ပရီးမီးယားလိဂ္ ရဲ့ ဇန္နဝါရီ အေျပာင္းအေရြ႕ ကာလကေတာ့ ပိတ္သိမ္း သြားခဲ့ၿပီ ျဖစ္ကာ ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေရြ႕ ကာလေတြနဲ႔ မတူ ထူးထူးျခားျခား ေအးစက္ ေနခဲ့ၿပီး အေျပာင္းအေရြ႕ ေစ်းကြက္ရဲ့ ေနာက္ဆုံးေန႔မွာ စုစုေပါင္း ေပါင္ ၂၅ သန္းသာ သုံးစြဲ ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း နာမည္ႀကီး ကစားသမား အဝင္အထြက္ အခ်ိဳ႕ ကေန ျဖစ္ေပၚ ခဲ့ၿပီး အီဂါလို ရဲ့ မန္ယူနိုက္တက္ကို ေျပာင္းေရြ႕ ခဲ့သလိုမ်ိဳး မထင္မွတ္ထားတဲ့ အေျပာင္းအေရြ႕ေတြ ကလည္း ပရိတ္သတ္ေတြကို ဖမ္းစား နိုင္ခဲ့ပါတယ္။
ခရစ္ရွန္အဲရစ္ဆင္ နဲ႔ အက္ရွ္ေလယန္း တို႔ကေတာ့ အဂၤလန္ေျမကို စြန႔္ခြာကာ အင္တာမီလန္ အသင္းကို ေျပာင္းေရြ႕ ခဲ့ၾကၿပီး ဥေရာပဝင္ခြင့္ ေမၽွာ္လင့္ခ်က္ ရွိေနတဲ့ အသင္းေတြ ၊ ပရီးမီးယားလိဂ္ ကေန တန္းမဆင္းရဖို႔ ပစ္မွတ္ထား ေနတဲ့ အသင္း ေတြကလည္း လိုအပ္တဲ့ အားျဖည့္မႈေတြ အသီးသီး လုပ္ခဲ့ ၾကပါတယ္။
သမိုင္းေၾကာင္းေတြ အရ ကေတာ့ ဇန္နဝါရီ အေျပာင္းအေရြ႕ ဟာ မွန္းဆရ ခက္ခဲလွၿပီး အေျပာင္းအေရြ႕တိုင္း ေအာင္ျမင္မႈ ရခဲ့တာ မဟုတ္ပါဘူး။ ဒ့ါေၾကာင့္ ဘယ္အသင္းေတြဟာ အဖိုးတန္ ကစားသမားေတြကို ေခၚယူ နိုင္ခဲ့သလဲ ဆိုတာကို ဆက္လက္ ေစာင့္ၾကည့္ သြားရမွာ ျဖစ္ၿပီး အေကာင္းဆုံး ေခၚယူမႈ ယူဆရတဲ့ အေျပာင္းအေရြ႕ ငါးခုကို ယခုလိုပဲ ေဖာ္ၿပ ေပးလိုက္ပါတယ္။
၁~ ဆန္ဒါဘက္ခ်္ – ရွက္ဖီးယူနိုက္တက္
ရွက္ဖီးယူနိုက္တက္ အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ရဲ့ surprise pacage လို႔ သတ္မွတ္ ရမွာ ျဖစ္ပါတယ္။ လူေတာ္ေတာ္ မ်ားမ်ား ကေတာ့ ရာသီ အစမွာ ရွက္ဖီးယူနိုက္တက္ တို႔ ခ်က္ခ်င္း တန္းျပန္ဆင္းရလိမ့္မယ္လို႔ ခန႔္မွန္း ထားခဲ့ၾကေပမယ့္ ခရစ္ဝိုင္ဒါ ရဲ့ အသင္းဟာ ဒီလိဂ္ရဲ့ ကစားပုံ အေကာင္းဆုံး အသင္းေတြ ထဲမွာ ပါ၀င္ေနျပေဖေဖာ္ဝါရီလကို ေရာက္ရွိ လာခ်ိန္မွာေတာ့ ရွက္ဖီးယူနိုက္တက္ဟာ အဆင့္ ၅ မွာ ရပ္တည္ေနၿပီး အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ေတာင္ ငါးမွတ္သာ ကြာဟေနကာ လာမည့္ ရာသီ ယူရိုပါလိဂ္ ကစားရဖို႔ ရည္မွန္း ထားနိုင္တဲ့ အေနအထား ျဖစ္ေနပါတယ္။
