ရန္ကုန္၊ ဇန္နဝါရီ ၁၅
မတ္လကုန္အတြက္ ေက်ာင္းတက္ရမည္ကို ကန႔္ကြက္ေနသည့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈအပါအဝင္ အျခားေသာလႈပ္ရွားမႈမ်ားကို ဖိႏွိပ္မႈမ်ားျပဳလုပ္လာပါက ယခုလႈပ္ရွားမႈမ်ားထက္ပိုမိုအရွိန္ျမင့္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဦးေဆာင္သူမ်ားက ေျပာဆိုလိုက္သည္။
မတ္လကုန္အထိစာသင္ကာလတိုးျမႇင့္ျခင္းကိုကန႔္ကြက္သည့္အဖြဲ႕မ်ားျဖစ္သည့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈဦးေဆာင္ေကာ္မတီ၊ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီႏွင့္ တကၠသိုလ္ဆရာသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီတို႔ ပူးေပါင္း၍ သတင္းစားရွင္းလင္းပြဲႏွင့္ အတူပူးတြဲထုတ္ျပန္ခ်က္တစ္ေစာင္ကို ဇန္နဝါရီ ၁၄ ရက္က ထုတ္ျပန္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေျပာဆိုလိုက္ျခင္းလည္းျဖစ္သည္။
ယခုကဲ့သို႔ စာသင္ကာလတိုးလိုက္ျခင္းေၾကာင့္ တစ္နိုင္ငံလုံးရွိ အေျခခံပညာမွ ေက်ာင္းသားႏွင့္ မိဘမ်ားအတြက္ အဆင္ေျပျခင္းမရွိေသာေၾကာင့္ ဆရာသမဂၢမ်ားႏွင့္ ေက်ာင္းသားသမဂၢမ်ားမွကန႔္ကြက္ခဲ့ၾကၿပီး ပညာေရးတကၠသိုလ္မ်ားႏွင့္ ပညာေရးေကာလိပ္မ်ားတြင္လည္း ဖဲႀကိဳးစိမ္းလႈပ္ရွားမႈျပဳလုပ္၍ ကန႔္ကြက္လ်က္ရွိသည္။
ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အေျခခံေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ားတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဆရာ၊ ဆရာမမ်ား၊ ဝန္ထမ္းမ်ားအေပၚ လုပ္ေဖာ္ကိုင္ဖက္အေနျဖင့္ သေဘာထားျခင္းမရွိပဲ ဗဟိုခ်ဳပ္ကိုင္မႈျဖင့္ လက္ေတြ႕မဆန္ေသာ ေၾကျငာခ်က္မ်ား၊ မူဝါဒမ်ားခ်မွတ္ေနေၾကာင္း ပူးတြဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ဆက္လက္လုပ္သြားမည္ျဖစ္ၿပီး ထို႔အျပင္ စာသင္ကာလ တိုးျမႇင့္ျခင္းကိုကန႔္ကြက္ေၾကာင္း မိဘမ်ား၏ဆႏၵသေဘာထားမ်ားကို ဆရာမ်ားႏွင့္ ေက်ာင္းသားမ်ား ပူးေပါင္း၍ လိုက္လံေကာက္ခံမည္ျဖစ္ၿပီး ယင္းသေဘာထားမ်ားကိုစု၍ ပညာေရးဝန္ႀကီးဌာနကို တင္ျပသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုေနာင္ထက္ေအာင္က ေျပာသည္။
“ သူတို႔ဘက္က စာသင္ကာလတိုးျခင္လို႔လုပ္တာလို႔ေျပာတာ။ကၽြန္ေတာ္တို႔ကန႔္ကြက္ရျခင္းက စာေမးပြဲကို ေနာက္ဆုတ္က်င္းပျခင္းဟာ စာသင္ကာလမတိုးဘူးဆိုတာေျပာတာ။တကၠသိုလ္ဝင္တန္းစာေမးပြဲေနာက္မွာ ကေလးေတြစာေမးပြဲေျဖရမယ္ဆိုတာ အဓိပၸာယ္ရွိတဲ့ညႊန္ၾကားခ်က္ေတြမဟုတ္ဘူး။စာမသင္ခ်င္လို႔ ကန႔္ကြက္တာမဟုတ္ဘူး၊ စာသင္ကာလတိုးလို႔လည္းကန႔္ကြက္တာမဟုတ္ဘူး စာေမးပြဲကိုေနာက္ဆုတ္က်င္းပ လို႔ကန႔္ကြက္တာ” ဟု ၎ကေျပာသည္။
စာသင္ကာလတိုးျမႇင့္ရာတြင္ အေျခခံပညာ႑တြင္ လက္ေတြ႕သင္ၾကားေနေသာ ဆရာ၊ ဆရာမမ်ားကို အသိေပး အႀကံယူခဲ့ျခင္းမရွိသည့္အျပင္ ယင္းမူဝါဒကို ကန႔္ကြက္ေသာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈဦးေဆာင္ေကာ္မတီအပါအဝင္ ေက်ာင္းသားမ်ားႏွင့္ ဆရာမ်ားအေပၚတြင္လည္း ဖိႏွိပ္မႈမ်ားရွိသည္။
