——————————–
ဒေးဗစ် ဒီဂီယာ ( 7 )
ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု တွေကို လုပ်ဆောင် ပြနိုင်ခဲ့ သလို ဒိုဟာတီ နဲ့ ဂျီမီနက်ဇ် တို့ရဲ့ ဂိုး ရရှိ နိုင်မယ့် အခွင့်အရေး ကိုလည်း ရပ်တန့် ပစ်နိုင်ခဲ့ ပါတယ် ။
ဝမ် ဘစ်ဆာကာ ( 5.5 )
ဗစ်တာ လင်ဒီလော့ဖ် ( 7 )
လုခ်ရှော ( 6.5 )
ဖရက်ဒ် ( 6.5 )
ဘရူနို ဖာနန်ဒက်စ် ( 6.5 )
အန်ဒရိစ် ပါရဲရား ( 4 )
ဒန်နီယယ် ဂျိမ်းစ် ( 5 )
အန်သိုနီ မာရှယ် ( 5 )
ဟွမ် မာတာ ( 6 )
ဂရင်းဝုဒ် ( 6 )
လင်ဂတ် ( – )
ဒါးလော့ ( – )
ဝုလ်ဗ်
——–
ပတ်ထရီစီယို ( 7 )
ဘိုလီ ( 7 )
ကွာဒီ ( 7 )
ဆိုက်စ် ( 6.5 )
ဒိုဟာတီ ( 6.5 )
မော်တင်ဟို ( 7 )
နီဗတ်စ် ( 7 )
ဂျွန်နီ ( 6 )
ထရာအိုရေး ( 6.5 )
ဂျီမီနက်ဇ် ( 6 )
ဂျိုတာ ( 6 )
နီတို ( 5.5 )
ပိုဒန့်စ် ( 5.5 )
ဒန်ဒွန်ကာ ( – )
#Sports_Myanmar
Unicode
ဘရူနို စတင်ပါဝင်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ခေဲ့့ပြီး ကစားသမား သုံးဦး ညံ့ခဲ့ ကြတဲ့ ယူနိုက်တက် 0 – 0 ဝုလ်ဗ် ပွဲစဉ်မှ rating များ
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဝုလ်ဗ် အသင်း ကို ဧည်ခံ ကစား ခဲ့ပြီး 0 – 0 ဆိုတဲ့ ဂိုး မရှိ သရေ ရလဒ်သာ ဖော်ဆောင် နိုင်ခဲ့ ပါတယ် ။ ဒါဟာ ပြိုင်ဖက် ချဲလ်ဆီး တို့ အမှတ် လျော့နည်း ခဲ့တဲ့ အချိန် ယူနိုက်တက် တို့ အခွင့်အရေး ကောင်းကို နောက် တစ်ကြိမ် မရယူ နိုင်ခဲ့ခြင်း ပဲ ဖြစ်သွား ခဲ့ရ ပါတယ် ။
ဒီနေ့ ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွွင်းလယ် ကစားသမား သစ် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရရှိ ခဲ့ပြီး မိနစ် 90 လုံး ကစား ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ ရလဒ်ပိုင်း ကိုတော့ ထူးထူးခြားခြား မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် အဝေး ကန်ချက် တွေနဲ့ တော့ ပရိသတ် တွေကို ရင်ခုန်မှု ပေးစွမ်း သွားနိုင် ခဲ့ ပါတယ် ။
ဒီပွဲ မှာ နှစ်ဖက် အသင်း ရဲ့ ကစားသမား တွေဟာ အခွင့်အရေး ကောင်းတွေ ကိုယ်စီ ရရှိ ထားခဲ့ ကြ ပေမယ့် ခံစစ် ကစားသမားတွေ ရဲ့ ခြေစွမ်းကောင်း ပြသ နိုင်မှု ၊ ဂိုး သမား တွေ အပြိုင် လက်စွမ်း ပြသ နိုင်ခဲ့ မှု တွေကြောင့် သွင်းဂိုး တွေကို မမြင်တွေ့ ခဲ့ရ တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက်
——————————–
ဒေးဗစ် ဒီဂီယာ ( 7 )
ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မုှ တွေကို လုပ်ဆောင် ပြနိုင်ခဲ့ သလို ဒိုဟာတီ နဲ့ ဂျီမီနက်ဇ် တို့ရဲ့ ဂိုး ရရှိ နိုင်မယ့် အခွင့်အရေး ကိုလည်း ရပ်တန့် ပစ်နိုင်ခဲ့ ပါတယ် ။
ဝမ် ဘစ်ဆာကာ ( 5.5 )
ခံစစ်ပိုင်း မှာတော့ အတော်လေး တာဝန် ကျေခဲ့ ပေမယ့် တိုက်စစ် ကို အကျိုးပြု နိုင်ဖို့ ရုန်းကန် နေရဆဲ ပါပဲ ။
ဗစ်တာ လင်ဒီလော့ဖ် ( 7 )
ဂျီမီနက်ဇ် ရဲ့ ကန်ချက် ကို ဟန့်တား နိုင်ခဲ့ သလို ကောင်းမွန်တဲ့ ဘောလုံး ရှင်းထုတ်မှု တွေကိုလည်း လုပ်ဆောင် ပြနိုင် ခဲ့ပါတယ် ။
