ဒုတိယ ရာသီဝက္ကို စတင္ ျဖတ္သန္းလာခ်ိန္မွာေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆုံး ကစားသမားဆု နဲ႔ ပတ္သက္ၿပီး စကားသံေတြ စတင္ ထြက္ေပၚလာခဲ့ပါၿပီ။ ပရိသတ္ အမ်ားစုကေတာ့ မန္စီးတီး ရဲ့ ကြင္းလယ္ ကစားသမား ဒီဘရိုင္း ၊ လီဗာပူး အသင္းေခါင္းေဆာင္ ဟန္ဒါဆင္ တို႔ဟာ အႀကိတ္အနယ္ ျဖစ္လာနိုင္တယ္လို႔ ခန႔္မွန္းထားခဲ့ၾကပါတယ္။ သို႔ေသာ္ ဟန္ဒါဆင္ ရဲ့ ဘက္မွာရွိတဲ့ သူက တစ္ေန႔ထက္ တစ္ေန႔ ပိုၿပီး မ်ားလို႔ လာပါတယ္။



ဟန္ဒါဆင္ ကို ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆုံး ကစားသမား ေပးသင့္တယ္ လို႔ စတင္ အေရးဆိုလိုက္သူကေတာ့ ေဒးလီးလ္ေမးလ္ ရဲ့ အယ္ဒီတာခ်ဳပ္ အိုလီဗာ ေဟာ့ ပါ။ ဟန္ဒါဆင္ ဟာ လီဗာပူး ရဲ့ ႏွလုံးခုန္သံ လို႔ တင္စားခဲ့သူ ျဖစ္ၿပီး ၊ ကစားကြက္ အတက္အက် ပိုင္းကို လိုသလို ထိန္းခ်ဳပ္ေပးနိုင္တဲ့သူ ျဖစ္တဲ့ အျပင္ ၊ ကြင္းအတြင္း ေခါင္းေဆာင္မႈ ပိုင္းဆိုင္ရာမွာလဲ စံထားေလာက္သူ ျဖစ္တာေၾကာင့္ ၊ ဒီရာသီ အတြက္ ဟန္ဒါဆင္ ကို ေပးသင့္တယ္ လို႔ ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာ ျဖစ္ပါတယ္။





တစ္ၿပိဳင္နက္ မွာပဲ ေဟာ့ ကို ေဝဖန္တဲ့သူေတြ မ်ားစြာ ထြက္ေပၚလာခဲ့သလို ၊ မန္ခ်က္စတာ အေျခစိုက္ သတင္းသမား တစ္ခ်ိဳ႕ က ကန႔္ကြက္တဲ့ အခ်က္အလက္ေတြ ထုတ္ျပခဲ့သည့္တိုင္ေအာင္ ၊ ဟန္ဒါဆင္ ရဲ့ ေရပန္း စားမႈ က ေလၽွာ့က်သြားခဲ့ျခင္း မရွိပါဘူး။ ဒီရာသီ သူ႔ရဲ့ ေျခစြမ္းဟာ အရမ္းကို တည္ၿငိမ္လြန္းတဲ့ အခ်က္က ျငင္းလို႔ မရသလို ၊ ေဘာလုံး ေပးပို႔မႈေတြ ၊ ျဖတ္တင္ေဘာေတြ ကလဲ ေတာ္ေတာ္ေလးကို တိက်လာခဲ့တာပါ။ ကြင္းထဲမွာ မာန္ပါပါ နဲ႔ ကစားတတ္တဲ့ အမူအရာ ေၾကာင့္လဲ ၊ အသင္းသားေတြ ရဲ့ တိုက္ခိုက္ရည္ေတြကို ပိုမို သက္ဝင္ေစခဲ့သူ ျဖစ္ပါတယ္။