ရွက္ဖီးတို႔ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရြ႕ မွာေတာ့ ဘယ္ဂ်ီယံ ထိပ္တန္းကလပ္ ဂန႔္အသင္းရဲဲ့ အဓိက ကြင္းလယ္္လူ ဆန္ဒါဘက္ခ်္ ကို ကလပ္စံခ်ိိန္တင္ ေျပာင္းေရြ႕ေၾကး ေပါင္ ၂၂ သန္း ၀န္းက်င္နဲ႔ ေခၚယူခဲ့ၿပီး သူတို႔ရဲ့ အနာဂတ္ ရည္မွန္းခ်က္ကို ခ်ၿပ သြားခဲ့ပါတယ္။ ရွက္ဖီးရဲ့ ကြင္းလယ္မွာ ေနာ့ဝွဒ္ ၊ ဖလက္ ၊ လြန္စတမ္းတို႔ ေျခစြမ္းၿပ ေနေပမယ့္ holding midfielder တစ္ဦး ျဖစ္တဲ့ ဘက္ခ်္ကို ေခၚယူလိုက္နိုင္ျခင္းဟာ ၀ုိင္ဒါကို ေရြးခ်ယ္စရာ ပိုလာေစတဲ့ အျပင္ အသင္းကိုလည္း ပိုမို ေတာင့္တင္း သြားေစခဲ့ ပါတယ္။ ဘက္ခ်္ဟာ အသက္ ၂၁ ႏွစ္သာ ရွိေသးၿပီး ခ်န္ပီယံလိဂ္ အေတြ႕အၾကဳံလည္း ရွိေနကာ မၾကာေသးမီက လီဗာပူး အပါအဝင္ ထိပ္တန္း အသင္းေတြနဲ႔လည္း သတင္းေတြ ထြက္ခဲ့ပါေသးတယ္။ ဘက္ခ်္ဟာ ရွက္ဖီးရဲ့ ရည္မွန္းခ်က္ေတြကို ေကာင္းေကာင္း အေကာင္အထည္ ေဖာ္ေပးနိုင္မယ့္သူလား ဆိုတာ ဆက္လက္ ေစာင့္ၾကည့္ သြားရမွာပါ။
၂~ မီနာမီနို (လီဗာပူး)
လီဗာပူးဟာ ပရီးမီးယားလိဂ္ ဇယားထိပ္မွာ ၂၂ မွတ္ အသာနဲ႔ အျပတ္အသတ္ ဦးေဆာင္ေနၿပီး အမွတ္ေပးဖလား သိမ္းပိုက္နိုင္ရန္ နီးစပ္ေနၿပီ ျဖစ္ေပမယ့္ ကေလာ့ ရဲ့ အသင္းဟာ လက္ရွိ လူစာရင္း အေနအထား အေပၚ သာယာေနျခင္း မရွိဘဲ မီနာမီနို ကို ထည့္ေပါင္း လိုက္တာ ကေတာ့ တကယ့္ကို ေတာင့္တင္း သြားေစပါတယ္။ကေလာ့ဟာ ၿပီးခဲ့တဲ့ ေႏြရာသီက အဓိက ကစားသမား ေခၚယူမႈေတြ မလုပ္ဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း မီနာမီနိုလို ကစားသမားမ်ိဳးကို ေစ်းသက္သာစြာ ေခၚယူနိုင္မယ့္ အခြင့္အေရး အျပင္ ၎ရဲ့ စနစ္နဲ႔ အံဝင္မယ့္ ကစားသမားလို႔ ယူဆတာေၾကာင့္ ခပ္သြက္သြက္ လႈပ္ရွား ခဲ့တာ ျဖစ္ပါတယ္။
