ေက်ာင္းတက္ရက္တိုးျမႇင့္မႈအေပၚ ျပႆနာျဖစ္ေစရန္ လႈံ႔ေဆာ္ေနသူမ်ားရွိဟု ညႊန္ခ်ဳပ္ဆို
ရန္ကုန္၊ ဇန္နဝါရီ ၁၁
ေက်ာင္းတက္ရက္တိုးျမႇင့္ျခင္း သတ္မွတ္ခ်က္အေပၚ ျပႆနာျဖစ္ေစရန္ လႈံ႔ေဆာ္ေနသည့္ အဖြဲ႕အစည္းမ်ားရွိေနၿပီး ဆရာ၊ ဆရာမမ်ားအေနႏွင့္ အရာရာကို ဆန္႔က်င္ေနသည္မွာ မေကာင္းဟု အေျခခံပညာ ဦးစီးဌာနညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။
“ဒီကိစၥအေပၚမွာ ဆန္႔က်င္ ကန္႔ကြက္တဲ့သူေတြထဲမွာ ပေယာဂေတြလည္း ပါတယ္။ ဒီေလာက္ထိ ဆိုးရြားေနဖို႔ လည္း မလိုပါဘူး။ ေလာေလာဆယ္ ဆရာေတြထဲမွာ ပါတဲ့သူေတြလည္းပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ကေတာ့ မပါဖို႔ေတာ့ ေျပာတယ္။ မေကာင္းတာလုပ္တာမွ မဟုတ္တာ။ ဆရာ၊ ဆရာမေတြအေနနဲ႔ အရာရာကို ဆန္႔က်င္ေနဖို႔ မေကာင္းပါဘူး။ နိုင္ငံေရးအရ လႈံ႔ေဆာ္ေနတာေတြကို ကၽြန္ေတာ္ တို႔ဆီမွာ မွတ္တမ္းေတြရွိပါတယ္။ ကၽြန္ေတာ့္ဆရာေတြကို အေရာင္ဆိုးတာမခံရေစခ်င္ဘူး။ စာအတုေတြ ထြက္တာပဲၾကည့္ ျပႆနာမျဖစ္ျဖစ္ေအာင္လုပ္ေနတာ” ဟု ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။
လူမႈကြန္ရက္တြင္ ေက်ာင္းတက္ရက္တိုးျမႇင့္မႈ သတ္မွတ္ခ်က္အေပၚတြင္ ဆရာ၊ ဆရာမမ်ား မေက်မနပ္ျဖစ္ေစရန္ တင္ျပေနသည့္ အေကာင့္မ်ားရွိၿပီး ျပႆနာႀကီးထြားေစရန္ ႀကံစည္ေနသူမ်ားလည္းရွိေၾကာင္း၊ ဆရာ၊ ဆရာမမ်ား ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္မည္ဆိုပါက တည္ဆဲဥပေဒမ်ားအတိုင္း ေဆာင္ရြက္ရမည္ ျဖစ္သည္။
“လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ရွိတယ္။ ကန္႔ကြက္တဲ့ ဆရာ ေတြကိုလည္း အျပစ္မေျပာလိုဘူး။ ဆႏၵ ထုတ္ေဖာ္တာမ်ိဳးေတြဆိုရင္ ဥပေဒအတိုင္း လုပ္ေစခ်င္တယ္” ဟု ဦးကို ေလးဝင္းက ဆိုသည္။
ေက်ာင္းတက္ရက္ တိုးျမႇင့္မႈအေပၚ ျမန္မာနိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမ မ်ားအဖြဲ႕ခ်ဳပ္၊ အေျခခံႏွင့္ အဆင့္ျမင့္ပညာ ပူးေပါင္းေဆာင္ရြက္မႈေကာ္မတီ၊ ပညာေရးတကၠသိုလ္ႏွင့္ ေကာလိပ္ေက်ာင္းသား မ်ားသမဂၢတို႔က ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္မ်ား ထုတ္ျပန္ထားၿပီး ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားကို ျပဳလုပ္ေနသည္။
တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ အေျခခံပညာေက်ာင္းေပါင္း ေလးေသာင္းခြဲ ေက်ာ္ရွိၿပီး ဆရာ၊ ဆရာမေပါင္း ေလးသိန္း ခုနစ္ေသာင္းေက်ာ္ရွိကာ ေက်ာင္းသား ေက်ာင္းသူ ကိုးသန္းေက်ာ္ ပညာသင္ၾကားေနသည္။
