ဒီေန႔ နံနက္ မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းထဲ ဝုလ္ဗ္ အသင္း နဲ႔ ရင္ဆိုင္ ကစား ခဲ့ရ ၿပီး ဂိုး မရွိ သေရ ရလဒ္သာ ထြက္ေပၚ ခဲ့ရ ပါတယ္ ။ ဒါဟာ အမွတ္ေပး ဇယား အဆင့္ 4 ေနရာ မွ ခ်ဲလ္ဆီး တို႔ ရလဒ္ က်ဆင္း ခဲ့ခ်ိန္ ယူနိုက္တက္ တို႔ အခြင့္အေရး အရ မယူ နိုင္ခဲ့ျခင္း ပါပဲ ။ အျခား တစ္ဖက္ မွာေတာ့ ရွက္ဖီး ယူနိုက္တက္ အသင္း ဟာ အနိုင္ ရလဒ္ ရွာေဖြ ခဲ့ၿပီး အဆင့္ 5 ေနရာ ကို သိမ္းပိုက္ သြားခဲ့ ပါၿပီ ။
အဆိုပါ ပြဲစဥ္ မွာေတာ့ ယူနိုက္တက္ အသင္း ရဲ့ ကစားသမား သစ္ ျဖစ္တဲ့ ဘ႐ူနို ဖာနန္ဒက္စ္ဟာ ပြဲထြက္ ကစားခြင့္ ရရွိ ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ 90 အျပည့္ ကစား ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ သူဟာ အသင္း သစ္ အတြက္ ထူးျခား ေစတဲ့ အက်ိဳး သက္ေရာက္မႈ မလုပ္ေဆာင္ နိုင္ခဲ့ ပါဘူး ။ သို႔ေပမယ့္ ေကာင္းမြန္တဲ့ အေဝး ကန္ခ်က္ ေတြနဲ႔ အတူ ဘ႐ူနို ဟာ ယူနိုက္တက္ ပရိသတ္ ေတြကို ရင္ခုန္မႈ ေတြေတာ့ ေပးစြမ္း သြားနိုင္ ခဲ့ ပါတယ္ ။
ဒီပြဲ မွာေတာ့ ႏွစ္ဖက္ အသင္း ရဲ့ ခံစစ္ ကစားသမား ေတြနဲ႔ ဂိုး သမား ေတြဟာ ပုံစံေကာင္း ျပသ နိုင္ခဲ့ ၾကၿပီး သေရ တစ္မွတ္ ရရွိ ေစခဲ့ ၾကတာ ပဲ ျဖစ္ပါတယ္ ။ ယူနိုက္တက္ အတြက္ ေတာ့ နည္းၿပ ဆိုးလ္ရွား လက္ေအာက္ မွာ ဝုလ္ဗ္ အသင္း နဲ႔ ေတြ႕တိုင္း ရလဒ္ ေကာင္း ပိုင္ဆိုင္ နိုင္ဖို႔ ႐ုန္းကန္ ရတဲ့ ေနာက္ထပ္ ပြဲစဥ္ တစ္ပြဲကို ျမင္ေတြ႕ ခဲ့ရျခင္း ပါပဲ ။ အဆိုပါ ပြဲစဥ္မွ ေျပာစရာ ျဖစ္ခဲ့ ရတဲ့ အခ်က္ 5 ခ်က္ကို ေဖာ္ၿပ ေပးလိုက္ ပါတယ္ ။
(1) ဘ႐ူနို ဖာနန္ဒက္စ္ ကို ေစာင့္ၾကည့္ ေနခဲ့ ၾကသူမ်ား
ဒီေန႔ ပြဲစဥ္ မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ရဲ့ ပရိသတ္ အမ်ားစု ဟာ အေျပာင္းအေရႊ႕ ရာသီ ေတြ အတြင္း မွာ အခ်ိန္ အေတာ္ၾကာ လုွပ္ရွား ၿပီးမွ ခက္ခက္ခဲခဲ ပိုင္ဆိုင္ခဲ့ ရတဲ့ ကစားသမား သစ္ ဘ႐ူနို ဖာနန္ဒက္စ္ ကို အထူး ေစာင့္ၾကည့္ ေလ့လာ ခဲ့ ၾကတာ အေသအခ်ာ ပါပဲ ။ ဘ႐ူနို ဟာ အသင္း အတြက္ ပထမဆုံး အႀကိမ္ အျဖစ္ ကစား ေပးတဲ့ ပြဲစဥ္ မွာ ဘယ္လို အေျပာင္းအလဲမ်ိဳး ေတြကို လုပ္ေဆာင္ ေပးနိုင္ မလဲ ဆိုတာ သူတို႔ ေတြ စိတ္ဝင္စား ခဲ့ၾက ပါတယ္ ။