ဒါ့အျပင္ အဓိက ၿပိဳင္ဘက္ စီးတီး အပါအဝင္ အျခား အသင္းေတြဟာ ပိုမို ေတာင့္တင္း လာမယ့္ အေနအထား ကလည္း အေၾကာင္းရင္း တစ္ခု အေနနဲ႔ ပါ၀င္ေနမွာပါ။ လီဗာပူးဟာ ေကာ္တင္ညိဳ ထြက္သြားၿပီးေနာက္ပိုင္း ဖန္တီးမႈ အပိုင္းမွာ လိုအပ္မႈ ရွိေနတယ္လို႔ ေထာက္ၿပ ေနၾကေပမယ့္ မီနာမီနို ဟာ ဒီအပိုင္းအတြက္ အေျဖတစ္ခု ျဖစ္လာမွာပါ။ ယာဂန္ကေလာ့ ကေတာ့ သူ႔ရဲ့ ထုံးစံအတိုင္းပဲ ကစားသမားသစ္ေတြကို အထိုင္က်သြားေအာင္ လုပ္ဖို႔ အခ်ိန္ေပးသြားမွာ ျဖစ္ကာ လီဗာပူး ပရိတ္သတ္ေတြ အေနနဲ႔ မီနာမီနို ရဲ့ အေကာင္းဆုံး ပုံစံကို လာမည့္ ရာသီမွာ ျမင္ေတြ႕ရဖို႔ ကေတာ့ ေသခ်ာပါတယ္။
၃~ ဘ႐ူနိုဖာနန္ဒက္ – မန္ယူနိုက္တက္
မန္ခ်က္စတာယူနိုက္တက္ဟာ ကြင္းလယ္ပိုင္းမွာ ျပသနာ ရွိေနခဲ့ ပါတယ္။ ဒါကေတာ့ ရွင္းပါတယ္။ ဘ႐ူနို ကေတာ့ ယူနိုက္တက္ တို႔ အတြက္ အေရးေပၚလိုအပ္ေနတဲ့ အသက္ကယ္ေဆး တစ္ခုလို႔ေတာင္ ေျပာလို႔ ရပါတယ္။ ဆိုးရွားရဲ့ ယူနိုက္တက္ အသင္းဟာ ဒီရာသီ ခံစစ္ကို အထိိုင္က် ကစားကာ တန္ျပန္တိုက္စစ္နဲ႔ ျပန္လည္ တုန႔္ျပန္တဲ့ အသင္းေတြနဲ႔ ရင္ဆိုင္ ရာမွာ ၿပိဳင္ဘက္ ခံစစ္ကို ၿဖိဳခြင္း နိုင္ဖို႔ ႐ုန္းကန္ ေနရပါတယ္။
ဒါ့ေၾကာင့္လည္း ယူနိုက္တက္ဟာ မန္စီးတီး ၊ လီဗာပူး စတဲ့ အသင္းေတြနဲ႔ ရင္ဆိုင္ရမွာ ထိေရာက္မႈ ရွိတဲ့ ကစားဟန္ေတြ ျပသနိုင္ ခဲ့ပမယ့္ အသင္းငယ္ေတြနဲ႔ ရင္ဆိုင္ရမွာေတာ့ ဒီျပသနာကို ကြက္ကြက္ကြင္းကြင္း ျမင္ေနရပါတယ္။ ဘ႐ူနိုဖာနန္ဒက္လို ဖန္တီးမႈပိုင္း အားေကာင္းတဲ့ အျပင္ ဂိုးေတြလည္း သြင္းယူ နိုင္စြမ္း ရွိတဲ့ ကြင္းလယ္တိုက္စစကစာသမားကို ေခၚယူလိုက္နိုင္ျခင္းဟာ ယူနိုက္တက္ရဲ့ ကြင္းလယ္ နဲ႔ တိုက္စစ္ အင္အားကို ပိုမို အားေကာင္း သြားေစမွာ ျဖစ္ၿပီး ၎ဟာ ယူနိုက္တက္ ရဲ့ ဒီရာသီ ရည္မွန္းခ်က္ေတြကို ေကာင္းေကာင္း ပံ့ပိုးေပး နိုင္ဖို႔ ရွိေနပါတယ္။ဘ႐ူနိုဟာ မေန႔က ၀ုဖ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာလည္း ႀကီးမားတဲ့ အလားအလာ ကို ျပသ နိုင္ခဲ့ၿပီး အသင္းနဲ႔သာ ဒီထက္ အထိုင္က်သြား ခဲ့မယ္ ဆိုရင္ ေပၚတူဂီ မွွာတုန္းက ၎ရဲ့ စြမ္းေဆာင္ရည္ေတြကို ျပန္ျမင္ရဖို႔ ေသခ်ာပါတယ္။
၄~ ဒန္နီရို႔စ္ – နယူးကာဆယ္
