ရန္ကုန္၊ ဇန္နဝါရီ ၁၁

၂၀၂၀ ျပည့္ႏွစ္တြင္ ရခိုင္ျပည္နယ္ျပႆနာကို လက္ရွိအေျခအေနအတိုင္း ျဖတ္သန္းမည္ဆိုပါက ျပႆနာသည္ အဆေပါင္းမ်ားစြာ ႀကီးထြားလာနိုင္ေၾကာင္း နိုင္ငံတကာ ဥပေဒပညာရွင္ ေဒါက္တာ ဆလိုင္းငြန္က်ဳံးလ်န္က သတိေပးေျပာၾကားလိုက္သည္။

အဆိုပါအေၾကာင္းအရာကို ဇန္နဝါရီ ၁၁ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္၊ ဂႏၶမာ ကုန္တိုက္ Grand Ballroom တြင္ ျပဳလုပ္ေသာ အတိတ္၊ ပစၥဳပၸန္ႏွင့္ အနာဂတ္ ၂၀၂၀ ေဆြးေႏြးပြဲတြင္ ထည့္သြင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။

နိုင္ငံတကာ ဥပေဒပညာရွင္ ေဒါက္တာဆလိုင္းငြန္က်ဳံးလ်န္သည္ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ရခိုင္ျပည္နယ္ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္အဖြဲ႕တြင္ ပါဝင္ခဲ့သူလည္းျဖစ္သည္။

“ဒီျပသနာက မကိုင္တြယ္တတ္ လို႔ရွိရင္ နိုင္ငံတကာ ျပႆနာျဖစ္မွာကို ကၽြန္ေတာ္တို႔ ႀကိဳၿပီးေတာ့ သိထားပါတယ္။ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံသာ ျမန္မာျပည္မွာ ေမြးတဲ့နိုင္ငံသားေတြ စုစည္းၿပီးေတာ့ဖြဲ႕တာ။ ဒီကိစၥကို သမၼတ (သမၼတဦးသိန္းစိန္) က ကိုင္တြယ္ၿပီး လုပ္ေတာ့ ရခိုင္ျပည္နယ္ ျပႆနာက ေတာ္ေတာ္ေလး အဆင္ေျပသြားတယ္။ အဲ့ဒီေနာက္ပိုင္းမွာ ျဖစ္တဲ့ ပဋိပကၡၾကေတာ့ လက္ရွိကိုင္တြယ္တဲ့ အစိုးရကို အျပစ္တင္တာမဟုတ္ဘူး” ဟု ၎က ဆိုသည္။

ယခင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးခင္ရီကလည္း ရခိုင္အေရး အခင္းႏွင့္ ပတ္သက္၍ ငါးႏွစ္တာကာလအတြင္းတြင္ ျပႆနာႀကီးထြားလာျခင္းမွာ ကိုင္တြယ္ေျဖရွင္းသည့္စနစ္ ျခားနားျခင္းေၾကာင့္ျဖစ္ေၾကာင္း မွတ္ခ်က္ေပးသည္။

ေဒါက္တာ ဆလိုင္းငြန္က်ဳံးလ်န္က “ကိုယ့္နိုင္ငံ ျပႆနာကို ကိုယ္က မေျဖရွင္းဘဲ တျခားလူကို အားကိုးၿပီးေတာ့ ေျဖရွင္းခိုင္းတာ ကိုယ့္အႏၲရာယ္ကို ရွာသလိုျဖစ္ေနတယ္” ဟု ဆိုသည္။

အတိတ္၊ ပစၥဳပၸန္ႏွင့္ အနာဂတ္ ၂၀၂၀ ေဆြးေႏြးပြဲတြင္ နိုင္ငံေရးေလ့လာ သုံးသပ္သူ ႏွင့္ ယခင္ နိုင္ငံေတာ္သမၼတ နိုင္ငံေရးအႀကံေပး ေဒါက္တာ ေနဇင္လတ္၊ ယခင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီ၊ ယခင္နိုင္ငံျခားေရး ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ နိုင္ငံတကာ ဥပေဒပညာရွင္ ေဒါက္တာ ဆလိုင္းငြန္က်ဳံးလ်န္တို႔ ေဆြးေႏြးခဲ့ၾကသည္။

ႏွင္းႏုဝင္း

Unicode







၂၀၂၀ တွင် ရခိုင်ပြည်နယ် လက်ရှိပြဿနာထက် အဆပေါင်းများစွာ ကြီးထွားလာနိုင်သည်ဟု သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်ပြဿနာကို လက်ရှိအခြေအနေအတိုင်း ဖြတ်သန်းမည်ဆိုပါက ပြဿနာသည် အဆပေါင်းများစွာ ကြီးထွားလာနိုင်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က သတိပေးပြောကြားလိုက်သည်။

အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၁၁ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာ ကုန်တိုက် Grand Ballroom တွင် ပြုလုပ်သော အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ၂၀၂၀ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

“ဒီပြသနာက မကိုင်တွယ်တတ် လို့ရှိရင် နိုင်ငံတကာ ပြဿနာဖြစ်မှာကို ကျွန်တော်တို့ ကြိုပြီးတော့ သိထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသာ မြန်မာပြည်မှာ မွေးတဲ့နိုင်ငံသားတွေ စုစည်းပြီးတော့ဖွဲ့တာ။ ဒီကိစ္စကို သမ္မတ (သမ္မတဦးသိန်းစိန်) က ကိုင်တွယ်ပြီး လုပ်တော့ ရခိုင်ပြည်နယ် ပြဿနာက တော်တော်လေး အဆင်ပြေသွားတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဖြစ်တဲ့ ပဋိပက္ခကြတော့ လက်ရှိကိုင်တွယ်တဲ့ အစိုးရကို အပြစ်တင်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီကလည်း ရခိုင်အရေး အခင်းနှင့် ပတ်သက်၍ ငါးနှစ်တာကာလအတွင်းတွင် ပြဿနာကြီးထွားလာခြင်းမှာ ကိုင်တွယ်ဖြေရှင်းသည့်စနစ် ခြားနားခြင်းကြောင့်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က “ကိုယ့်နိုင်ငံ ပြဿနာကို ကိုယ်က မဖြေရှင်းဘဲ တခြားလူကို အားကိုးပြီးတော့ ဖြေရှင်းခိုင်းတာ ကိုယ့်အန္တရာယ်ကို ရှာသလိုဖြစ်နေတယ်” ဟု ဆိုသည်။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ၂၀၂၀ ဆွေးနွေးပွဲတွင် နိုင်ငံရေးလေ့လာ သုံးသပ်သူ နှင့် ယခင် နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်၊ ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ယခင်နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်တို့ ဆွေးနွေးခဲ့ကြသည်။

နှင်းနုဝင်း