ပြဲခ်ိန္ ပထမပိုင္း အတြင္း မွာေတာ့ ယူနိုက္တက္ ကစားသမား ေတြဟာ ေဘာလုံး ရရွိ ခဲ့တဲ့ အခ်ိန္ ေတြမွာ ဘ႐ူနို ဆီကို အႀကိမ္ အမ်ားဆုံး ေဘာလုံး ေပးပို႔ ခဲ့ ၾကတာ ကို ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ အေစာပိုင္း မိနစ္ ေတြမွာ သူဟာ ေဘာလုံး ေပးတာ မွားခဲ့ သလို ဂိုးေပါက္ ကန္ခ်က္ ေတြ ကလည္း လြဲေခ်ာ္ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ ေနာက္ပိုင္း မိနစ္ေတြ မွာေတာ့ သူ႔ရဲ့ ေဘာလုံး ထိခ်က္ နဲ႔ ကစားပုံ ေတြက တိုးတက္ ေကာင္းမြန္ လာခဲ့ ပါတယ္ ။
သူဟာ အေဝး ကန္ခ်က္ ေတြနဲ႔ အတူ ၿပိဳင္ဖက္ အသင္း ရဲ့ ဂိုးေပါက္ကို အေတာ္ေလး ၿခိမ္းေျခာက္ နိုင္ခဲ့သလို တည္ကန္ေဘာ ေတြလည္း ေကာင္းေကာင္း ကန္ၿပ နိုင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ သူ႔ရဲ့ ပိုေကာင္းတဲ့ ပုံစံ ေတြကို ျမင္ေတြ႕ ရဖို႔ အတြက္ ေဘးနား မွာ ကစား ေနတဲ့ ကစားသမား ေတြလည္း ေကာင္းဖို႔ လိုအပ္ ေနပါ ေသးတယ္ ။ ဒီပြဲ မွာေတာ့ ယူနိုက္တက္ တိုက္စစ္ ကစား သမား ေတြရဲ့ စြမ္းေဆာင္ရည္ က်ဆင္း ခဲ့မႈ နဲ႔ အတူ ဘ႐ူနို ဟာလည္း နာမည္ မရခဲ့ ပါဘူး ။
(2) ပုံစံေကာင္းေတြ ဆက္တိုက္ ေပ်ာက္ဆုံး ေနခဲ့တဲ့ ဒန္နီယယ္ ဂ်ိမ္းစ္
ၾသဂုတ္လ အတြင္း ပုံစံေကာင္းေတြ ျပနိုင္ ခဲ့လို႔ ယူနိုက္တက္ အသင္း မွာ ပုံမွန္ ပြဲထြက္ ခြင့္ေတြ ပိုင္ဆိုင္ ခဲ့တဲ့ ဒန္နီယယ္ ဂ်ိမ္းစ္ ဟာ ေပ်ာက္ဆုံး ေနခဲ့ ပါၿပီ ။ သူဟာ ၾသဂုတ္လ 31ရက္ေန႔ က အသင္း အတြက္ တတိယေျမာက္ သြင္းဂိုး ကို သြင္းယူ ေပးနိုင္ ခဲ့ပါတယ္ ။ ဒါေပမယ့္ အဲ့ဒီေနာက္ ကလပ္ နဲ႔ လက္ေရြးစင္ အသင္းေတြ အတြက္ ကစား ေပးခဲ့တဲ့ 33 ပြဲမွာ သူဟာ ဂိုးမသြင္း နိုင္ခဲ့ ပါဘူး ။
ယူနိုက္တက္ ကလည္း ပထမဆုံး ရာသီ မွာပဲ သူ႔ဆီက ဂိုးေတြ အမ်ားႀကီး ရနိုုင္မယ္ ဆိုတဲ့ ယုံၾကည္ခ်က္ အျပည့္ နဲ႔ ေခၚယူ ခဲ့တာ ေတာ့ မဟုတ္ ပါဘူး ။ ဒါေပမယ့္ သူ႔ဆီက ေကာင္းမြန္တဲ့ ကစားအား ၊ အခြင့္အေရး ဖန္တီးမႈ ၊ ဂိုး ဖန္တီးမႈ ေတြနဲ႔ အသင္း အေပၚ အက်ိဳး သက္ေရာက္မႈ ေတြ လုပ္ေဆာင္ ေပးနိုင္ ဖို႔ ေမၽွာ္လင့္ ေနခဲ့တာ ေတာ့ အေသအခ်ာ ပါပဲ ။ ဒါေပမယ့္ လက္ရွိ သူ႔ရဲ့ ေျခစြမ္းက ေမၽွာ္လင့္ ထားခဲ့ သေလာက္ ထူး မလာခဲ့ ပါဘူး ။