ယင္းမူဝါဒကို အေျခခံပညာ႑မွ ဆရာအဖြဲ႕အစည္းအားလုံးႏွင့္ ေတြ႕ဆုံေဆြးေႏြး၍ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈရမွသာ အေကာင္အထည္ေဖာ္ရန္ ပူးတြဲထုတ္ျပန္ခ်က္တြင္ တိုက္တြန္းေတာင္းဆိုထားသည္။
ထို႔အျပင္ အေျခခံပညာအေရးဥပေဒကို လ်စ္လ်ဴရႈ၍ ဗဟိုခ်ဳပ္ကိုင္မႈျဖင့္ ဖိႏွိပ္ေျပာဆိုမႈမ်ား ဆက္လက္လုပ္ေဆာင္ေနပါက တရားဥပေဒႏွင့္အညီ လႈပ္ရွားမႈမ်ားကို အရွိန္ျမင့္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ျဖစ္ေပၚလာမည့္ အက်ိဳးဆက္မ်ားသည္ ပညာေရးဝန္ႀကီးဌာန၏ တာဝန္ျဖစ္ေၾကာင္း ပူးတြဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အေျခခံပညာေရးဥပေဒအခန္း ၉တြင္ အေျခခံဆရာမ်ား၏ အခြင့္အေရးတာဝန္၊ အရည္အခ်င္း၊ စြမ္းေဆာင္ရည္မ်ားအခန္း ပုဒ္မ ၃၉(ဆ)အရ ဆရာမ်ားသည္ “ မူဝါဒမ်ား၊ ပညာေရးဖြံ့ၿဖိဳးမႈစီမံကိန္းမ်ား၊ စီမံခ်က္မ်ား၊ ပညာေရးဆိုင္ရာ ဥပေဒမ်ားႏွင့္ အျခားလုပ္ထုံးလုပ္နည္းမ်ားအတြက္ အႀကံျပဳခြင့္၊ ပါဝင္ေဆာင္ရြက္ခြင့္ ရွိေၾကာင္း ျပဌာန္းထားသည္။
အေျခခံပညာေက်ာင္းမ်ားတြင္ တကၠသိုလ္ဝင္စာေမးပြဲမတိုင္ခင္ Grade 5 ႏွင့္ Grade 9 စာေမးပြဲကို ေဖေဖာ္ဝါရီ ၂၄ရက္မွ မတ္လ ၃ရက္အထိ ေျဖဆိုရမည္ျဖစ္ၿပီး က်န္ေသာေက်ာင္းတြင္းစစ္စာေမးပြဲမ်ားကို တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုၿပီးခ်ိန္ မတ္လ ၂၃ရက္မွ ၃၁ရက္အတြင္းေျဖဆိုရမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
ေမာင္ေက်ာ္ၿဖိဳး


Unicode


ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဖိနှိပ်ပါက ကန့်ကွက်မှုများ အရှိန့်မြင့်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၅
မတ်လကုန်အတွက် ကျောင်းတက်ရမည်ကို ကန့်ကွက်နေသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုအပါအဝင် အခြားသောလှုပ်ရှားမှုများကို ဖိနှိပ်မှုများပြုလုပ်လာပါက ယခုလှုပ်ရှားမှုများထက်ပိုမိုအရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက ပြောဆိုလိုက်သည်။
မတ်လကုန်အထိစာသင်ကာလတိုးမြှင့်ခြင်းကိုကန့်ကွက်သည့်အဖွဲ့များဖြစ်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့ ပူးပေါင်း၍ သတင်းစားရှင်းလင်းပွဲနှင့် အတူပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။
ယခုကဲ့သို့ စာသင်ကာလတိုးလိုက်ခြင်းကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာမှ ကျောင်းသားနှင့် မိဘများအတွက် အဆင်ပြေခြင်းမရှိသောကြောင့် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများမှကန့်ကွက်ခဲ့ကြပြီး ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင်လည်း ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်၍ ကန့်ကွက်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျောင်းများနှင့် တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအပေါ် လုပ်ဖော်ကိုင်ဖက်အနေဖြင့် သဘောထားခြင်းမရှိပဲ ဗဟိုချုပ်ကိုင်မှုဖြင့် လက်တွေ့မဆန်သော ကြေငြာချက်များ၊ မူဝါဒများချမှတ်နေကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဆက်လက်လုပ်သွားမည်ဖြစ်ပြီး ထို့အပြင် စာသင်ကာလ တိုးမြှင့်ခြင်းကိုကန့်ကွက်ကြောင်း မိဘများ၏ဆန္ဒသဘောထားများကို ဆရာများနှင့် ကျောင်းသားများ ပူးပေါင်း၍ လိုက်လံကောက်ခံမည်ဖြစ်ပြီး ယင်းသဘောထားများကိုစု၍ ပညာရေးဝန်ကြီးဌာနကို တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောသည်။
“ သူတို့ဘက်က စာသင်ကာလတိုးခြင်လို့လုပ်တာလို့ပြောတာ။ကျွန်တော်တို့ကန့်ကွက်ရခြင်းက စာမေးပွဲကို နောက်ဆုတ်ကျင်းပခြင်းဟာ စာသင်ကာလမတိုးဘူးဆိုတာပြောတာ။တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်မှာ ကလေးတွေစာမေးပွဲဖြေရမယ်ဆိုတာ အဓိပ္ပာယ်ရှိတဲ့ညွှန်ကြားချက်တွေမဟုတ်ဘူး။စာမသင်ချင်လို့ ကန့်ကွက်တာမဟုတ်ဘူး၊ စာသင်ကာလတိုးလို့လည်းကန့်ကွက်တာမဟုတ်ဘူး စာမေးပွဲကိုနောက်ဆုတ်ကျင်းပ လို့ကန့်ကွက်တာ” ဟု ၎င်းကပြောသည်။
စာသင်ကာလတိုးမြှင့်ရာတွင် အခြေခံပညာဏ္ဍတွင် လက်တွေ့သင်ကြားနေသော ဆရာ၊ ဆရာမများကို အသိပေး အကြံယူခဲ့ခြင်းမရှိသည့်အပြင် ယင်းမူဝါဒကို ကန့်ကွက်သော ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီအပါအဝင် ကျောင်းသားများနှင့် ဆရာများအပေါ်တွင်လည်း ဖိနှိပ်မှုများရှိသည်။
ယင်းမူဝါဒကို အခြေခံပညာဏ္ဍမှ ဆရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရမှသာ အကောင်အထည်ဖော်ရန် ပူးတွဲထုတ်ပြန်ချက်တွင် တိုက်တွန်းတောင်းဆိုထားသည်။
ထို့အပြင် အခြေခံပညာအရေးဥပဒေကို လျစ်လျူရှု၍ ဗဟိုချုပ်ကိုင်မှုဖြင့် ဖိနှိပ်ပြောဆိုမှုများ ဆက်လက်လုပ်ဆောင်နေပါက တရားဥပဒေနှင့်အညီ လှုပ်ရှားမှုများကို အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ပညာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြေခံပညာရေးဥပဒေအခန်း ၉တွင် အခြေခံဆရာများ၏ အခွင့်အရေးတာဝန်၊ အရည်အချင်း၊ စွမ်းဆောင်ရည်များအခန်း ပုဒ်မ ၃၉(ဆ)အရ ဆရာများသည် “ မူဝါဒများ၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ စီမံချက်များ၊ ပညာရေးဆိုင်ရာ ဥပဒေများနှင့် အခြားလုပ်ထုံးလုပ်နည်းများအတွက် အကြံပြုခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိကြောင်း ပြဌာန်းထားသည်။
အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲမတိုင်ခင် Grade 5 နှင့် Grade 9 စာမေးပွဲကို ဖေဖော်ဝါရီ ၂၄ရက်မှ မတ်လ ၃ရက်အထိ ဖြေဆိုရမည်ဖြစ်ပြီး ကျန်သောကျောင်းတွင်းစစ်စာမေးပွဲများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန် မတ်လ ၂၃ရက်မှ ၃၁ရက်အတွင်းဖြေဆိုရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မောင်ကျော်ဖြိုး