ဠ- ၈၅၇၅၂၀ နံပတ္နဲ႔ ဆြတ္ခူးခဲ့တာပါ။က်ဳံေပ်ာ္ၿမိဳ႕ ဆင္ႏွစ္ေကာင္ေက်း႐ြာ အလက(ခြဲ)မွာ KGတန္းျပ ဆရာမတစ္ဦးမိသားစုက က်ဳံေပ်ာ္ၿမိဳ႕ ျမန္ျပည္ခ်မ္းသာထီဆိုင္ႀကီးကေန ကိုယ္စားလွယ္ယူၿပီးေရာင္းတဲ့ သူဆီက (၃)ေစာင္တြဲထီကံစမ္းရင္း အခုလိုကံထူးခဲ့တာပါ။
Image result for ၁၂ ၾကိမ္ေျမာက္သိန္းတစ္ေသာင္းခြဲ
ဒီကေန႔ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔မွာ ထြက္ရွိတဲ့ ေအာင္ဘာေလထီဆုႀကီးရဲ႕ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္ ဆင္ႏွစ္ေကာင္ေက်း႐ြာမွ ေက်ာင္းဆရာမတစ္ဦးရဲ႕ မိသားစုက ဆြတ္ခူးခဲ့တယ္လို႔ သိရပါတယ္။ ကံထူးနံပတ္ ဠ-၈၅၇၅၂၀ နံပတ္နဲ႔ ဆြတ္ခူးခဲ့တာျဖစ္ၿပီး ကိုေဇာ္မင္းထြန္း + ဆရာမေဒၚခိုင္ခိုင္ဝင္း မိသားစုတို႔က ကံထူးခဲ့တာလည္းျဖစ္ပါတယ္။ ဆရာမ ေဒၚခိုင္ခိုင္ဝင္း က ဆင္ႏွစ္ေကာင္ေက်း႐ြာက အလက(ခြဲ)မွာ KGတန္းျပ ဆရာမတစ္ဦးျဖစ္ၿပီး က်ဳံေပ်ာ္ၿမိဳ႕ ဦးစိုးသန္း ျမန္ျပည္ခ်မ္းသာထီဆိုင္ႀကီးကေန ကိုယ္စားလွယ္ယူၿပီးေရာင္းတဲ့ သူဆီက ကံထူးခဲ့တာပါ။
“ ကိုယ္စားလွယ္က ကြၽန္ေတာ္တို႔ထီဆိုင္က ျပန္ယူၿပီးေရာင္းတာ။ အခုေပါက္တဲ့ သူကလည္း ကိုယ္စားလွယ္ဆီကေနျပန္ေပါက္တာ။ ကြၽန္ေတာ္တို႔ဆီကေပါက္တာဆိုေတာ့လည္း ကံထူးရွင္မိသားစုနဲ႔အတူ ထပ္တူဝမ္းသာတာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ထီေရာင္းလာတာလည္း အႏွစ္ (၃၀)ေလာက္ရွိၿပီ အခုလို ထီဆုႀကီးက ကြၽန္ေတာ္တို႔ဆီကေန သူတို႔မိသားစုပထမဆုံးကံထူးခဲ့တာပဲ။ အတိုင္းမသိပါဘဲ “ လို႔ က်ဳံေပ်ာ္ၿမိဳ႕ ျမန္ျပည္ခ်မ္းသာထီဆိုင္ႀကီးမွ ဦးစိုးသန္းက ေျပာပါတယ္။ ကံထူးခဲ့တဲ့ မိသားစု အိမ္ကို ထီကိုယ္စားလွယ္က ထီလာေရာင္းလို႔ (၃)ေစာင္တြဲ ထိုးခဲ့ရာကေန အခုလို ကံထူးခဲ့တာျဖစ္တယ္လို႔ေျပာပါတယ္။
“ ကြၽန္ေတာ္တို႔က ထီတစ္ခါမွမေပါက္ဖူးဘူး။ မေပါက္လို႔ဆိုၿပီး မထိုးတာတစ္ႏွစ္ေလာက္ရွိၿပီ။ အခုလည္း ထီမထိုးတာၾကာၿပီ၊ ထီကိုယ္စားလွယ္က အိမ္ထိလာေရာင္းေတာ့ မိန္းမကလည္း ကံစမ္းလိုက္တာကေနေပါက္တာ။ ထီဆိုင္ကဖုန္းဆက္ေတာ့ အရမ္းဝမ္းသာတာေပါ့ဗ်ာ။ အခု႐ြာဘုန္းႀကီးေက်ာင္းမွာ သိမ္ေဆာက္ေနတာမၿပီးေသးဘူး၊ အဲဒါေတြၿပီးစီးေအာင္လႉဒါန္းသြားမယ္။ ႐ြာအတြက္ လိုအပ္တဲ့ သာေရး၊နာေရးေတြ၊ Ambulance ကားေတြလႉသြားမယ္၊ သားသမီးေတြေရွ႕ေရးအတြက္ကေတာ့ တိုင္ပင္ေဆြးေႏြးအုံးမယ္” လို႔ ကံထူးရွင္ကိုေဇာ္မင္းထြန္းက ေျပာပါတယ္။
သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ဇနီးေမာင္ႏွံမွာ (၄)ႏွစ္အ႐ြယ္သားတစ္ေယာက္နဲ႔ ၊ လသားအ႐ြယ္သမီးေလးတစ္ေယာက္ရွိပါတယ္။ ဇနီးက ေက်ာင္းဆရာမအလုပ္ကိုပဲ ပင္စည္ရတဲ့ထိလုပ္ကိုင္သြားဖို႔ရွိၿပီး ကိုေဇာ္မင္းထြန္းက လက္ရွိလုပ္ေနတဲ့ ဆိုင္ကယ္ျပင္ဆိုင္ေလးကိုပဲ တိုးခ်ဲ႕ၿပီး လုပ္ကိုင္သြားမယ္လို႔ ေျပာပါတယ္။
ဓူဝံ