(3) ဘိုလီ ျပန္လာၿပီ
ေျခခ်င္းဝတ္ ဒဏ္ရာ ရရွိ ခဲ့ျခင္း ေၾကာင့္ အနားယူ ကုသ ေနခဲ့ ရတဲ့ ဝုလ္ဗ္ အသင္း ရဲ့ ခံစစ္ ကစားသမား တစ္ဦး ျဖစ္သူ ဝီလီ ဘိုလီ ဟာ အသင္း အတြက္ ျပန္လည္ ကစား ေပးနိုင္ ခဲ့ ပါၿပီ ။ သူဟာ အသင္း အတြက္ ျပန္လည္ ကစားေပး ခဲ့တဲ့ ပြဲစဥ္ မွာပဲ Clean Sheet ရယူ ေပးနိုင္ခဲ့ သလို အသင္း အတြက္ ဘယ္ေလာက္ အထိ အေရး ပါတဲ့ ကစားသမား ျဖစ္သလဲ ဆိုတာ သက္ေသ ျပသြား နိုင္ခဲ့ ပါတယ္ ။
အရပ္ 6 ေပ 5 လက္မ ရွိတဲ့ ဘိုလီ ဟာ အသင္း ရဲ့ ခံစစ္ မွာ အေတာ္ေလး ေကာင္းေအာင္ ကစား နိုင္ခဲ့ သလို အျမင့္ေဘာ ေတြကို လည္း အႀကိမ္ အေတာ္ မ်ားမ်ား ဦးယူ နိုင္ခဲ့ ၿပီး တည္တည္ၿငိမ္ၿငိမ္ ကစားၿပ သြားနိုင္ ခဲ့ ပါတယ္ ။ သူ အခုလို ျပန္လည္ ပါဝင္ၿပီး ပုံစံေကာင္း ျပသ နိုင္ခဲ့ ျခင္းက နည္းၿပ ႏူနို ဆန္းတုု႔ိစ္ အတြက္ ေတာ့ တစ္ကယ့္ ကို အားတက္ စရာ ပါပဲ ။
(4) ႏွစ္သင္း အၾကား အဓိက ျခားနားခ်က္
သူတို႔ ႏွစ္သင္းလုံးဟာ ပြဲစဥ္ မတိုင္မီ တုန္းက ရမွတ္ တူညီ ခဲ့ ၾက ပါတယ္ ။ ဒါေပမယ့္ အံဖြယ္ အရာ ကေတာ့ ပြဲစဥ္ ၿပီးဆုံး ခဲ့တဲ့ အခါ မွာလည္း သူတို႔ ႏွစ္သင္း ရမွတ္ တူညီ ေနၾကဆဲ ပါပဲ ။ လက္ရွိ အခ်ိန္ မွာ သူတို႔ ႏွစ္သင္းလုံး ဟာ ယူရို ပါလိဂ္ ဝင္ခြင့္ ရရွိ နိုင္မယ့္ ေနရာ မွာပဲ ဆက္လက္ ရပ္တည္ ေနၾကဆဲ ပါပဲ ။ သူတို႔ ႏွစ္သင္းလုံး ရဲ့ ဒီ ရာသီ အတြင္း ကစားပုံ ကလည္း အေတာ္ေလး တူညီ ေနခဲ့ သလို ေျခစြမ္း နဲ႔ ရလဒ္ တညိၿငိမ္မႈ မရွိျခင္း ကလည္း တူညီ ေနခဲ့ ပါတယ္ ။
ဒါေပမယ့္ နည္းျပခ်င္း ယွဥ္ၾကည့္ လိုက္တဲ့ အခါ မွာေတာ့ ျခားနားခ်က္ စတင္ ေတြ႕ရွိ ခဲ့ရ ပါတယ္ ။ အကယ္လို႔ နည္းၿပ ႏွစ္ဦး ကို အသင္းေျပာင္း ကိုင္ၿပီး ကစား ေစလိုက္မယ္ ဆိုရင္ ႏူနို ဆန္းတို႔စ္ ဟာ ဆိုးလ္ရွားထက္ ပိုၿပီး ယုံၾကည္မႈ အျပည့္ နဲ႔ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ကို ေမာင္းႏွင္ ေပးသြား နိုင္မွာ အေသအခ်ာ ပါပဲ ။ ဒါ့အျပင္ သူဟာ ဆိုးလ္ရွားထက္ ပိုၿပီး နည္း စနစ္ပိုင္း ႂကြယ္ဝ တာကို ပြဲစဥ္ အေတာ္ မ်ားမ်ား မွာ ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။
(5) ဇာတ္လမ္း ၿပီးဆုံးသြား ပါၿပီ
