လူေသဆုံးမႈေတြျဖစ္ေနတဲ့ အဆုတ္ေရာင္ေရာဂါ ဗိုင္းရပ္အသစ္ ကူးစက္ပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ရန္ အေမရိကန္အစိုးရက အမ်ားျပည္သူက်န္းမာေရး အေရးေပၚအေျခအေန ေၾကညာလိုက္ၿပီး လြန္ခဲ့တဲ့ ႏွစ္ပတ္အတြင္း တ႐ုတ္သို႔သြားေရာက္ခဲ့ဖူးတဲ့ ႏိုင္ငံျခားသားေတြကို ႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ ယာယီ ပိတ္ပင္လိုက္ပါတယ္။က်န္းမာေရး အေရးေပၚအေျခအေန ေၾကညာမႈဟာေဖေဖၚဝါရီ ၂ ရက္ေန႔မွာ စတင္သက္ေရာက္မွာပါ
ဇန္နဝါရီ ၃၁ ရက္မွာ အေမရိကန္အစိုးရက ထုတ္ျပန္လိုက္တဲ့ ကန႔္သတ္ခ်က္ေတြအရ ဗိုင္းရပ္စ္စတင္ေတြ႕ရွိရာ တ႐ုတ္အလယ္ပိုင္းျပည္နယ္မွ ျပန္လာခဲ့တဲ့ အေမရိကန္ႏိုင္ငံသားေတြကိုလည္း ၁၄ ရက္ၾကာ သီးသန႔္ထိန္းသိမ္းေစာင့္ၾကည့္သြားမယ္လို႔ က်န္းမာေရးဝန္ႀကီး Alex Azar က ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အျခား ေနရာေဒသမ်ားမွ ျပန္လာခဲ့တဲ့ အေမရိကန္ႏိုင္ငံသားေတြဟာ ႏိုင္ငံအတြင္းဝင္ေရာက္စဥ္ က်န္းမာေရးစစ္ေဆးမႈ ခံယူရမွာျဖစ္ၿပီး ၎တို႔ေနအိမ္မွာပင္ ကိုယ္တိုင္ သီးသန႔္ေနထိုင္ၿပီး က်န္းမာေရးအေျခအေန ေစာင့္ၾကည့္ခံရမယ္လို႔ ဆိုပါတယ္။ “ကို႐ိုနာဗိုင္းရပ္စ္ကို အေမရိကန္မွာ အမ်ားျပည္သူ က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ကြၽန္ေတာ္ ဒီေန႔ ေၾကညာလိုက္ပါတယ္” လို႔ Alex Azar က အိမ္ျဖဴေတာ္မွာျပဳလုပ္တဲ့ သတင္းထုတ္ျပန္မႈမွာ ေျပာပါတယ္။
ယခု ေၾကညာလိုက္တဲ့ အမ်ားျပည္သူက်န္းမာေရး အေရးေပၚအေျခအေနဟာ လာမယ့္ ေဖေဖၚဝါရီ ၂ ရက္ေန႔မွာ စတင္သက္ေရာက္မွာ ျဖစ္ပါတယ္။ အေမရိကန္မွာ ယေန႔ (ေဖေဖၚဝါရီ ၁ ရက္) အထိ ဗိုင္းရပ္စ္အသစ္ ကူးစက္ခံရသူ ၆ ဦး စစ္ေဆးအတည္ျပဳထားၿပီး လူတစ္ဦးမွတစ္ဦးသို႔ ကူးစက္မႈလည္း ေတြ႕ရွိထားပါတယ္။ အစိုးရက ယခုကဲ့သို႔ က်န္းမာေရး အေရးေပၚအေျခအေန ေၾကညာလိုက္ၿပီးေနာက္ အေမရိကန္ရွိ အဓိက ေလေၾကာင္းလိုင္းသုံးခုျဖစ္တဲ့ American, Delta နဲ႔ Unied တို႔က တ႐ုတ္ႏိုင္ငံသို႔ ပ်ံသန္းေနတဲ့ ေလေၾကာင္းခရီးစဥ္အားလုံးကို ဆိုင္းငံ့ထားေၾကာင္း ထုတ္ျပန္ပါတယ္။
ယမန္ႏွစ္ ဒီဇင္ဘာလကုန္ပိုင္းက တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာ ကူးစက္မႈစတင္ေတြ႕ခဲ့ရတဲ့ ဗိုင္းရပ္စ္အသစ္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) က ကမာၻလုံးဆိုင္ရာ အမ်ားျပည္သူက်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ယခုသီတင္းပတ္အတြင္း သတ္မွတ္ေၾကညာခဲ့ပါတယ္။အေမရိကန္ကဲ့သို႔ပင္ စင္ကာပူႏိုင္ငံကလည္း လူထုအၾကား ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ အႏၲရာယ္နည္းပါးေစရန္ ေဆာင္႐ြက္မႈတစ္ခုအျဖစ္ လတ္တ‌ေလာ ကာလအတြင္း တ႐ုတ္ျပည္မႀကီးသို႔ သြားေရာက္ခဲ့ဖူးသူေတြကို စင္ကာပူႏိုင္ငံအတြင္း ဝင္ခြင့္ျပဳေတာ့မွာမဟုတ္ေၾကာင္း ေၾကညာထားပါတယ္။ ႐ုရွားႏိုင္ငံကလည္း ဗိုင္းရပ္စ္အသစ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဟန႔္တားမႈအျဖစ္ တ႐ုတ္ႏိုင္ငံနဲ႔နယ္စပ္ကို ယာယီ ပိတ္ပင္ထားေၾကာင္း သိရပါတယ္။
ေဖေဖၚဝါရီ ၁ ရက္ မနက္ပိုင္းအထိ တ႐ုတ္ျပည္မႀကီး အပါအဝင္ ကမာၻတစ္ဝွမ္းမွာ ဗိုင္းရပ္စ္ကူးစက္ခံထားရသူ စုစုေပါင္း ၁၁,၉၄၆ ဦး စစ္ေဆးေတြ႕ရွိထားပါတယ္ ဝူဟန္ၿမိဳ႕မွာ စတင္ေတြ႕ရွိရၿပီး လတ္တေလာ ကမာၻတစ္ဝွမ္း ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ အဆုတ္ေရာင္ေရာဂါ ဗိုင္းရပ္အသစ္ကို WHO က Novel coronavirus (2019-nCoV) လို႔ ယာယီအမည္ ရည္ၫႊန္းသတ္မွတ္ထားပါတယ္။ ထိုဗိုင္းရပ္စ္စတင္ရာ အဓိကဇစ္ျမစ္ဟာ တိရိစာၦန္ျဖစ္ႏိုင္ေၾကာင္း WHO နဲ႔ တ႐ုတ္ကြၽမ္းက်င္ပညာရွင္ေတြက ယုံၾကည္ထားပါတယ္။ 2019-nCoV ဗိုင္းရပ္စ္ဟာ လူတစ္ဦးမွတစ္ဦးသို႔ ကူးစက္ေၾကာင္း တ႐ုတ္အစိုးရ ကြၽမ္းက်င္ပညာရွင္ေတြက အတည္ျပဳထားပါတယ္။ လူတစ္ဦးမွတစ္ဦးသို႔ ကူးစက္ႏိုင္မႈက ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ပိုမိုလ်င္ျမန္စြာနဲ႔ က်ယ္ျပန႔္စြာ ျဖစ္ေစႏိုင္ေၾကာင္းလည္း သိရပါတယ္။ ေဖေဖၚဝါရီ ၁ ရက္ မနက္ပိုင္းအထိ အတည္ျပဳစာရင္းေတြအရ ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္မွာ လူ ၂၅၉ ဦး ေသဆုံးၿပီး ကူးစက္ခံရသူ ၁၁,၇၉၁ ဦး ေတြ႕ရွိထားပါတယ္။
ေဖေဖၚဝါရီ ၁ ရက္ မနက္ပိုင္းအထိ တ႐ုတ္ျပည္မႀကီး အပါအဝင္ ကမာၻတစ္ဝွမ္းမွာ ဗိုင္းရပ္စ္ကူးစက္ခံထားရသူ စုစုေပါင္း ၁၁,၉၄၆ ဦး စစ္ေဆးေတြ႕ရွိ အတည္ျပဳထားပါတယ္။ တ႐ုတ္ျပည္မႀကီးရဲ႕ ေနရာေဒသအားလုံးမွာ ဗိုင္းရပ္စ္အသစ္ ကူးစက္မႈမ်ား ေတြ႕ရွိထားပါတယ္။ တ႐ုတ္ျပည္မႀကီးျပင္ပမွာ ဗိုင္းရပ္စ္ကူးစက္မႈမ်ားအျဖစ္ ဇန္နဝါရီ ၃၁ ရက္ ညပိုင္းအထိ ထိုင္းမွာ ၁၉ ဦး၊ ဂ်ပန္မွာ ၁၇ ဦး၊ စင္ကာပူမွာ ၁၆ ဦး၊ ေဟာင္ေကာင္မွာ ၁၃ ဦး၊ ေတာင္ကိုရီးယားမွာ ၁၁ ဦး၊ ထိုင္ဝမ္မွာ ၁၀ ဦး၊ ဩစေၾတးလ်မွာ ၉ ဦး၊ မေလးရွားမွာ ၈ ဦး၊ ဂ်ာမနီမွာ ၇ ဦး၊ မကာအိုမွာ ၇ ဦး၊ ျပင္သစ္မွာ ၆ ဦး၊ အေမရိကန္မွာ ၆ ဦး၊ ဗီယက္နမ္မွာ ၅ ဦး၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (ယူေအအီး) မွာ ၄ ဦး၊ ကေနဒါမွာ ၃ ဦး၊ အီတလီမွာ ၂ ဦး၊ ႐ုရွားမွာ ၂ ဦး၊ ၿဗိတိန္မွာ ၂ ဦး၊ ကေမာၻဒီးယားမွာ ၁ ဦး၊ ဖင္လန္မွာ ၁ ဦး၊ အိႏၵိယမွာ ၁ ဦး၊ နီေပါမွာ ၁ ဦး၊ ဖိလစ္ပိုင္မွာ ၁ ဦး၊ စပိန္မွာ ၁ ဦး၊ သီရိလကၤာမွာ ၁ ဦးနဲ႔ ဆြီဒင္မွာ ၁ ဦး ေတြ႕ရွိရပါတယ္။
ဓူဝံ



