
တရုတ္ႏုိင္ငံ ၀ူဟန္ၿမဳိ႕တြင္ ကုိရုိနာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြားေနသည့္ အဆုတ္ေရာင္ေရာဂါသည္ ႏွာေခါင္းစည္း တစ္ခုတည္းျဖင့္ အျပည့္အ၀ မကာကြယ္ႏုိင္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနဌာနမွဴး ဒုတိယ ညႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာနရုံးတြင္ ဇန္န၀ါရီ ၃၁ ရက္က က်င္းပေသာ ကုိရုိနာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ ပြားေသာ အဆုတ္ေရာင္ေရာဂါ ကာကြယ္တားဆီးေရး လုပ္ငန္းမ်ားအတြက္ အသုံးျပဳရန္ က်န္းမာေရးအေထာက္အကူျပဳ ပစၥည္း မ်ား ေပးအပ္လွဴဒါန္းပြဲတြင္ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။“ဒီ၀ူဟန္ဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သတင္းေတြကုိ အထူးသျဖင့္ကမၻာ႔ က်န္းမာေရးအဖြဲ႔ WHO က ထုတ္ျပန္တာေတြကုိပဲ ယုံၾကည္ ရပါမယ္။ သတင္းမွားေတြ သတင္းတုေတြကုိ မယုံၾကပါနဲ႔လုိ႔ ျပည္သူလူထုကုိလည္း ေမတၱာရပ္ခံလုိပါတယ္။ ေနာက္တစ္ ခုက Mask ေတြဟာ ေစ်းကြက္ထဲမွာ ျပတ္ထြက္သြားၿပီ။ က်န္ေနတဲ့ဟာေတြလည္း တစ္ရာတန္ကုိ သုံးရာနဲ႔ေရာင္းတာ။ငါးရာနဲ႔ ေရာင္း တာရင္ဆုိင္ေနရပါတယ္။ ေနာက္ျပည္သူလူထုကလည္း Mask ကုိ မတပ္ထားရင္ဘဲ မလုံၿခဳံေတာ့သလုိမ်ိဳး ျပည္သူ လူထုက ခံ စားေနရတာရွိပါတယ္။ ဒီ Mask တစ္ခုတည္းနဲ႔ေတာ့ အျပည့္အ၀မကာကြယ္ႏုိင္ဘူးဆုိတာေျပာခ်င္ပါတယ္”ဟု ၄င္းကေျပာသည္။

တရုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားခဲ့သည့္ ကုိရုိနာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြားေနေသာ အဆုတ္ေရာင္ေရာဂါသည္ လက္ရွိ ဇန္ န၀ါရီ ၃၁ ရက္ မြန္းလြဲပုိင္းအထိ ေရာဂါပုိး ကူးစက္ခံရသူ ၉၈၁၄ ဦး၊ ေသဆုံးသူ ၂၁၃ ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။ “အဓိက လက္ေဆးျခင္းကုိ ျပဳလုပ္ရပါမယ္။ ေနာက္နွာေစးေခ်ာင္းဆုိးလုိ႔ရွိရင္ အကာအကြယ္နဲ႔ျပဳလုပ္ျခင္း ဒါက အဓိကလုိအပ္ ခ်က္ဆုိတာ ကြ်န္ေတာ္တုိ႔ေျပာခ်င္ပါတယ္” ဟု ေဒါက္တာထြန္းျမင့္က ေျပာသည္။
အကုန္သိ
Unicode
ကိုရိုနာဗိုင်းရပ်စ်ပိုးအား နှာခေါင်းစည်းဖြင့် အပြည့်အဝကာကွယ်နိုင်မည် မဟုတ်ကြောင်း ဒေါက်တာ ထွန်းမြင့်ပြော
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါသည် နှာခေါင်းစည်း တစ်ခုတည်းဖြင့် အပြည့်အဝ မကာကွယ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဌာနမှူး ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ဇန်နဝါရီ ၃၁ ရက်က ကျင်းပသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်း များ ပေးအပ်လှူဒါန်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။“ဒီဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းတွေကို အထူးသဖြင့်ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တာတွေကိုပဲ ယုံကြည် ရပါမယ်။ သတင်းမှားတွေ သတင်းတုတွေကို မယုံကြပါနဲ့လို့ ပြည်သူလူထုကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ နောက်တစ် ခုက Mask တွေဟာ စျေးကွက်ထဲမှာ ပြတ်ထွက်သွားပြီ။ ကျန်နေတဲ့ဟာတွေလည်း တစ်ရာတန်ကို သုံးရာနဲ့ရောင်းတာ။ငါးရာနဲ့ ရောင်း တာရင်ဆိုင်နေရပါတယ်။ နောက်ပြည်သူလူထုကလည်း Mask ကို မတပ်ထားရင်ဘဲ မလုံခြုံတော့သလိုမျိုး ပြည်သူ လူထုက ခံ စားနေရတာရှိပါတယ်။ ဒီ Mask တစ်ခုတည်းနဲ့တော့ အပြည့်အဝမကာကွယ်နိုင်ဘူးဆိုတာပြောချင်ပါတယ်”ဟု ၄င်းကပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါသည် လက်ရှိ ဇန် နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းအထိ ရောဂါပိုး ကူးစက်ခံရသူ ၉၈၁၄ ဦး၊ သေဆုံးသူ ၂၁၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ “အဓိက လက်ဆေးခြင်းကို ပြုလုပ်ရပါမယ်။ နောက်နှာစေးချောင်းဆိုးလို့ရှိရင် အကာအကွယ်နဲ့ပြုလုပ်ခြင်း ဒါက အဓိကလိုအပ် ချက်ဆိုတာ ကျွန်တော်တို့ပြောချင်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။
အကုန်သိ
0 Comments