ဒန္နီရို႔စ္ဟာ ကမၻာေပၚမွာ အေကာင္းဆုံး ဘယ္ေနာက္ခံလူေတြထဲက တစ္ဦး ဆိုၿပီး ေျပာခံ ထားရတာ အရမ္းကို ၾကာခဲ့တာ မဟုတ္ပါဘူး။ ရို႔စ္ဟာ ဒဏ္ရာ ျပသနာေတြ အျပင္ စိတ္ပိုင္းဆိုင္ရာ ျပသနာေတြေၾကာင့္ ယခုလို အက်ပိုု္င္းကို ေရာက္သြား ခဲ့တာ ျဖစ္ၿပီး ဒီလို အသင္းေျပာင္းလိုက္ျခင္းဟာ ရို႔စ္ရဲ့ ကစားသမား ဘဝကို တစ္ဖန္ နိုးထလာေစ နိုင္ပါတယ္။ ဂ်က္ထရို၀ီလီယံ ဒဏ္ရာရခဲ့ျခင္းေၾကာင့္ နယူးကာဆယ္ဟာ ဇန္နဝါရီမွာ ဘယ္ေနာက္ခံလူ တစ္ဦးကို အဓိက ရွာေဖြ ခဲ့တာ ျဖစ္ကာ ရို႔စ္ကို ရလိုက္ျခင္းဟာ စတိဘ႐ု႔အတြက္ အားတက္စရာ ပါပဲ။
လာမည့္ ယူရို ၂၀၂၀ မွာ အဂၤလန္ရဲ့ ဘယ္ေနာက္ခံလူ ေနရာ အတြက္လည္း ဘန္ခ်ီဝဲလ္ေလာက္ေလာက္လားလား ယွဥ္ၿပိဳင္မယ့္ သူ မရွိတာေၾကာင့္ စိန႔္ဂ်ိမ္းပက္မွာသာ ရို႔စ္ အေနနဲ႔ ပုံစံေကာင္းကို ျပန္လည္ ျပသ နိုင္ခဲ့မယ္ ဆိုရင္ ဒါဟာ ႏွစ္ဘက္ စလုံးအတြက္ ေကာင္းမြန္တဲ့ အေျပာင္းအေရြ႕ တစ္ခုပါပဲ။
၅~ စတီဗင္ဘာဝင္ – ေတာ့တင္ဟမ္
ဟိုေဆးေမာ္ရင္ညိဳဟာ လန္ဒန္ကို စိတ္လႈပ္ရွားစရာ ကစားသမားသစ္ တစ္ဦး ေခၚယူနိုင္ ခဲ့ပါတယ္။ နယ္သာလန္ လက္ေရြးစင္ဟာ ေတာင္ပံႏွစ္ဘက္ မွာ တကယ့္ကို ၿခိမ္းေျခာက္ နိုင္စြမ္း ျမင့္မားလွၿပီး ဒဏ္ရာေၾကာင့္ ကာလရွည္ နားရမွာ ျဖစ္တဲ့ စပါး တိုက္စစ္ကို အသြင္တစ္မ်ိဳးနဲ႔ ဆန္းသစ္ ေစမွာပါ။
ဘာဝင္ ေရာက္လာခဲ့ျခင္းေၾကာင့္ ဆြန္ေဟာင္မင္းဟာ ေတာ့တင္ဟမ္ ရဲ့ အေထာင္ တိုက္စစ္ေနရာကို ေျပာင္းကစား သြားရဖို႔ ရွိေနၿပီး ဘာဝင္နဲ႔ လူးကပ္ေမာ္ရာ တို႔ကေတာ့ ေတာင္ပံ တစ္ဖက္စီမွာ ၀န္းရံၾကမွာ ျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္သာ ရွိေနေသးတာေၾကာင့္ ဘာဝင္ဟာ တိုးတက္ဖို႔ လိုအပ္ေနတဲ့ အပိုင္းေတြ ရွိေနအုံးမွာပါ။ ဒါေပမယ့္ ၎ဟာ ေကာင္းမြန္တဲ့ အလားအလာေတြ ရွိေနတာကိုေတာ့ နယ္သာလန္ မွာ ျပသ ခဲ့ၿပီးပါၿပီ။ ဒါဟာ ဘာဝင္ ရဲ့ ကစားသမား ဘဝ ေနာက္တဆင့္ကို တက္လွမ္း နိုင္ဖို႔ အတြက္ စိန္ေခၚမႈ ျဖစ္ၿပီး စပါးမွာ ေျခစြမ္းျပကာ နယ္သာလန္ ရဲ့ ယူရို ၂၀၂၀ လူစာရင္းမွာလည္း ေနရာတစ္ေနရာ ရယူဖို႔ ေမၽွာ္လင့္ ေနမွာပဲ ျဖစ္ပါတယ္။
SM
Unicode
ဇန်နဝါရီ အပြောင်းအရွေ့မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ၅ ခု