ေအာင္သက္ကို
Unicode
ကျောင်းတက်ရက်တိုးမြှင့်မှုအပေါ် ပြဿနာဖြစ်စေရန် လှုံ့ဆော်နေသူများရှိဟု ညွှန်ချုပ်ဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ကျောင်းတက်ရက်တိုးမြှင့်ခြင်း သတ်မှတ်ချက်အပေါ် ပြဿနာဖြစ်စေရန် လှုံ့ဆော်နေသည့် အဖွဲ့အစည်းများရှိနေပြီး ဆရာ၊ ဆရာမများအနေနှင့် အရာရာကို ဆန့်ကျင်နေသည်မှာ မကောင်းဟု အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
“ဒီကိစ္စအပေါ်မှာ ဆန့်ကျင် ကန့်ကွက်တဲ့သူတွေထဲမှာ ပယောဂတွေလည်း ပါတယ်။ ဒီလောက်ထိ ဆိုးရွားနေဖို့ လည်း မလိုပါဘူး။ လောလောဆယ် ဆရာတွေထဲမှာ ပါတဲ့သူတွေလည်းပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ မပါဖို့တော့ ပြောတယ်။ မကောင်းတာလုပ်တာမှ မဟုတ်တာ။ ဆရာ၊ ဆရာမတွေအနေနဲ့ အရာရာကို ဆန့်ကျင်နေဖို့ မကောင်းပါဘူး။ နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကို ကျွန်တော် တို့ဆီမှာ မှတ်တမ်းတွေရှိပါတယ်။ ကျွန်တော့်ဆရာတွေကို အရောင်ဆိုးတာမခံရစေချင်ဘူး။ စာအတုတွေ ထွက်တာပဲကြည့် ပြဿနာမဖြစ်ဖြစ်အောင်လုပ်နေတာ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
လူမှုကွန်ရက်တွင် ကျောင်းတက်ရက်တိုးမြှင့်မှု သတ်မှတ်ချက်အပေါ်တွင် ဆရာ၊ ဆရာမများ မကျေမနပ်ဖြစ်စေရန် တင်ပြနေသည့် အကောင့်များရှိပြီး ပြဿနာကြီးထွားစေရန် ကြံစည်နေသူများလည်းရှိကြောင်း၊ ဆရာ၊ ဆရာမများ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဆိုပါက တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။
“လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ကန့်ကွက်တဲ့ ဆရာ တွေကိုလည်း အပြစ်မပြောလိုဘူး။ ဆန္ဒ ထုတ်ဖော်တာမျိုးတွေဆိုရင် ဥပဒေအတိုင်း လုပ်စေချင်တယ်” ဟု ဦးကို လေးဝင်းက ဆိုသည်။
ကျောင်းတက်ရက် တိုးမြှင့်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ်၊ အခြေခံနှင့် အဆင့်မြင့်ပညာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်ကျောင်းသား များသမဂ္ဂတို့က ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပြုလုပ်နေသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း လေးသောင်းခွဲ ကျော်ရှိပြီး ဆရာ၊ ဆရာမပေါင်း လေးသိန်း ခုနစ်သောင်းကျော်ရှိကာ ကျောင်းသား ကျောင်းသူ ကိုးသန်းကျော် ပညာသင်ကြားနေသည်။
အောင်သက်ကို
0 Comments