ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္၊ ဟားခါး-ဂန႔္ေဂါလမ္းမႀကီး၊ မိုင္တိုင္အမွတ္ ၆၆/၄ အနီးမွာ ဒီေန႔မြန္းလြဲပိုင္းက ယာဥ္တစီး ေခ်ာက္ထဲ ထိုးက်တာေၾကာင့္ ၁ ဦး ေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

 ဂန႔္ေဂါဘက္ကေန ဟားခါးကို ေမာင္းႏွင္လာသတဲ့ HYUNDAI (၆) ဘီးယာဥ္ဟာ ဘရိတ္ေပါက္ရာမွ လမ္းဝဲဘက္ရွိ ေခ်ာက္ထဲ ထိုးက်တိမ္းေမွာက္ခဲ့တာလို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

ဘုံဇုံးနယ္ေၿမ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ျပည္သူေတြ ပူးေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ခဲ့တယ္လို႔ ဆိုပါတယ္။


ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား ၁ ဦး ေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့တာေၾကာင့္ ဘုံဇုံးနာေရးကူညီေရးယာဥ္နဲ႔ ဟားခါးၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ကူညီပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။





Unicode







ဟားခါးမြို့နယ်တွင် ယာဉ်တစီး ချောက်ထဲထိုးကျ




ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး-ဂန့်ဂေါလမ်းမကြီး၊ မိုင်တိုင်အမှတ် ၆၆/၄ အနီးမှာ ဒီနေ့မွန်းလွဲပိုင်းက ယာဉ်တစီး ချောက်ထဲ ထိုးကျတာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 ဂန့်ဂေါဘက်ကနေ ဟားခါးကို မောင်းနှင်လာသတဲ့ HYUNDAI (၆) ဘီးယာဉ်ဟာ ဘရိတ်ပေါက်ရာမှ လမ်းဝဲဘက်ရှိ ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဘုံဇုံးနယ်မြေ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဘုံဇုံးနာရေးကူညီရေးယာဉ်နဲ့ ဟားခါးမြို့ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။