ဒါဟာ ဒီရာသီ အတြင္း ယူနိုက္တက္ နဲ႔ ဝုလ္ဗ္ တို႔ 4 ႀကိမ္ေျမာက္ ေတြ႕ဆုံ ခဲ့ ရျခင္း ပါပဲ ။ ဒါေပမယ့္ ႏွစ္သင္း အၾကား ျခားနားခ်က္ ေထြေထြထူးထူး မရွိ ခဲ့ဘူးလို႔ ေျပာမယ္ ဆိုရင္ မၽွတ ေနပါ လိမ့္မယ္ ။ သူတို႔ ေတြ႕ဆုံ ခဲ့တဲ့ ေလးပြဲ မွာ သုံးပြဲ သေရ ရလဒ္ ထြက္ေပၚ ခဲ့ၿပီး ယူနိုက္တက္ ကေတာ့ FA ဖလား ၿပိဳင္ပြဲ မွာ မာတာ ရဲ့ တစ္လုံး တည္းေသာ သြင္းဂိုး နဲ႔ ယူနိုက္တက္ ကို နိုင္ေစ ခဲ့ ပါတယ္ ။
ဒီေန႔ ပြဲစဥ္ မွာလည္း ဘယ္ အသင္း ပိုသာ သလဲ ဆိုတာ ကို သိသိသာသာ မျမင္ေတြ႕ ခဲ့ရ ပါဘူး ။ ဒါ့ေၾကာင့္ လက္ရွိ အေနအထား အရေတာ့ သူတို႔ရဲ့ ေတြ႕ဆုံ ခဲ့မႈ ေတြက ရလဒ္ပိုင္း အရ အားရ စရာ မရွိခဲ့ဘူး လို႔ပဲ ဆိုရ ပါ ေတာ့မယ္ ။ အခုေတာ့ ဒီ ေဘာလုံး ရာသီ အတြက္ ဒီ ႏွစ္သင္း ရဲ့ ထိပ္တိုက္ ေတြ႕ဆုံမႈ က ဒီမွာတင္ ၿပီးဆုံး သြားခဲ့ရ ပါၿပီ ။
#Sports_Myanmar
Unicode
ချဲလ်ဆီးတို့ သရေရလဒ် ထွက်ပေါ်ခဲ့ချိန် အိမ်ရှင်တို့ အခွင့်အရေး အရ မယူ နိုင်ခဲ့တဲ့ ယူနိုက်တက် 0 – 0 ဝုလ်ဗ် ပွဲစဉ်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် 5 ချက်
ဒီနေ့ နံနက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဝုလ်ဗ် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ရ ပြီး ဂိုး မရှိ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။ ဒါဟာ အမှတ်ပေး ဇယား အဆင့် 4 နေရာ မှ ချဲလ်ဆီး တို့ ရလဒ် ကျဆင်း ခဲ့ချိန် ယူနိုက်တက် တို့ အခွင့်အရေး အရ မယူ နိုင်ခဲ့ခြင်း ပါပဲ ။ အခြား တစ်ဖက် မှာတော့ ရှက်ဖီး ယူနိုက်တက် အသင်း ဟာ အနိုင် ရလဒ် ရှာဖွေ ခဲ့ပြီး အဆင့် 5 နေရာ ကို သိမ်းပိုက် သွားခဲ့ ပါပြီ ။
အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း ရဲ့ ကစားသမား သစ် ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး ပွဲချိန် မိနစ် 90 အပြည့် ကစား ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ အသင်း သစ် အတွက် ထူးခြား စေတဲ့ အကျိုး သက်ရောက်မှု မလုပ်ဆောင် နိုင်ခဲ့ ပါဘူး ။ သို့ပေမယ့် ကောင်းမွန်တဲ့ အဝေး ကန်ချက် တွေနဲ့ အတူ ဘရူနို ဟာ ယူနိုက်တက် ပရိသတ် တွေကို ရင်ခုန်မှု တွေတော့ ပေးစွမ်း သွားနိုင် ခဲ့ ပါတယ် ။