မေန႔ညက သူဟာ ဖာဘင္ဟို ျပန္လည္ ပါဝင္လာျခင္း နဲ႔ အတူ အသင္းရဲ့ တိုက္စစ္ကိုလဲ စိတ္ႀကိဳက္ လိုက္ပါ ကစားခြင့္ ရရွိခဲ့ပါတယ္။ ဒီအခြင့္အေရး နဲ႔ အတူ 1 ဂိုး သြင္းၿပီး ၊ 1 ဂိုး ဖန္တီးျပလိုက္ခ်ိန္မွာေတာ့ မီဒီယာ သမား အမ်ားစုက လီဗာပူး ကို ခ်န္ပီယံဆု ႏွင္းအပ္လိုက္ၾကသလို ၊ ဟန္ဒါဆင္ ကိုလဲ ဒီရာသီ အေကာင္းဆုံး ကစားသမားဆု ခ်ီးျမႇင့္ရေတာ့မယ္လို႔ သံၿပိဳင္ ေျပာဆိုလာခဲ့ၾကပါတယ္။



ဟန္ဒါဆင္ဟာ ယာဂန္ ကေလာ့ပ္က ညာေတာင္ပံထုတ္ၿပီး ကစားရင္လဲ ၊ အာနိုး နဲ႔ အတြဲညီေအာင္ ကစားျပနိုင္သလို ၊ ကြင္းလယ္ တိုက္စစ္ကို ပိုၿပီး အားျပဳရမယ္ ဆိုရင္လဲ ေဘာလုံးေပးမႈ ေကာင္းေကာင္း နဲ႔ ေမာင္းႏွင္ေလ့ရွိပါတယ္။ အသိအမွတ္ျပဳခ်င္ဆုံး တစ္ခုကေတာ့ ဖာဘင္ဟို ဒဏ္ရာ ရသြားခ်ိန္မွာ ၊ အဲဒီေနရာကို ဝင္ေရာက္ၿပီး ဘရာဇီး သားႀကီးလိုပဲ အသင္းရဲ့ ကစားကြက္ကို သပ္သပ္ရပ္ရပ္ ထိန္းေက်ာင္းျပသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ သူဟာ ကေလာ့ပ္ အတြက္ မရွိ မျဖစ္ အေရးပါေနတဲ့ အသင္းေခါင္းေဆာင္ တစ္ေယာက္ အျဖစ္ ရပ္တည္ေနတာပါ။

မေန႔ညက ကစားခဲ့တဲ့ ေဆာက္သမ္တန္ နဲ႔ ပြဲအၿပီးမွာေတာ့ တိုက္စစ္မႈးေဟာင္းႀကီး အလန္ရွီးယား က အခုလိုပဲ သုံးသပ္ျပသြားခဲ့ပါတယ္။







“ မနက္ျဖန္မွာပဲ ေဘာလုံးရာသီ ပိတ္သိမ္းေတာ့မယ္ ဆိုရင္ ၊ က်ေနာ့္ ရဲ့ အေကာင္းဆုံး ေရြးခ်ယ္မႈ အတြက္ ဟန္ဒါဆင္ ကိုပဲ မဲေပးမိမွာပါ။ သူဟာ ဒီရာသီ အေကာင္းဆုံး ကစားသမားဆု ရဖို႔ ထိုက္တန္တယ္ ဆိုတာ သံသယ ျဖစ္ေနစရာ မလိုပါဘူး။ ဒီညပဲ ၾကည့္ေလ ။ သူဟာ လီဗာပူး တိုက္စစ္ရဲ့ ေမာင္းႏွင္အား ျဖစ္သလို ၊ သူ႔ လုပ္အားႏႈန္းေတြ ၊ ေရြ႕လ်ားမႈေတြ က ခံစစ္ / တိုက္စစ္ အတြက္ အရမ္းကို သက္ဝင္ေနခဲ့တာပါ။ ဒီၾကားထဲ ဂိုးဖန္တီးျပနိုင္လား ဆိုေတာ့ ၊ ခင္ဗ်ားတို႔ ျမင္တဲ့ အတိုင္းပါပဲ။

သူ သြင္းယူလိုက္တဲ့ ဂိုးဆိုရင္ ၊ သူ႔ရဲ့လုပ္အားႏႈန္းေတြေၾကာင့္ ရရွိခဲ့တာေလ။ က်ေနာ့္ အျမင္မွာေတာ့ သူဟာ ေတာ္ေတာ္ေလး ကို စြမ္းေဆာင္ရည္ေတြ ထက္ျမက္ေနတဲ့ သူပါ။ ဒီရာသီ အေကာင္းဆုံး ကစားသမားဆု ရဖို႔ လုံး၀ ကို ထိုက္တန္ပါတယ္။ လီဗာပူး အေၾကာင္းေျပာၾကရင္ အလီဆြန္ ၊ ဗန္ဒိုက္ (ဒါမွမဟုတ္) ေရွ႕တန္း 3 ေယာက္ အေၾကာင္းက အျမဲတမ္း ေနရာယူေနေပမယ့္ ၊ ဟန္ဒါဆင္ ဟာလဲ တစ္သင္းလုံး ရဲ့ ေမာင္းႏွင္အားဆိုတာ ေသခ်ာပါတယ္” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