ဟယ်ရီ မက်ဂွားယား ( 7.5 ) MOTM
ဘောလုံး လမ်းကြောင်း တွေကို အကောင်းဆုံး တွက်ဆ နိုင်ခဲ့ သလို ခံစစ် ပိုင်းမှာ တည်တည်ငြိမ်ငြိမ် ကစား ပေးပြီး တိုက်စစ် ကိုလည်း ကြုံသလို တက်ရောက် ကစား ပေးခဲ့ ပါတယ် ။ ဒိုဟာတီ ရဲ့ ကန်ချက် ကိုလည်း ပိတ်ဆို့ နိုင်ခဲ့ ပါတယ် ။
လုခ်ရှော ( 6.5 )
ထရာအိုရေး ကို အကောင်းဆုံး ဟန့်တာရင်း ခံစစ် ကို လုံအောင် ကစား နိုင်ခဲ့ သလို တိုက်စစ် မှာလည်း အသင်းဖော် တွေနဲ့ ကောင်းကောင်း တွဲ ကစား နိုင်ခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာ ပိုမို ကောင်းမွန် ခဲ့ ပါတယ် ။
ဖရက်ဒ် ( 6.5 )
ကွင်းလယ် ကနေ တိုက်စစ်ရော ခံစစ် ကိုပါ မျှအောင် ကစား ပေးနိုင် ခဲ့ ပါတယ် ။ သူ့ရဲ့ ကစားအား ကတော့ တစ်ကယ့် ကို အားရ စရာ ပါပဲ ။ အခုဆို သူ့ကို စိတ်ပျက်တဲ့ ယူနိုက်တက် ပရိသတ် တောင် မရှိ သလောက် ဖြစ်သွား ခဲ့ရ ပါပြီ ။
ဘရူနို ဖာနန်ဒက်စ် ( 6.5 )
ပွဲဦးထွက် ရလဒ် ကတော့ သူ့ အတွက် မလှပခဲ့ ပါဘူး ။ အစောပိုင်း မိနစ် တွေမှာ ဂိုးပေါက် ကန်ချက် တလွဲ ဖြစ်ခဲ့ သလို ဘောလုံး အပေး မှားတာ မျိုးလည်း ရှိခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ အံဝင်အောင် ကစား ပြရင်း ပြိုင်ဖက် ဂိုးပေါက် ကို အတော်လေး ခြိမ်းခြောက် နိုင်ခဲ့ ပါတယ် ။
အန်ဒရိစ် ပါရဲရား ( 4 )
သူ့ကြောင့် ဘောလုံး ပိုင်ဆိုင်မှု တွေကို အတော်လေး အဆုံးရှုံး ခဲ့ရ ပါတယ် ။ မလိုအပ်တဲ့ ပစ်ဒဏ်ဘော ပေးခဲ့ရ သလို လူပေး မှားမှု တွေနဲ့ အတူ စွမ်းဆောင်ရည် လည်း အထူး ညံ့ခဲ့ ပါတယ် ။
ဒန်နီယယ် ဂျိမ်းစ် ( 5 )
တိုက်စစ်ပိုင်း ကို ကောင်းကောင်း မပံ့ပိုး နိုင်ခဲ့ သလို ဖြတ်တင်ဘော တွေလည်း ညံ့ခဲ့ ပါတယ် ။ ပုံမှန် နေရာ တစ်ခု ကို ရယူ နိုင်ဖို့ အတွက် ဒီထက် ခြေစွမ်း တိုးတက် ဖို့ လိုအပ် နေပါပြီ ။
အန်သိုနီ မာရှယ် ( 5 )
ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်တဲ့ မာရှယ် ရဲ့ စွမ်းဆောင်ရည် က စိတ်ပျက်ဖွယ် ပါပဲ ။ ဘောလုံး ရရှိတဲ့ အချိန် တွေမှာ ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့ ပြီး ဂိုးပေါက် မခြိမ်းခြောက် နိုင်ခဲ့သလို ကွင်းထဲ မကြာခန လဲနေခဲ့ ပါတယ် ။
ဟွမ် မာတာ ( 6 )
ဘောလုံးကိုင် ကစားတာ သပ်ရပ်ခဲ့ သလို ပုံစံ ကောင်းလည်း ပြသ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်း အတွက် အကျိုး သက်ရောက်မှု မလုပ်ဆောင် ပေးနိုင်ခဲ့ ပါဘူး ။ ကန်ချက် ကောင်းခဲ့ ပေမယ့် ဂိုးပေါက် လွဲချော် ခဲ့တာ ကတော့ နှမျော စရာ ပါပဲ ။
လူစားဝင် ကစားသမားများ …
ဂရင်းဝုဒ် ( 6 )
လင်ဂတ် ( – )
ဒါးလော့ ( – )
ဝုလ်ဗ်
——–
ပတ်ထရီစီယို ( 7 )
ဘိုလီ ( 7 )
ကွာဒီ ( 7 )
ဆိုက်စ် ( 6.5 )
ဒိုဟာတီ ( 6.5 )
မော်တင်ဟို ( 7 )
နီဗတ်စ် ( 7 )
ဂျွန်နီ ( 6 )
ထရာအိုရေး ( 6.5 )
ဂျီမီနက်ဇ် ( 6 )
ဂျိုတာ ( 6 )
လူစားဝင် ကစားသမားများ …
နီတို ( 5.5 )
ပိုဒန့်စ် ( 5.5 )
ဒန်ဒွန်ကာ ( – )
#Sports_Myanmar
0 Comments