ဒီပွဲ မှာတော့ နှစ်ဖက် အသင်း ရဲ့ ခံစစ် ကစားသမား တွေနဲ့ ဂိုး သမား တွေဟာ ပုံစံကောင်း ပြသ နိုင်ခဲ့ ကြပြီး သရေ တစ်မှတ် ရရှိ စေခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် အတွက် တော့ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ဝုလ်ဗ် အသင်း နဲ့ တွေ့တိုင်း ရလဒ် ကောင်း ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် ရတဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲကို မြင်တွေ့ ခဲ့ရခြင်း ပါပဲ ။ အဆိုပါ ပွဲစဉ်မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။
(1) ဘရူနို ဖာနန်ဒက်စ် ကို စောင့်ကြည့် နေခဲ့ ကြသူများ
ဒီနေ့ ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် အများစု ဟာ အပြောင်းအရွှေ့ ရာသီ တွေ အတွင်း မှာ အချိန် အတော်ကြာ လုှပ်ရှား ပြီးမှ ခက်ခက်ခဲခဲ ပိုင်ဆိုင်ခဲ့ ရတဲ့ ကစားသမား သစ် ဘရူနို ဖာနန်ဒက်စ် ကို အထူး စောင့်ကြည့် လေ့လာ ခဲ့ ကြတာ အသေအချာ ပါပဲ ။ ဘရူနို ဟာ အသင်း အတွက် ပထမဆုံး အကြိမ် အဖြစ် ကစား ပေးတဲ့ ပွဲစဉ် မှာ ဘယ်လို အပြောင်းအလဲမျိုး တွေကို လုပ်ဆောင် ပေးနိုင် မလဲ ဆိုတာ သူတို့ တွေ စိတ်ဝင်စား ခဲ့ကြ ပါတယ် ။
ပွဲချိန် ပထမပိုင်း အတွင်း မှာတော့ ယူနိုက်တက် ကစားသမား တွေဟာ ဘောလုံး ရရှိ ခဲ့တဲ့ အချိန် တွေမှာ ဘရူနို ဆီကို အကြိမ် အများဆုံး ဘောလုံး ပေးပို့ ခဲ့ ကြတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါပေမယ့် အစောပိုင်း မိနစ် တွေမှာ သူဟာ ဘောလုံး ပေးတာ မှားခဲ့ သလို ဂိုးပေါက် ကန်ချက် တွေ ကလည်း လွဲချော် ခဲ့ရ ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း မိနစ်တွေ မှာတော့ သူ့ရဲ့ ဘောလုံး ထိချက် နဲ့ ကစားပုံ တွေက တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။
သူဟာ အဝေး ကန်ချက် တွေနဲ့ အတူ ပြိုင်ဖက် အသင်း ရဲ့ ဂိုးပေါက်ကို အတော်လေး ခြိမ်းခြောက် နိုင်ခဲ့သလို တည်ကန်ဘော တွေလည်း ကောင်းကောင်း ကန်ပြ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ပိုကောင်းတဲ့ ပုံစံ တွေကို မြင်တွေ့ ရဖို့ အတွက် ဘေးနား မှာ ကစား နေတဲ့ ကစားသမား တွေလည်း ကောင်းဖို့ လိုအပ် နေပါ သေးတယ် ။ ဒီပွဲ မှာတော့ ယူနိုက်တက် တိုက်စစ် ကစား သမား တွေရဲ့ စွမ်းဆောင်ရည် ကျဆင်း ခဲ့မှု နဲ့ အတူ ဘရူနို ဟာလည်း နာမည် မရခဲ့ ပါဘူး ။
