ရန္ကုန္၊ ဇန္နဝါရီ ၁၁

YBS မွတ္တိုင္မ်ားတြင္ ဘတ္စ္ကားမ်ားဆိုက္ေရာက္မည့္အခ်ိန္ကို LED ဘုတ္ျဖင့္ ျပသသြားမည့္စနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ မန္ေနဂ်င္း ဒါရိုက္တာ ဦးေအာင္ညီညီေမာ္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္တြင္ ဘတ္စ္ကားမွတ္တိုင္ေပါင္း ၁၈၅၀ ခန္႔ရွိကာ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ YBS ယာဥ္ တစ္စီးခ်င္း၏ ယာဥ္လိုင္းနံပါတ္ႏွင့္အတူ ေရာက္ရွိမည့္အခ်ိန္ကို LED ဘုတ္ျဖင့္ ျပသနိုင္မည့္စနစ္ကို က်င့္သုံးနိုင္ရန္ ယခုလက္ရွိ ေဆြးေႏြးညႇိႏွိုင္းေနၿပီး မၾကာမီအခ်ိန္အတြင္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

“ခရီးသြားျပည္သူေတြအတြက္ ဘယ္ယာဥ္လိုင္းနံပါတ္က ကားမွတ္တိုင္ကို ဘယ္အခ်ိန္ ေရာက္ရွိမလဲဆိုတာ LED ဘုတ္ေတြနဲ႔ မွတ္တိုင္ေတြမွာ ျပသနိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။ နည္းပညာပိုင္းအတြက္လည္း အဆင္သင့္ျဖစ္ေနပါၿပီ။ မၾကာခင္ အျမန္ဆုံးတပ္ဆင္သြားဖို႔ လုပ္ေဆာင္ေနတယ္” ဟု ဦးေအာင္ညီညီေမာ္က ေျပာသည္။

ယခုလက္ရွိတြင္ YBS ယာဥ္မ်ားတြင္ ခရီးသည္မ်ား သိရွိေစရန္အတြက္ ေရာက္ရွိသည့္ ဘတ္စ္ကားမွတ္တိုင္မ်ားကို အသံျဖင့္ ေၾကညာေပးသည့္စနစ္ကို ေဆာင္ရြက္ေနၿပီး ယခု ကားမွတ္တိုင္မ်ားတြင္ ဘတ္စ္ကားမ်ား ဆိုက္ေရာက္မည့္အခ်ိန္ကို LED ဘုတ္ျဖင့္ ျပသမည့္ကိစၥ ေဆာင္ရြက္ၿပီးပါက ခရီးသြားျပည္သူမ်ားအတြက္ ယခင္ကထက္ ပိုမိုအဆင္ေျပလာမည္ျဖစ္ေၾကာင္း YRTA ထံမွ သိရသည္။

ယခုလက္ရွိတြင္ YBS ယာဥ္ လိုင္း ၁၀၀ မွ လမ္းေၾကာင္းေပါင္း ၁၃၅ ခုကို ေျပးဆြဲေပးလ်က္ရွိၿပီး ယခု လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ YBS ယာဥ္အစီးေရ ၄၃၀၀ ေက်ာ္ျဖင့္ ေန႔စဥ္ ခရီးသြားျပည္သူ ၁ ဒသမ ၈ သန္းေက်ာ္ကို ေျပးဆြဲေပးလ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕(YRTA) ထံမွ သိရသည္။


Unicode






YBS မှတ်တိုင်များတွင် ဘတ်စ်ကားများ ဆိုက်ရောက်မည့်အချိန်ကို LED ဘုတ်ဖြင့် ပြသသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

YBS မှတ်တိုင်များတွင် ဘတ်စ်ကားများဆိုက်ရောက်မည့်အချိန်ကို LED ဘုတ်ဖြင့် ပြသသွားမည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။

ရန်ကုန်မြို့တော်တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၁၈၅၀ ခန့်ရှိကာ ဘတ်စ်ကားမှတ်တိုင်များတွင် YBS ယာဉ် တစ်စီးချင်း၏ ယာဉ်လိုင်းနံပါတ်နှင့်အတူ ရောက်ရှိမည့်အချိန်ကို LED ဘုတ်ဖြင့် ပြသနိုင်မည့်စနစ်ကို ကျင့်သုံးနိုင်ရန် ယခုလက်ရှိ ဆွေးနွေးညှိနှိုင်းနေပြီး မကြာမီအချိန်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ခရီးသွားပြည်သူတွေအတွက် ဘယ်ယာဉ်လိုင်းနံပါတ်က ကားမှတ်တိုင်ကို ဘယ်အချိန် ရောက်ရှိမလဲဆိုတာ LED ဘုတ်တွေနဲ့ မှတ်တိုင်တွေမှာ ပြသနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ နည်းပညာပိုင်းအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင် အမြန်ဆုံးတပ်ဆင်သွားဖို့ လုပ်ဆောင်နေတယ်” ဟု ဦးအောင်ညီညီမော်က ပြောသည်။

ယခုလက်ရှိတွင် YBS ယာဉ်များတွင် ခရီးသည်များ သိရှိစေရန်အတွက် ရောက်ရှိသည့် ဘတ်စ်ကားမှတ်တိုင်များကို အသံဖြင့် ကြေညာပေးသည့်စနစ်ကို ဆောင်ရွက်နေပြီး ယခု ကားမှတ်တိုင်များတွင် ဘတ်စ်ကားများ ဆိုက်ရောက်မည့်အချိန်ကို LED ဘုတ်ဖြင့် ပြသမည့်ကိစ္စ ဆောင်ရွက်ပြီးပါက ခရီးသွားပြည်သူများအတွက် ယခင်ကထက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ယခုလက်ရှိတွင် YBS ယာဉ် လိုင်း ၁၀၀ မှ လမ်းကြောင်းပေါင်း ၁၃၅ ခုကို ပြေးဆွဲပေးလျက်ရှိပြီး ယခု လက်ရှိ ရန်ကုန်မြို့တွင် YBS ယာဉ်အစီးရေ ၄၃၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကျော်ကို ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။