Unicode






ဝူဟန်ဗိုင်းရပ်စ်ကို အမေရိကန်မှာ အရေးပေါ်အခြေအနေ ကြေညာ၊ တရုတ်မှခရီးသွားဝင်ရောက်မှုများ ပိတ်ပင်


လူသေဆုံးမှုတွေဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ် ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အမေရိကန်အစိုးရက အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်သို့သွားရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာမှုဟာဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ စတင်သက်ရောက်မှာပါ



ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန်အစိုးရက ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်တွေအရ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်အလယ်ပိုင်းပြည်နယ်မှ ပြန်လာခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း ၁၄ ရက်ကြာ သီးသန့်ထိန်းသိမ်းစောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး Alex Azar က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ အခြား နေရာဒေသများမှ ပြန်လာခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေဟာ နိုင်ငံအတွင်းဝင်ရောက်စဉ် ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ၎င်းတို့နေအိမ်မှာပင် ကိုယ်တိုင် သီးသန့်နေထိုင်ပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံရမယ်လို့ ဆိုပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်မှာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကျွန်တော် ဒီနေ့ ကြေညာလိုက်ပါတယ်” လို့ Alex Azar က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းထုတ်ပြန်မှုမှာ ပြောပါတယ်။



ယခု ကြေညာလိုက်တဲ့ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေဟာ လာမယ့် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) အထိ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၆ ဦး စစ်ဆေးအတည်ပြုထားပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုလည်း တွေ့ရှိထားပါတယ်။ အစိုးရက ယခုကဲ့သို့ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် အမေရိကန်ရှိ အဓိက လေကြောင်းလိုင်းသုံးခုဖြစ်တဲ့ American, Delta နဲ့ Unied တို့က တရုတ်နိုင်ငံသို့ ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ပါတယ်။



ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်မှုစတင်တွေ့ခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) က ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယခုသီတင်းပတ်အတွင်း သတ်မှတ်ကြေညာခဲ့ပါတယ်။အမေရိကန်ကဲ့သို့ပင် စင်ကာပူနိုင်ငံကလည်း လူထုအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အန္တရာယ်နည်းပါးစေရန် ဆောင်ရွက်မှုတစ်ခုအဖြစ် လတ်တ‌လော ကာလအတွင်း တရုတ်ပြည်မကြီးသို့ သွားရောက်ခဲ့ဖူးသူတွေကို စင်ကာပူနိုင်ငံအတွင်း ဝင်ခွင့်ပြုတော့မှာမဟုတ်ကြောင်း ကြေညာထားပါတယ်။ ရုရှားနိုင်ငံကလည်း ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားမှုအဖြစ် တရုတ်နိုင်ငံနဲ့နယ်စပ်ကို ယာယီ ပိတ်ပင်ထားကြောင်း သိရပါတယ်။



ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၁၁,၉၄၆ ဦး စစ်ဆေးတွေ့ရှိထားပါတယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရပြီး လတ်တလော ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းအထိ အတည်ပြုစာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူ ၂၅၉ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၁၁,၇၉၁ ဦး တွေ့ရှိထားပါတယ်။



ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၁၁,၉၄၆ ဦး စစ်ဆေးတွေ့ရှိ အတည်ပြုထားပါတယ်။ တရုတ်ပြည်မကြီးရဲ့ နေရာဒေသအားလုံးမှာ ဗိုင်းရပ်စ်အသစ် ကူးစက်မှုများ တွေ့ရှိထားပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ ထိုင်းမှာ ၁၉ ဦး၊ ဂျပန်မှာ ၁၇ ဦး၊ စင်ကာပူမှာ ၁၆ ဦး၊ ဟောင်ကောင်မှာ ၁၃ ဦး၊ တောင်ကိုရီးယားမှာ ၁၁ ဦး၊ ထိုင်ဝမ်မှာ ၁၀ ဦး၊ ဩစတြေးလျမှာ ၉ ဦး၊ မလေးရှားမှာ ၈ ဦး၊ ဂျာမနီမှာ ၇ ဦး၊ မကာအိုမှာ ၇ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ အမေရိကန်မှာ ၆ ဦး၊ ဗီယက်နမ်မှာ ၅ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ အီတလီမှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ အိန္ဒိယမှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦး၊ စပိန်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရပါတယ်။

ဓူဝံ