(2) ပုံစံကောင်းတွေ ဆက်တိုက် ပျောက်ဆုံး နေခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ်
သြဂုတ်လ အတွင်း ပုံစံကောင်းတွေ ပြနိုင် ခဲ့လို့ ယူနိုက်တက် အသင်း မှာ ပုံမှန် ပွဲထွက် ခွင့်တွေ ပိုင်ဆိုင် ခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ် ဟာ ပျောက်ဆုံး နေခဲ့ ပါပြီ ။ သူဟာ သြဂုတ်လ 31ရက်နေ့ က အသင်း အတွက် တတိယမြောက် သွင်းဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ ဒါပေမယ့် အဲ့ဒီနောက် ကလပ် နဲ့ လက်ရွေးစင် အသင်းတွေ အတွက် ကစား ပေးခဲ့တဲ့ 33 ပွဲမှာ သူဟာ ဂိုးမသွင်း နိုင်ခဲ့ ပါဘူး ။
ယူနိုက်တက် ကလည်း ပထမဆုံး ရာသီ မှာပဲ သူ့ဆီက ဂိုးတွေ အများကြီး ရနိုုင်မယ် ဆိုတဲ့ ယုံကြည်ချက် အပြည့် နဲ့ ခေါ်ယူ ခဲ့တာ တော့ မဟုတ် ပါဘူး ။ ဒါပေမယ့် သူ့ဆီက ကောင်းမွန်တဲ့ ကစားအား ၊ အခွင့်အရေး ဖန်တီးမှု ၊ ဂိုး ဖန်တီးမှု တွေနဲ့ အသင်း အပေါ် အကျိုး သက်ရောက်မှု တွေ လုပ်ဆောင် ပေးနိုင် ဖို့ မျှော်လင့် နေခဲ့တာ တော့ အသေအချာ ပါပဲ ။ ဒါပေမယ့် လက်ရှိ သူ့ရဲ့ ခြေစွမ်းက မျှော်လင့် ထားခဲ့ သလောက် ထူး မလာခဲ့ ပါဘူး ။
(3) ဘိုလီ ပြန်လာပြီ
ခြေချင်းဝတ် ဒဏ်ရာ ရရှိ ခဲ့ခြင်း ကြောင့် အနားယူ ကုသ နေခဲ့ ရတဲ့ ဝုလ်ဗ် အသင်း ရဲ့ ခံစစ် ကစားသမား တစ်ဦး ဖြစ်သူ ဝီလီ ဘိုလီ ဟာ အသင်း အတွက် ပြန်လည် ကစား ပေးနိုင် ခဲ့ ပါပြီ ။ သူဟာ အသင်း အတွက် ပြန်လည် ကစားပေး ခဲ့တဲ့ ပွဲစဉ် မှာပဲ Clean Sheet ရယူ ပေးနိုင်ခဲ့ သလို အသင်း အတွက် ဘယ်လောက် အထိ အရေး ပါတဲ့ ကစားသမား ဖြစ်သလဲ ဆိုတာ သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။
အရပ် 6 ပေ 5 လက်မ ရှိတဲ့ ဘိုလီ ဟာ အသင်း ရဲ့ ခံစစ် မှာ အတော်လေး ကောင်းအောင် ကစား နိုင်ခဲ့ သလို အမြင့်ဘော တွေကို လည်း အကြိမ် အတော် များများ ဦးယူ နိုင်ခဲ့ ပြီး တည်တည်ငြိမ်ငြိမ် ကစားပြ သွားနိုင် ခဲ့ ပါတယ် ။ သူ အခုလို ပြန်လည် ပါဝင်ပြီး ပုံစံကောင်း ပြသ နိုင်ခဲ့ ခြင်းက နည်းပြ နူနို ဆန်းတုု့ိစ် အတွက် တော့ တစ်ကယ့် ကို အားတက် စရာ ပါပဲ ။