SPORTS MYANMAR





Unicode






ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု အတွက် ဟန်ဒါဆင် ကို ပေးမယ့် အကြောင်းအရင်းတွေကို ပြောပြလိုက်တဲ့ အလန်ရှီးယား



ဒုတိယ ရာသီဝက်ကို စတင် ဖြတ်သန်းလာချိန်မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု နဲ့ ပတ်သက်ပြီး စကားသံတွေ စတင် ထွက်ပေါ်လာခဲ့ပါပြီ။ ပရိသတ် အများစုကတော့ မန်စီးတီး ရဲ့ ကွင်းလယ် ကစားသမား ဒီဘရိုင်း ၊ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင် တို့ဟာ အကြိတ်အနယ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ သို့သော် ဟန်ဒါဆင် ရဲ့ ဘက်မှာရှိတဲ့ သူက တစ်နေ့ထက် တစ်နေ့ ပိုပြီး များလို့ လာပါတယ်။



ဟန်ဒါဆင် ကို ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ပေးသင့်တယ် လို့ စတင် အရေးဆိုလိုက်သူကတော့ ဒေးလီးလ်မေးလ် ရဲ့ အယ်ဒီတာချုပ် အိုလီဗာ ဟော့ ပါ။ ဟန်ဒါဆင် ဟာ လီဗာပူး ရဲ့ နှလုံးခုန်သံ လို့ တင်စားခဲ့သူ ဖြစ်ပြီး ၊ ကစားကွက် အတက်အကျ ပိုင်းကို လိုသလို ထိန်းချုပ်ပေးနိုင်တဲ့သူ ဖြစ်တဲ့ အပြင် ၊ ကွင်းအတွင်း ခေါင်းဆောင်မှု ပိုင်းဆိုင်ရာမှာလဲ စံထားလောက်သူ ဖြစ်တာကြောင့် ၊ ဒီရာသီ အတွက် ဟန်ဒါဆင် ကို ပေးသင့်တယ် လို့ ထုတ်ဖော် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။





တစ်ပြိုင်နက် မှာပဲ ဟော့ ကို ဝေဖန်တဲ့သူတွေ များစွာ ထွက်ပေါ်လာခဲ့သလို ၊ မန်ချက်စတာ အခြေစိုက် သတင်းသမား တစ်ချို့ က ကန့်ကွက်တဲ့ အချက်အလက်တွေ ထုတ်ပြခဲ့သည့်တိုင်အောင် ၊ ဟန်ဒါဆင် ရဲ့ ရေပန်း စားမှု က လျှော့ကျသွားခဲ့ခြင်း မရှိပါဘူး။ ဒီရာသီ သူ့ရဲ့ ခြေစွမ်းဟာ အရမ်းကို တည်ငြိမ်လွန်းတဲ့ အချက်က ငြင်းလို့ မရသလို ၊ ဘောလုံး ပေးပို့မှုတွေ ၊ ဖြတ်တင်ဘောတွေ ကလဲ တော်တော်လေးကို တိကျလာခဲ့တာပါ။ ကွင်းထဲမှာ မာန်ပါပါ နဲ့ ကစားတတ်တဲ့ အမူအရာ ကြောင့်လဲ ၊ အသင်းသားတွေ ရဲ့ တိုက်ခိုက်ရည်တွေကို ပိုမို သက်ဝင်စေခဲ့သူ ဖြစ်ပါတယ်။