ပရီးမီးယားလိဂ် ရဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ကာလကတော့ ပိတ်သိမ်း သွားခဲ့ပြီ ဖြစ်ကာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွေ့ ကာလတွေနဲ့ မတူ ထူးထူးခြားခြား အေးစက် နေခဲ့ပြီး အပြောင်းအရွေ့ စျေးကွက်ရဲ့ နောက်ဆုံးနေ့မှာ စုစုပေါင်း ပေါင် ၂၅ သန်းသာ သုံးစွဲ ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နာမည်ကြီး ကစားသမား အဝင်အထွက် အချို့ ကနေ ဖြစ်ပေါ် ခဲ့ပြီး အီဂါလို ရဲ့ မန်ယူနိုက်တက်ကို ပြောင်းရွေ့ ခဲ့သလိုမျိုး မထင်မှတ်ထားတဲ့ အပြောင်းအရွေ့တွေ ကလည်း ပရိတ်သတ်တွေကို ဖမ်းစား နိုင်ခဲ့ပါတယ်။
ခရစ်ရှန်အဲရစ်ဆင် နဲ့ အက်ရှ်လေယန်း တို့ကတော့ အင်္ဂလန်မြေကို စွန့်ခွာကာ အင်တာမီလန် အသင်းကို ပြောင်းရွေ့ ခဲ့ကြပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေတဲ့ အသင်းတွေ ၊ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ ပစ်မှတ်ထား နေတဲ့ အသင်း တွေကလည်း လိုအပ်တဲ့ အားဖြည့်မှုတွေ အသီးသီး လုပ်ခဲ့ ကြပါတယ်။
သမိုင်းကြောင်းတွေ အရ ကတော့ ဇန်နဝါရီ အပြောင်းအရွေ့ ဟာ မှန်းဆရ ခက်ခဲလှပြီး အပြောင်းအရွေ့တိုင်း အောင်မြင်မှု ရခဲ့တာ မဟုတ်ပါဘူး။ ဒ့ါကြောင့် ဘယ်အသင်းတွေဟာ အဖိုးတန် ကစားသမားတွေကို ခေါ်ယူ နိုင်ခဲ့သလဲ ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာ ဖြစ်ပြီး အကောင်းဆုံး ခေါ်ယူမှု ယူဆရတဲ့ အပြောင်းအရွေ့ ငါးခုကို ယခုလိုပဲ ဖော်ပြ ပေးလိုက်ပါတယ်။
၁~ ဆန်ဒါဘက်ချ် – ရှက်ဖီးယူနိုက်တက်
ရှက်ဖီးယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ surprise pacage လို့ သတ်မှတ် ရမှာ ဖြစ်ပါတယ်။ လူတော်တော် များများ ကတော့ ရာသီ အစမှာ ရှက်ဖီးယူနိုက်တက် တို့ ချက်ချင်း တန်းပြန်ဆင်းရလိမ့်မယ်လို့ ခန့်မှန်း ထားခဲ့ကြပေမယ့် ခရစ်ဝိုင်ဒါ ရဲ့ အသင်းဟာ ဒီလိဂ်ရဲ့ ကစားပုံ အကောင်းဆုံး အသင်းတွေ ထဲမှာ ပါဝင်နေပြဖေဖော်ဝါရီလကို ရောက်ရှိ လာချိန်မှာတော့ ရှက်ဖီးယူနိုက်တက်ဟာ အဆင့် ၅ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့တောင် ငါးမှတ်သာ ကွာဟနေကာ လာမည့် ရာသီ ယူရိုပါလိဂ် ကစားရဖို့ ရည်မှန်း ထားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။