(4) နှစ်သင်း အကြား အဓိက ခြားနားချက်
သူတို့ နှစ်သင်းလုံးဟာ ပွဲစဉ် မတိုင်မီ တုန်းက ရမှတ် တူညီ ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် အံဖွယ် အရာ ကတော့ ပွဲစဉ် ပြီးဆုံး ခဲ့တဲ့ အခါ မှာလည်း သူတို့ နှစ်သင်း ရမှတ် တူညီ နေကြဆဲ ပါပဲ ။ လက်ရှိ အချိန် မှာ သူတို့ နှစ်သင်းလုံး ဟာ ယူရို ပါလိဂ် ဝင်ခွင့် ရရှိ နိုင်မယ့် နေရာ မှာပဲ ဆက်လက် ရပ်တည် နေကြဆဲ ပါပဲ ။ သူတို့ နှစ်သင်းလုံး ရဲ့ ဒီ ရာသီ အတွင်း ကစားပုံ ကလည်း အတော်လေး တူညီ နေခဲ့ သလို ခြေစွမ်း နဲ့ ရလဒ် တညိငြိမ်မှု မရှိခြင်း ကလည်း တူညီ နေခဲ့ ပါတယ် ။
ဒါပေမယ့် နည်းပြချင်း ယှဉ်ကြည့် လိုက်တဲ့ အခါ မှာတော့ ခြားနားချက် စတင် တွေ့ရှိ ခဲ့ရ ပါတယ် ။ အကယ်လို့ နည်းပြ နှစ်ဦး ကို အသင်းပြောင်း ကိုင်ပြီး ကစား စေလိုက်မယ် ဆိုရင် နူနို ဆန်းတို့စ် ဟာ ဆိုးလ်ရှားထက် ပိုပြီး ယုံကြည်မှု အပြည့် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို မောင်းနှင် ပေးသွား နိုင်မှာ အသေအချာ ပါပဲ ။ ဒါ့အပြင် သူဟာ ဆိုးလ်ရှားထက် ပိုပြီး နည်း စနစ်ပိုင်း ကြွယ်ဝ တာကို ပွဲစဉ် အတော် များများ မှာ မြင်တွေ့ ခဲ့ရ ပါတယ် ။
(5) ဇာတ်လမ်း ပြီးဆုံးသွား ပါပြီ
ဒါဟာ ဒီရာသီ အတွင်း ယူနိုက်တက် နဲ့ ဝုလ်ဗ် တို့ 4 ကြိမ်မြောက် တွေ့ဆုံ ခဲ့ ရခြင်း ပါပဲ ။ ဒါပေမယ့် နှစ်သင်း အကြား ခြားနားချက် ထွေထွေထူးထူး မရှိ ခဲ့ဘူးလို့ ပြောမယ် ဆိုရင် မျှတ နေပါ လိမ့်မယ် ။ သူတို့ တွေ့ဆုံ ခဲ့တဲ့ လေးပွဲ မှာ သုံးပွဲ သရေ ရလဒ် ထွက်ပေါ် ခဲ့ပြီး ယူနိုက်တက် ကတော့ FA ဖလား ပြိုင်ပွဲ မှာ မာတာ ရဲ့ တစ်လုံး တည်းသော သွင်းဂိုး နဲ့ ယူနိုက်တက် ကို နိုင်စေ ခဲ့ ပါတယ် ။
ဒီနေ့ ပွဲစဉ် မှာလည်း ဘယ် အသင်း ပိုသာ သလဲ ဆိုတာ ကို သိသိသာသာ မမြင်တွေ့ ခဲ့ရ ပါဘူး ။ ဒါ့ကြောင့် လက်ရှိ အနေအထား အရတော့ သူတို့ရဲ့ တွေ့ဆုံ ခဲ့မှု တွေက ရလဒ်ပိုင်း အရ အားရ စရာ မရှိခဲ့ဘူး လို့ပဲ ဆိုရ ပါ တော့မယ် ။ အခုတော့ ဒီ ဘောလုံး ရာသီ အတွက် ဒီ နှစ်သင်း ရဲ့ ထိပ်တိုက် တွေ့ဆုံမှု က ဒီမှာတင် ပြီးဆုံး သွားခဲ့ရ ပါပြီ ။
#Sports_Myanmar
0 Comments