မနေ့ညက သူဟာ ဖာဘင်ဟို ပြန်လည် ပါဝင်လာခြင်း နဲ့ အတူ အသင်းရဲ့ တိုက်စစ်ကိုလဲ စိတ်ကြိုက် လိုက်ပါ ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီအခွင့်အရေး နဲ့ အတူ 1 ဂိုး သွင်းပြီး ၊ 1 ဂိုး ဖန်တီးပြလိုက်ချိန်မှာတော့ မီဒီယာ သမား အများစုက လီဗာပူး ကို ချန်ပီယံဆု နှင်းအပ်လိုက်ကြသလို ၊ ဟန်ဒါဆင် ကိုလဲ ဒီရာသီ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ရတော့မယ်လို့ သံပြိုင် ပြောဆိုလာခဲ့ကြပါတယ်။



ဟန်ဒါဆင်ဟာ ယာဂန် ကလော့ပ်က ညာတောင်ပံထုတ်ပြီး ကစားရင်လဲ ၊ အာနိုး နဲ့ အတွဲညီအောင် ကစားပြနိုင်သလို ၊ ကွင်းလယ် တိုက်စစ်ကို ပိုပြီး အားပြုရမယ် ဆိုရင်လဲ ဘောလုံးပေးမှု ကောင်းကောင်း နဲ့ မောင်းနှင်လေ့ရှိပါတယ်။ အသိအမှတ်ပြုချင်ဆုံး တစ်ခုကတော့ ဖာဘင်ဟို ဒဏ်ရာ ရသွားချိန်မှာ ၊ အဲဒီနေရာကို ဝင်ရောက်ပြီး ဘရာဇီး သားကြီးလိုပဲ အသင်းရဲ့ ကစားကွက်ကို သပ်သပ်ရပ်ရပ် ထိန်းကျောင်းပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူဟာ ကလော့ပ် အတွက် မရှိ မဖြစ် အရေးပါနေတဲ့ အသင်းခေါင်းဆောင် တစ်ယောက် အဖြစ် ရပ်တည်နေတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲအပြီးမှာတော့ တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က အခုလိုပဲ သုံးသပ်ပြသွားခဲ့ပါတယ်။







“ မနက်ဖြန်မှာပဲ ဘောလုံးရာသီ ပိတ်သိမ်းတော့မယ် ဆိုရင် ၊ ကျနော့် ရဲ့ အကောင်းဆုံး ရွေးချယ်မှု အတွက် ဟန်ဒါဆင် ကိုပဲ မဲပေးမိမှာပါ။ သူဟာ ဒီရာသီ အကောင်းဆုံး ကစားသမားဆု ရဖို့ ထိုက်တန်တယ် ဆိုတာ သံသယ ဖြစ်နေစရာ မလိုပါဘူး။ ဒီညပဲ ကြည့်လေ ။ သူဟာ လီဗာပူး တိုက်စစ်ရဲ့ မောင်းနှင်အား ဖြစ်သလို ၊ သူ့ လုပ်အားနှုန်းတွေ ၊ ရွေ့လျားမှုတွေ က ခံစစ် / တိုက်စစ် အတွက် အရမ်းကို သက်ဝင်နေခဲ့တာပါ။ ဒီကြားထဲ ဂိုးဖန်တီးပြနိုင်လား ဆိုတော့ ၊ ခင်ဗျားတို့ မြင်တဲ့ အတိုင်းပါပဲ။

သူ သွင်းယူလိုက်တဲ့ ဂိုးဆိုရင် ၊ သူ့ရဲ့လုပ်အားနှုန်းတွေကြောင့် ရရှိခဲ့တာလေ။ ကျနော့် အမြင်မှာတော့ သူဟာ တော်တော်လေး ကို စွမ်းဆောင်ရည်တွေ ထက်မြက်နေတဲ့ သူပါ။ ဒီရာသီ အကောင်းဆုံး ကစားသမားဆု ရဖို့ လုံးဝ ကို ထိုက်တန်ပါတယ်။ လီဗာပူး အကြောင်းပြောကြရင် အလီဆွန် ၊ ဗန်ဒိုက် (ဒါမှမဟုတ်) ရှေ့တန်း 3 ယောက် အကြောင်းက အမြဲတမ်း နေရာယူနေပေမယ့် ၊ ဟန်ဒါဆင် ဟာလဲ တစ်သင်းလုံး ရဲ့ မောင်းနှင်အားဆိုတာ သေချာပါတယ်” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

SPORTS MYANMAR