ရှက်ဖီးတို့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ မှာတော့ ဘယ်ဂျီယံ ထိပ်တန်းကလပ် ဂန့်အသင်းရဲဲ့ အဓိက ကွင်းလယ််လူ ဆန်ဒါဘက်ချ် ကို ကလပ်စံချိိန်တင် ပြောင်းရွေ့ကြေး ပေါင် ၂၂ သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး သူတို့ရဲ့ အနာဂတ် ရည်မှန်းချက်ကို ချပြ သွားခဲ့ပါတယ်။ ရှက်ဖီးရဲ့ ကွင်းလယ်မှာ နော့ဝှဒ် ၊ ဖလက် ၊ လွန်စတမ်းတို့ ခြေစွမ်းပြ နေပေမယ့် holding midfielder တစ်ဦး ဖြစ်တဲ့ ဘက်ချ်ကို ခေါ်ယူလိုက်နိုင်ခြင်းဟာ ဝိုင်ဒါကို ရွေးချယ်စရာ ပိုလာစေတဲ့ အပြင် အသင်းကိုလည်း ပိုမို တောင့်တင်း သွားစေခဲ့ ပါတယ်။ ဘက်ချ်ဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး ချန်ပီယံလိဂ် အတွေ့အကြုံလည်း ရှိနေကာ မကြာသေးမီက လီဗာပူး အပါအဝင် ထိပ်တန်း အသင်းတွေနဲ့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဘက်ချ်ဟာ ရှက်ဖီးရဲ့ ရည်မှန်းချက်တွေကို ကောင်းကောင်း အကောင်အထည် ဖော်ပေးနိုင်မယ့်သူလား ဆိုတာ ဆက်လက် စောင့်ကြည့် သွားရမှာပါ။
၂~ မီနာမီနို (လီဗာပူး)
လီဗာပူးဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၂၂ မှတ် အသာနဲ့ အပြတ်အသတ် ဦးဆောင်နေပြီး အမှတ်ပေးဖလား သိမ်းပိုက်နိုင်ရန် နီးစပ်နေပြီ ဖြစ်ပေမယ့် ကလော့ ရဲ့ အသင်းဟာ လက်ရှိ လူစာရင်း အနေအထား အပေါ် သာယာနေခြင်း မရှိဘဲ မီနာမီနို ကို ထည့်ပေါင်း လိုက်တာ ကတော့ တကယ့်ကို တောင့်တင်း သွားစေပါတယ်။ကလော့ဟာ ပြီးခဲ့တဲ့ နွေရာသီက အဓိက ကစားသမား ခေါ်ယူမှုတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း မီနာမီနိုလို ကစားသမားမျိုးကို စျေးသက်သာစွာ ခေါ်ယူနိုင်မယ့် အခွင့်အရေး အပြင် ၎င်းရဲ့ စနစ်နဲ့ အံဝင်မယ့် ကစားသမားလို့ ယူဆတာကြောင့် ခပ်သွက်သွက် လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဓိက ပြိုင်ဘက် စီးတီး အပါအဝင် အခြား အသင်းတွေဟာ ပိုမို တောင့်တင်း လာမယ့် အနေအထား ကလည်း အကြောင်းရင်း တစ်ခု အနေနဲ့ ပါဝင်နေမှာပါ။ လီဗာပူးဟာ ကော်တင်ညို