ရပ္နားထားေသာ Yangon Water Bus ကို တိုးခ်ဲ႕ေျပးဆြဲမည္ဟု ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဆိုျပန္
ရန္ကုန္၊ ဇန္နဝါရီ ၁၆ယမန္ႏွစ္ကတည္းက ေျပးဆြဲမႈရပ္နားထားေသာ Yangon Water Bus မ်ား၏ ခရီးစဥ္မ်ားကို တိုးခ်ဲ႕ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာဆိုလိုက္သည္။ဇန္နဝါရီလ ၁၆ ရက္က ျပဳလုပ္သည့္ YRTA ၃ ႏွစ္ျပည့္ အခမ္းအနားတြင္ ဦးၿဖိဳးမင္းသိန္းက ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။“ပုဇြန္ေတာင္ေခ်ာင္း၊ ငမိုးရိပ္ေခ်ာင္းဘက္ကို ပတ္နိုင္ေအာင္ ႀကိဳးပမ္းေနၿပီး သန္လ်င္နဲ႔ ဒဂုံဆိပ္ကမ္းဘက္ကို ခ်ိတ္ဆက္နိုင္အာင္ ကၽြန္ေတာ္တို႔ႀကိဳးပမ္းေဆာင္ရြက္ေနတာျဖစ္ပါတယ္” ဟု ဝန္ႀကီးခ်ဳပ္က ဆိုသည္။ဝန္ႀကီးခ်ဳပ္က တိုးခ်ဲ႕ေျပးဆြဲမည္ဟုဆိုေတာ္လည္း Water Bus မ်ားေျပးဆြဲမႈကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္မွ စတင္၍ ရပ္နားထားေၾကာင္း Yangon Water Bus ကုမၸဏီက ေၾကညာထားသည္။ထိုသို႔ ရပ္နားထားျခင္းမွာ ဆိပ္ကမ္းမ်ားျပန္လည္ျပဳျခင္းႏွင့္ အသစ္ေဆာက္လုပ္ျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ မၾကာမီကာလတြင္ ေငြေပးေခ်မႈပုံစံအသစ္၊ ေရယာဥ္အသစ္မ်ားျဖင့္ ေျပးဆြဲမည္ျဖစ္ေၾကာင္း ကုမၸဏီဘက္ကေၾကညာထားသည္။ထို႔ျပင္ Water Bus မ်ားျဖင့္ ဧရာဝတီတိုင္းဘက္သို႔ ခရီးစဥ္အသစ္မ်ားေျပးဆြဲမည္ဟုလည္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယာပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႕ YRTA က ယမန္ႏွစ္ နိုဝင္ဘာလအတြင္း ေျပာဆိုထားေသာ္လည္း လက္ရွိအခ်ိန္အထိေျပးဆြဲသည္ကို မေတြ႕ရေသးေပ။ထိုကဲ့သို႔ တိုးခ်ဲ႕ေျပးဆြဲရန္အတြက္ လိုအပ္သည့္ဆိပ္ကမ္းမ်ား ထပ္မံတည္ေဆာက္ေနၿပီး ခရီးစဥ္မ်ားမ်ားကို တိုးခ်ဲ႕ေျပးဆြဲမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) ဥကၠဌ ေဒၚနီလာေက်ာ္ကလည္း ဆိုထားျပန္သည္။Water Bus ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးကို ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလတြင္ စတင္ခဲ့ၿပီး ဗိုလ္တေထာင္ဆိပ္ကမ္းမွ လွိုင္ျမစ္ အင္းစိန္ကမ္းနားဆိပ္ကမ္းသို႔ ေျပးဆြဲခဲ့ေသာ္လည္း ယခုအခါ ရပ္နားထားျခင္းျဖစ္သည္။အဆိုပါကိစၥႏွင့္ ပတ္သတ္၍ Yangon Water Bus ကုမၸဏီသို႔ ဆက္သြယ္ေမးျမန္းေသာ္လည္း ၎တို႔၏ ဖုန္းမွာ ဆက္ပိတ္ထားသည္။မို႔မိုေအး
Unicode
ရပ်နားထားသော Yangon Water Bus ကို တိုးချဲ့ပြေးဆွဲမည်ဟု ရန်ကုန်ဝန်ကြီးချုပ် ဆိုပြန်
ရန်ကုန်၊ ဇန်နဝါရီ ၁၆ယမန်နှစ်ကတည်းက ပြေးဆွဲမှုရပ်နားထားသော Yangon Water Bus များ၏ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။ဇန်နဝါရီလ ၁၆ ရက်က ပြုလုပ်သည့် YRTA ၃ နှစ်ပြည့် အခမ်းအနားတွင် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။“ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းဘက်ကို ပတ်နိုင်အောင် ကြိုးပမ်းနေပြီး သန်လျင်နဲ့ ဒဂုံဆိပ်ကမ်းဘက်ကို ချိတ်ဆက်နိုင်အာင် ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။ဝန်ကြီးချုပ်က တိုးချဲ့ပြေးဆွဲမည်ဟုဆိုတော်လည်း Water Bus များပြေးဆွဲမှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှ စတင်၍ ရပ်နားထားကြောင်း Yangon Water Bus ကုမ္ပဏီက ကြေညာထားသည်။ထိုသို့ ရပ်နားထားခြင်းမှာ ဆိပ်ကမ်းများပြန်လည်ပြုခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းကြောင့်ဖြစ်ကြောင်း၊ မကြာမီကာလတွင် ငွေပေးချေမှုပုံစံအသစ်၊ ရေယာဉ်အသစ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်ကကြေညာထားသည်။ထို့ပြင် Water Bus များဖြင့် ဧရာဝတီတိုင်းဘက်သို့ ခရီးစဉ်အသစ်များပြေးဆွဲမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးသယ်ယာပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA က ယမန်နှစ် နိုဝင်ဘာလအတွင်း ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိပြေးဆွဲသည်ကို မတွေ့ရသေးပေ။ထိုကဲ့သို့ တိုးချဲ့ပြေးဆွဲရန်အတွက် လိုအပ်သည့်ဆိပ်ကမ်းများ ထပ်မံတည်ဆောက်နေပြီး ခရီးစဉ်များများကို တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ဥက္ကဌ ဒေါ်နီလာကျော်ကလည်း ဆိုထားပြန်သည်။Water Bus ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှ လှိုင်မြစ် အင်းစိန်ကမ်းနားဆိပ်ကမ်းသို့ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ရပ်နားထားခြင်းဖြစ်သည်။အဆိုပါကိစ္စနှင့် ပတ်သတ်၍ Yangon Water Bus ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့၏ ဖုန်းမှာ ဆက်ပိတ်ထားသည်။မို့မိုအေး
0 Comments