
ျမန္မာေက်ာင္းသား ၆၃ ဦး ဝူဟန္ၿမိဳ႕မွ ထြက္ခြာခြင့္ႏွင့္ ဝူဟန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို အထူးေလယာဥ္ဆင္းသက္ခြင့္ ရရွိၿပီျဖစ္ၿပီး လိုအပ္သည္မ်ားကို စီစဥ္ေဆာင္႐ြက္ေပးရန္ ေဘ က်င္းအေျခစိုက္ ျမန္မာသံ႐ုံးမွ ဒုတိယအတြင္းဝန္ ဦးစိုးျပည့္ဝင္းသည္ ဝူဟန္ၿမိဳ႕ကို ထြက္ခြာသြားၿပီဟု သိရသည္။
ဦးစိုးျပည့္ဝင္းက “ကြၽန္ေတာ္ အခုကားေပၚမွာ ဝူဟန္ကို သြားေနပါတယ္။ အကုန္လုံး ပါမွာပါခင္ဗ်။ သူတို႔နဲ႔လည္း အခုဖုန္း ေျပာေနပါတယ္။ ကြၽန္ေတာ္ ဝူဟန္ထဲကို ဝင္ရမွာ ။ ဒီဘက္က လုံးဝပိတ္ထားတဲ့ အေျခအေန ဆို ေတာ့။ လုံးဝခြင့္ေတာင္းၿပီးမွ ဝင္ရတဲ့ အေျခအေနပါ။ သူတို႔ ထြက္ခြင့္ေပးတဲ့ တစ္ျခားေလေၾကာင္းလိုင္းေတြလည္း ရွိေတာ့ ခ်ိန္ၿပီး ထြက္ရမွာျဖစ္ပါတယ္” ဟု ေျပာသည္။

ျမန္မာေက်ာင္းသားမ်ားကို ျပန္ေခၚမည့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA B737- 800 ေလယာဥ္သည္ ရန္ကုန္ၿမိဳ႕မွ ယေန႔ ညေန ျမန္မာစံေတာ္ခ်ိန္ (၄)နာရီတြင္ စတင္ထြက္ခြာၿပီး ဝူဟန္အျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ ေဒသစံေတာ္ခ်ိန္ ည (၁၀)နာရီ မိနစ္(၄၀)တြင္ ဆင္းသက္ႏိုင္ရန္ စီစဥ္ေနေၾကာင္း သံ႐ုံးက ထုတ္ျပန္ထားသည္။

ေက်ာင္းသားမ်ားကို ေခၚေဆာင္ရန္ သံ႐ုံးက စီစဥ္ထားေသာ ဘတ္စ္ကားႏွစ္စီးျဖင့္ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ (၂)နာရီခြဲတြင္ စတင္ေခၚေဆာင္ရန္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။ဝူဟန္ၿမိဳ႕မွ ေရာက္ရွိလာေသာ ေက်ာင္းသားမ်ားကို ျမန္မာႏိုင္ငံဘက္မွ က်န္းမာေရးစစ္ေဆးမႈႏွင့္ ၁၄ ရက္ သီးသန႔္ ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ရန္ မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံသို႔ ပို႔ေဆာင္ရန္ စီစဥ္ထားသည္။