Unicode







ကျောင်းဆရာမအလုပ်ကိုပဲ ပင်စည်ရတဲ့ထိလုပ်ကိုင်သွားမယ့် သိန်းတစ်သောင်းခွဲဆုရှင် ဇနီးမောင်နှံ


ဠ- ၈၅၇၅၂၀ နံပတ်နဲ့ ဆွတ်ခူးခဲ့တာပါ။ကျုံပျော်မြို့ ဆင်နှစ်ကောင်ကျေးရွာ အလက(ခွဲ)မှာ KGတန်းပြ ဆရာမတစ်ဦးမိသားစုက ကျုံပျော်မြို့ မြန်ပြည်ချမ်းသာထီဆိုင်ကြီးကနေ ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ သူဆီက (၃)စောင်တွဲထီကံစမ်းရင်း အခုလိုကံထူးခဲ့တာပါ။



ဒီကနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ဆင်နှစ်ကောင်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးရဲ့ မိသားစုက ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ကံထူးနံပတ် ဠ-၈၅၇၅၂၀ နံပတ်နဲ့ ဆွတ်ခူးခဲ့တာဖြစ်ပြီး ကိုဇော်မင်းထွန်း + ဆရာမဒေါ်ခိုင်ခိုင်ဝင်း မိသားစုတို့က ကံထူးခဲ့တာလည်းဖြစ်ပါတယ်။ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်း က ဆင်နှစ်ကောင်ကျေးရွာက အလက(ခွဲ)မှာ KGတန်းပြ ဆရာမတစ်ဦးဖြစ်ပြီး ကျုံပျော်မြို့ ဦးစိုးသန်း မြန်ပြည်ချမ်းသာထီဆိုင်ကြီးကနေ ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ သူဆီက ကံထူးခဲ့တာပါ။



“ ကိုယ်စားလှယ်က ကျွန်တော်တို့ထီဆိုင်က ပြန်ယူပြီးရောင်းတာ။ အခုပေါက်တဲ့ သူကလည်း ကိုယ်စားလှယ်ဆီကနေပြန်ပေါက်တာ။ ကျွန်တော်တို့ဆီကပေါက်တာဆိုတော့လည်း ကံထူးရှင်မိသားစုနဲ့အတူ ထပ်တူဝမ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ထီရောင်းလာတာလည်း အနှစ် (၃၀)လောက်ရှိပြီ အခုလို ထီဆုကြီးက ကျွန်တော်တို့ဆီကနေ သူတို့မိသားစုပထမဆုံးကံထူးခဲ့တာပဲ။ အတိုင်းမသိပါဘဲ “ လို့ ကျုံပျော်မြို့ မြန်ပြည်ချမ်းသာထီဆိုင်ကြီးမှ ဦးစိုးသန်းက ပြောပါတယ်။ ကံထူးခဲ့တဲ့ မိသားစု အိမ်ကို ထီကိုယ်စားလှယ်က ထီလာရောင်းလို့ (၃)စောင်တွဲ ထိုးခဲ့ရာကနေ အခုလို ကံထူးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။



“ ကျွန်တော်တို့က ထီတစ်ခါမှမပေါက်ဖူးဘူး။ မပေါက်လို့ဆိုပြီး မထိုးတာတစ်နှစ်လောက်ရှိပြီ။ အခုလည်း ထီမထိုးတာကြာပြီ၊ ထီကိုယ်စားလှယ်က အိမ်ထိလာရောင်းတော့ မိန်းမကလည်း ကံစမ်းလိုက်တာကနေပေါက်တာ။ ထီဆိုင်ကဖုန်းဆက်တော့ အရမ်းဝမ်းသာတာပေါ့ဗျာ။ အခုရွာဘုန်းကြီးကျောင်းမှာ သိမ်ဆောက်နေတာမပြီးသေးဘူး၊ အဲဒါတွေပြီးစီးအောင်လှူဒါန်းသွားမယ်။ ရွာအတွက် လိုအပ်တဲ့ သာရေး၊နာရေးတွေ၊ Ambulance ကားတွေလှူသွားမယ်၊ သားသမီးတွေရှေ့ရေးအတွက်ကတော့ တိုင်ပင်ဆွေးနွေးအုံးမယ်” လို့ ကံထူးရှင်ကိုဇော်မင်းထွန်းက ပြောပါတယ်။



သိန်းတစ်သောင်းခွဲ ကံထူးရှင် ဇနီးမောင်နှံမှာ (၄)နှစ်အရွယ်သားတစ်ယောက်နဲ့ ၊ လသားအရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ ဇနီးက ကျောင်းဆရာမအလုပ်ကိုပဲ ပင်စည်ရတဲ့ထိလုပ်ကိုင်သွားဖို့ရှိပြီး ကိုဇော်မင်းထွန်းက လက်ရှိလုပ်နေတဲ့ ဆိုင်ကယ်ပြင်ဆိုင်လေးကိုပဲ တိုးချဲ့ပြီး လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။

ဓူဝံ