ထွက်သွားပြီးနောက်ပိုင်း ဖန်တီးမှု အပိုင်းမှာ လိုအပ်မှု ရှိနေတယ်လို့ ထောက်ပြ နေကြပေမယ့် မီနာမီနို ဟာ ဒီအပိုင်းအတွက် အဖြေတစ်ခု ဖြစ်လာမှာပါ။ ယာဂန်ကလော့ ကတော့ သူ့ရဲ့ ထုံးစံအတိုင်းပဲ ကစားသမားသစ်တွေကို အထိုင်ကျသွားအောင် လုပ်ဖို့ အချိန်ပေးသွားမှာ ဖြစ်ကာ လီဗာပူး ပရိတ်သတ်တွေ အနေနဲ့ မီနာမီနို ရဲ့ အကောင်းဆုံး ပုံစံကို လာမည့် ရာသီမှာ မြင်တွေ့ရဖို့ ကတော့ သေချာပါတယ်။
၃~ ဘရူနိုဖာနန်ဒက် – မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းမှာ ပြသနာ ရှိနေခဲ့ ပါတယ်။ ဒါကတော့ ရှင်းပါတယ်။ ဘရူနို ကတော့ ယူနိုက်တက် တို့ အတွက် အရေးပေါ်လိုအပ်နေတဲ့ အသက်ကယ်ဆေး တစ်ခုလို့တောင် ပြောလို့ ရပါတယ်။ ဆိုးရှားရဲ့ ယူနိုက်တက် အသင်းဟာ ဒီရာသီ ခံစစ်ကို အထိိုင်ကျ ကစားကာ တန်ပြန်တိုက်စစ်နဲ့ ပြန်လည် တုန့်ပြန်တဲ့ အသင်းတွေနဲ့ ရင်ဆိုင် ရာမှာ ပြိုင်ဘက် ခံစစ်ကို ဖြိုခွင်း နိုင်ဖို့ ရုန်းကန် နေရပါတယ်။
ဒါ့ကြောင့်လည်း ယူနိုက်တက်ဟာ မန်စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ထိရောက်မှု ရှိတဲ့ ကစားဟန်တွေ ပြသနိုင် ခဲ့ပမယ့် အသင်းငယ်တွေနဲ့ ရင်ဆိုင်ရမှာတော့ ဒီပြသနာကို ကွက်ကွက်ကွင်းကွင်း မြင်နေရပါတယ်။ ဘရူနိုဖာနန်ဒက်လို ဖန်တီးမှုပိုင်း အားကောင်းတဲ့ အပြင် ဂိုးတွေလည်း သွင်းယူ နိုင်စွမ်း ရှိတဲ့ ကွင်းလယ်တိုက်စစကစာသမားကို ခေါ်ယူလိုက်နိုင်ခြင်းဟာ ယူနိုက်တက်ရဲ့ ကွင်းလယ် နဲ့ တိုက်စစ် အင်အားကို ပိုမို အားကောင်း သွားစေမှာ ဖြစ်ပြီး ၎င်းဟာ ယူနိုက်တက် ရဲ့ ဒီရာသီ ရည်မှန်းချက်တွေကို ကောင်းကောင်း ပံ့ပိုးပေး နိုင်ဖို့ ရှိနေပါတယ်။ဘရူနိုဟာ မနေ့က ဝုဖ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ကြီးမားတဲ့ အလားအလာ ကို ပြသ နိုင်ခဲ့ပြီး အသင်းနဲ့သာ ဒီထက် အထိုင်ကျသွား ခဲ့မယ် ဆိုရင် ပေါ်တူဂီ မှှာတုန်းက ၎င်းရဲ့ စွမ်းဆောင်ရည်တွေကို ပြန်မြင်ရဖို့ သေချာပါတယ်။
၄~ ဒန်နီရို့စ် – နယူးကာဆယ်
