ဒါေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားတဲ့ ေရာဂါအဓိပၸာယ္သတ္မွတ္ခ်က္နဲ႔ မကိုက္ညီတာကို ေတြ႕ရေပမယ့္ ပိုၿပီးေသခ်ာေအာင္ ကူးစက္ေရာဂါ ပါေမာကၡေတြ၊ ကူးစက္ ေရာဂါေဗဒပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး အဲဒီခရီးသည္ ေနထိုင္ရာေနရာမွာ သီးသန႔္ထားၿပီး အျပင္ကို မထြက္ခြာေစဘဲ အေျခအေနကို စနစ္တက် ဆက္လက္ေစာင့္ၾကပ္ ၾကည့္ရႈသြားမယ္လို႔ ဆိုပါတယ္။
ဒီဗြီဘီ
Unicode
ရန်ကုန်လေဆိပ်တွင် တရုတ်နိုင်ငံသားတဦးကို အပြင်မထွက်ခိုင်းဘဲ စောင့်ကြည့်နေ
တရုတ်ကနေ ရန်ကုန်လေဆိပ်ကို ဒီနေ့ လေယာဉ်နဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသား တယောက်ကို သီးသန့်ထားပြီး အပြင်မထွက်ခိုင်းသေးဘဲ ဆက်လက်စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အခုနေ့လယ်မှာ ထုတ်ပြန်ပါတယ်။ အဲဒီခရီးသည်ဟာ ကိုယ်အပူချိန်နည်းနည်း မြင့်နေပေမယ့် သေချာစစ်ဆေးရာမှာတော့ သံသယဖြစ်စရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်က ဆိုက်ရောက်လာတဲ့ China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 နဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေသူ အသက် ၄၂ နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသားခရီးသည်တယောက်ကို လေဆိပ်ဝင်လာချိန်မှာ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) နဲ့ တိုင်းတာချက်အရ ကိုယ်အပူချိန် နည်းနည်းမြင့်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ခရီးသည်ကို ၁၅ မိနစ်မှာ တကြိမ်နှုန်းနဲ့ ၃ ကြိမ်တိုင်တိုင် အပူချိန် ပြန်တိုင်းကြည့်ရာမှာတော့ အပူချိန်ဟာ ပုံမှန်ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အသေးစိတ်ထပ်ပြီး စစ်ဆေးကြည့်ရာမှာလည်း ချောင်းဆိုးတာ၊ နှာစေးတာ စတဲ့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ အပါအဝင် တခြား သံသယဖြစ်စရာ လက္ခဏာ တစုံတရာ မတွေ့ရဘူးလို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ရောဂါအဓိပ္ပာယ်သတ်မှတ်ချက်နဲ့ မကိုက်ညီတာကို တွေ့ရပေမယ့် ပိုပြီးသေချာအောင် ကူးစက်ရောဂါ ပါမောက္ခတွေ၊ ကူးစက် ရောဂါဗေဒပညာရှင်တွေနဲ့ တိုင်ပင်ပြီး အဲဒီခရီးသည် နေထိုင်ရာနေရာမှာ သီးသန့်ထားပြီး အပြင်ကို မထွက်ခွာစေဘဲ အခြေအနေကို စနစ်တကျ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ
0 Comments