ကို႐ိုနာဗိုင္းရပ္စ္သစ္ စတင္ျဖစ္ပြားၿပီး ေသဆုံးမႈႏွင့္ ျဖစ္ပြားမႈျပင္းထန္ေသာ ဝူဟန္ၿမိဳ႕တြင္ ႏိုင္ငံျခားသား ေထာင္ႏွင့္ခ်ီ ပိတ္မိေနခဲ့ရာ အေမရိကန္ႏိုင္ငံသား ၂ဝဝ ႏွင့္ ဂ်ပန္ႏိုင္ငံသား ၄ဝဝ ကို သက္ဆိုင္ရာ ႏိုင္ငံအသီးသီးက ျပန္လည္ေခၚေဆာင္သြားခဲ့ၿပီးျဖစ္သည္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံအတြင္း ေသဆုံးသူေပါင္း ၂၅၉ ဦးရွိလာၿပီး ကူးစက္ခံရသူေပါင္း ၁၁၀၀၀ ေက်ာ္ ရွိေနၿပီ ျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားေနေသာ ႏိုင္ငံေပါင္းလည္း ၂၀ ေက်ာ္ထက္မနည္းရွိ လာ ၿပီး ကမာၻ႔က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ WHO က ေၾကညာထားသည္။
Unicode
မြန်မာကျောင်းသားများ ဝူဟန်မြို့မှ ယနေ့ မွန်းလွဲပိုင်းတွင် စတင်ထွက်ခွာနိုင်ရေး ဆောင်ရွက်နေ
မြန်မာကျောင်းသား ၆၃ ဦး ဝူဟန်မြို့မှ ထွက်ခွာခွင့်နှင့် ဝူဟန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အထူးလေယာဉ်ဆင်းသက်ခွင့် ရရှိပြီဖြစ်ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရန် ဘေ ကျင်းအခြေစိုက် မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းသည် ဝူဟန်မြို့ကို ထွက်ခွာသွားပြီဟု သိရသည်။
ဦးစိုးပြည့်ဝင်းက “ကျွန်တော် အခုကားပေါ်မှာ ဝူဟန်ကို သွားနေပါတယ်။ အကုန်လုံး ပါမှာပါခင်ဗျ။ သူတို့နဲ့လည်း အခုဖုန်း ပြောနေပါတယ်။ ကျွန်တော် ဝူဟန်ထဲကို ဝင်ရမှာ ။ ဒီဘက်က လုံးဝပိတ်ထားတဲ့ အခြေအနေ ဆို တော့။ လုံးဝခွင့်တောင်းပြီးမှ ဝင်ရတဲ့ အခြေအနေပါ။ သူတို့ ထွက်ခွင့်ပေးတဲ့ တစ်ခြားလေကြောင်းလိုင်းတွေလည်း ရှိတော့ ချိန်ပြီး ထွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာကျောင်းသားများကို ပြန်ခေါ်မည့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA B737- 800 လေယာဉ်သည် ရန်ကုန်မြို့မှ ယနေ့ ညနေ မြန်မာစံတော်ချိန် (၄)နာရီတွင် စတင်ထွက်ခွာပြီး ဝူဟန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဒေသစံတော်ချိန် ည (၁၀)နာရီ မိနစ်(၄၀)တွင် ဆင်းသက်နိုင်ရန် စီစဉ်နေကြောင်း သံရုံးက ထုတ်ပြန်ထားသည်။
"
ကျောင်းသားများကို ခေါ်ဆောင်ရန် သံရုံးက စီစဉ်ထားသော ဘတ်စ်ကားနှစ်စီးဖြင့် ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ခေါ်ဆောင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။ဝူဟန်မြို့မှ ရောက်ရှိလာသော ကျောင်းသားများကို မြန်မာနိုင်ငံဘက်မှ ကျန်းမာရေးစစ်ဆေးမှုနှင့် ၁၄ ရက် သီးသန့် စောင့်ကြည့်မှုများ ပြုလုပ်ရန် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ဖြစ်ပွားပြီး သေဆုံးမှုနှင့် ဖြစ်ပွားမှုပြင်းထန်သော ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီ ပိတ်မိနေခဲ့ရာ အမေရိကန်နိုင်ငံသား ၂ဝဝ နှင့် ဂျပန်နိုင်ငံသား ၄ဝဝ ကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၅၉ ဦးရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသော နိုင်ငံပေါင်းလည်း ၂၀ ကျော်ထက်မနည်းရှိ လာ ပြီး ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာထားသည်။
0 Comments