
တစ္ကမၻာလံုးက စိုးရိမ္တၾကီးျဖစ္ေနၾကတဲ့ ဝူဟန္ဗိုင္းရပ္စ္က အခုဆိုရင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး(WHO)ကေတာင္ ႏိုင္ငံတကာက်န္းမာေရးအေရးေပၚအေျခအေနအျဖစ္ ေၾကညာလိုက္ျပီ ျဖစ္ပါတယ္။ ဒီေန့မနက္ပိုင္းမွာလည္း ဝူဟန္ဗိုင္းရပ္စ္ သံသယရိွသူတစ္ေယာက္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေတြ့ရိွခဲ့တာေၾကာင့္ ျပည္သူေတြက ေၾကာက္ရြံ့ေနၾကျပီ ျဖစ္ပါတယ္။ Sinon Loresca ကေတာ့ ျမန္မာျပည္သူေတြအေနနဲ့ မစိုးရိမ္ဖို့ကို အခုလိုပဲ ေျပာထားပါတယ္။

“Coronavirus (ဝူဟန္ဗိုင္းရပ္စ္) ကေတာ့ နိုင္ငံအခ်ိဳ့မွာ အနီေရာင္အဆင့္ထိ ေရာက္ရိွေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို့အေနနဲ့ ကိုယ့္က်န္းမာေရးကို ဂရုစိုက္ၾကမယ္ဆိုရင္ ေၾကာက္ေနစရာမရိွပါဘူး။ ကၽြန္ေတာ္တို့ အားရိွေစမယ့္ ေဆးဝါးေတြနဲ့ အစားအစာေတြ စားေသာက္ျပီး ကုိယ္ခံစြမ္းအားကို တုိးျမွင့္နိုင္ပါတယ္။”


“ကၽြန္ေတာ္တို့အေနနဲ့ ပတ္ဝန္းက်င္ကို အျမဲမျပတ္ ေစာင့္ၾကည့္သတိထားေနဖို့ေတာ့ လိုပါတယ္။ ဝူဟန္ဗိုင္းရပ္စ္ကို နိုင္ငံတကာက စိုးရိမ္ေနၾကတာ ျဖစ္ေပမယ့္ ကၽြန္ေတာ္တို့ ဒီဗိုင္းရပ္စ္ ထပ္ျပီးမပ်ံ့ပြားေအာင္ အတူတကြ တိုက္ထုတ္လို့ရပါတယ္။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့အသိုင္းအဝုိင္းမွာ ကၽြန္ေတာ္လုပ္နိုင္တဲ့အပိုင္းေတြကို ၾကိဳးစားျပီး လုပ္ကိုင္ေနပါတယ္။ ခင္မ်ားတို့လည္း လုပ္နိုင္လိမ့္မယ္ဆိုတာ ကၽြန္ေတာ္သိတယ္။”


” ေရာဂါကာကြယ္ဖို့ Mask ေတြေရာင္းခ်ေနတဲ့ဆိုင္ေတြကို ေျပာခ်င္တာကေတာ့ ခင္မ်ားတို့က အျမတ္ရခ်င္လို့ ေရာင္းတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ သင့္တင့္မွ်တတဲ့ ေစ်းနႈန္းေတြနဲ့သာ ေရာင္းခ်ေစခ်င္ပါတယ္။ ဒီအေျခအေနဆိုးၾကီးကို အခြင့္အေရးယူျပီး အျမတ္မထုတ္ခ်င္ပါနဲ့ခင္ဗ်ာ။ ”


” ကၽြန္ေတာ္တို့အခ်င္းခ်င္း ရိုင္းပင္းကူညီစြာနဲ့ ဒီေရာဂါဆိုးၾကီး ပ်ံ့ပြားတာ ရပ္တန့္သြားေအာင္ ကူညီၾကမယ္ေလ။ ” ဆိုျပီး Sinon က သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာထားတာပဲ ျဖစ္ပါတယ္။


Sinon ကေတာ့ သူကိုယ္တိုင္ ဗိုင္းရပ္စ္ပ်ံ့ပြားမႈ ရပ္တန့္သြားေအာင္ Mask ေတြကို လိုက္လံေဝငွေပးေနလ်က္ရိွပါတယ္။ Sinon ေျပာသလိုပဲ အခ်င္းခ်င္းစည္းလံုးရင္ ဒီေရာဂါၾကီးကို အနည္းနဲ့အမ်ား ကာကြယ္နုိင္မယ္လို့ ထင္ပါတယ္။

မုိမုိေလး
Unicode
ဝူဟန်ကပ်ဆိုးကြီးကို ခံစားနေရချိန်မှာ Mask ရောင်းချသူတွေကို အမြတ်ကြီးမစားပါနဲ့လို့ ပြောလာတဲ့ Sinon
တစ်ကမ္ဘာလုံးက စိုးရိမ်တကြီးဖြစ်နေကြတဲ့ ဝူဟန်ဗိုင်းရပ်စ်က အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကတောင် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူတစ်ယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိခဲ့တာကြောင့် ပြည်သူတွေက ကြောက်ရွံ့နေကြပြီ ဖြစ်ပါတယ်။ Sinon Loresca ကတော့ မြန်မာပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့ကို အခုလိုပဲ ပြောထားပါတယ်။
“Coronavirus (ဝူဟန်ဗိုင်းရပ်စ်) ကတော့ နိုင်ငံအချို့မှာ အနီရောင်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြမယ်ဆိုရင် ကြောက်နေစရာမရှိပါဘူး။ ကျွန်တော်တို့ အားရှိစေမယ့် ဆေးဝါးတွေနဲ့ အစားအစာတွေ စားသောက်ပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်နိုင်ပါတယ်။”
“ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်သတိထားနေဖို့တော့ လိုပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကို နိုင်ငံတကာက စိုးရိမ်နေကြတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ဒီဗိုင်းရပ်စ် ထပ်ပြီးမပျံ့ပွားအောင် အတူတကွ တိုက်ထုတ်လို့ရပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့အသိုင်းအဝိုင်းမှာ ကျွန်တော်လုပ်နိုင်တဲ့အပိုင်းတွေကို ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ ခင်များတို့လည်း လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်။”
” ရောဂါကာကွယ်ဖို့ Mask တွေရောင်းချနေတဲ့ဆိုင်တွေကို ပြောချင်တာကတော့ ခင်များတို့က အမြတ်ရချင်လို့ ရောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သင့်တင့်မျှတတဲ့ စျေးနှုန်းတွေနဲ့သာ ရောင်းချစေချင်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို အခွင့်အရေးယူပြီး အမြတ်မထုတ်ချင်ပါနဲ့ခင်ဗျာ။ ”
” ကျွန်တော်တို့အချင်းချင်း ရိုင်းပင်းကူညီစွာနဲ့ ဒီရောဂါဆိုးကြီး ပျံ့ပွားတာ ရပ်တန့်သွားအောင် ကူညီကြမယ်လေ။ ” ဆိုပြီး Sinon က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာပဲ ဖြစ်ပါတယ်။
Sinon ကတော့ သူကိုယ်တိုင် ဗိုင်းရပ်စ်ပျံ့ပွားမှု ရပ်တန့်သွားအောင် Mask တွေကို လိုက်လံဝေငှပေးနေလျက်ရှိပါတယ်။ Sinon ပြောသလိုပဲ အချင်းချင်းစည်းလုံးရင် ဒီရောဂါကြီးကို အနည်းနဲ့အများ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။
မိုမိုလေး
0 Comments