ဒန်နီရို့စ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး ဆိုပြီး ပြောခံ ထားရတာ အရမ်းကို ကြာခဲ့တာ မဟုတ်ပါဘူး။ ရို့စ်ဟာ ဒဏ်ရာ ပြသနာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကြောင့် ယခုလို အကျပိုု်င်းကို ရောက်သွား ခဲ့တာ ဖြစ်ပြီး ဒီလို အသင်းပြောင်းလိုက်ခြင်းဟာ ရို့စ်ရဲ့ ကစားသမား ဘဝကို တစ်ဖန် နိုးထလာစေ နိုင်ပါတယ်။ ဂျက်ထရိုဝီလီယံ ဒဏ်ရာရခဲ့ခြင်းကြောင့် နယူးကာဆယ်ဟာ ဇန်နဝါရီမှာ ဘယ်နောက်ခံလူ တစ်ဦးကို အဓိက ရှာဖွေ ခဲ့တာ ဖြစ်ကာ ရို့စ်ကို ရလိုက်ခြင်းဟာ စတိဘရု့အတွက် အားတက်စရာ ပါပဲ။
လာမည့် ယူရို ၂၀၂၀ မှာ အင်္ဂလန်ရဲ့ ဘယ်နောက်ခံလူ နေရာ အတွက်လည်း ဘန်ချီဝဲလ်လောက်လောက်လားလား ယှဉ်ပြိုင်မယ့် သူ မရှိတာကြောင့် စိန့်ဂျိမ်းပက်မှာသာ ရို့စ် အနေနဲ့ ပုံစံကောင်းကို ပြန်လည် ပြသ နိုင်ခဲ့မယ် ဆိုရင် ဒါဟာ နှစ်ဘက် စလုံးအတွက် ကောင်းမွန်တဲ့ အပြောင်းအရွေ့ တစ်ခုပါပဲ။
၅~ စတီဗင်ဘာဝင် – တော့တင်ဟမ်
ဟိုဆေးမော်ရင်ညိုဟာ လန်ဒန်ကို စိတ်လှုပ်ရှားစရာ ကစားသမားသစ် တစ်ဦး ခေါ်ယူနိုင် ခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင်ဟာ တောင်ပံနှစ်ဘက် မှာ တကယ့်ကို ခြိမ်းခြောက် နိုင်စွမ်း မြင့်မားလှပြီး ဒဏ်ရာကြောင့် ကာလရှည် နားရမှာ ဖြစ်တဲ့ စပါး တိုက်စစ်ကို အသွင်တစ်မျိုးနဲ့ ဆန်းသစ် စေမှာပါ။
ဘာဝင် ရောက်လာခဲ့ခြင်းကြောင့် ဆွန်ဟောင်မင်းဟာ တော့တင်ဟမ် ရဲ့ အထောင် တိုက်စစ်နေရာကို ပြောင်းကစား သွားရဖို့ ရှိနေပြီး ဘာဝင်နဲ့ လူးကပ်မော်ရာ တို့ကတော့ တောင်ပံ တစ်ဖက်စီမှာ ဝန်းရံကြမှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်သာ ရှိနေသေးတာကြောင့် ဘာဝင်ဟာ တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်းတွေ ရှိနေအုံးမှာပါ။ ဒါပေမယ့် ၎င်းဟာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိနေတာကိုတော့ နယ်သာလန် မှာ ပြသ ခဲ့ပြီးပါပြီ။ ဒါဟာ ဘာဝင် ရဲ့ ကစားသမား ဘဝ နောက်တဆင့်ကို တက်လှမ်း နိုင်ဖို့ အတွက် စိန်ခေါ်မှု ဖြစ်ပြီး စပါးမှာ ခြေစွမ်းပြကာ နယ်သာလန် ရဲ့ ယူရို ၂၀၂၀ လူစာရင်းမှာလည်း နေရာတစ်နေရာ ရယူဖို့ မျှော်လင့် နေမှာပဲ ဖြစ်ပါတယ်။
SM
0 Comments