ေတာင္ငူ၊ ဇန္နဝါရီ ၁၆

ကယားျပည္နယ္ေန႔ အခမ္းနားတက္ေရာက္ခဲ့ေသာ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ တာဝန္ဝန္ရွိသူမ်ားႏွင့္ ကရင္နီလူငယ္မ်ား ႏွစ္ဖက္ေတြ႕ဆုံညႇိႏွိုင္းမႈမွာ အဆင္ေျပသည္ဟု ဆိုရမည္ျဖစ္ေသာ္လည္း လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္နိုင္ျခင္းမရွိပါက ထူးျခားမည္မဟုတ္ေၾကာင္း ကရင္နီလူငယ္မ်ားထံမွ သိရွိရသည္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥက မိသားစုဝင္ျဖစ္ေနလို႔ ၾကားဝင္ေျဖရွင္းေပမဲ့လူကို တာဝန္ေပးမယ္။ ေတာင္သူေတြဖမ္းခံရတဲ့ျပသနာက ျပည္ေထာင္စုဝန္ႀကီးနဲ႔ေရွ႕ေနခ်ဳပ္႐ုံးကို တာဝန္ေပးၿပီး ကယားလူငယ္စင္တာအတြက္လည္း အဆင္ေျပတယ္ဟု ကရင္နီလူငယ္အဖြဲ႕မွ ခြန္ေသာမက္က ေျပာၾကားသည္။

၆၈ ႀကိမ္ေျမာက္ ကယားျပည္နယ္ေန႔အခမ္းနားကို ဇန္နဝါရီလ ၁၅ ရက္ေန႔ နံနက္တြင္ လြိဳင္ေကာ္ၿမိဳ႕နယ္ ေထးငွားလ်ားေက်းရြာအနီး ကယား၊ ေဒးပြဲေတာ္ကြင္းတြင္ စည္ကားသိုက္ၿမိဳက္စြာျဖင့္ က်င္းပေနၿပီး ကရင္နီလူငယ္မ်ားက နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ေတြ႕ခြင့္ေပးရန္ ယခုလ ၁၀ ရက္ ေန႔က စာေရးသားေပးပို႔ခဲ့ၿပီးေနာက္ ဇန္နဝါရီလ ၁၆ ရက္၌ ျပည္နယ္ဧည့္ရိပ္သာတြင္ တံခါးပိတ္ေတြ႕ဆုံခဲ့ၾကျခင္းျဖစ္သည္။

နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကယားျပည္နယ္အစိုးရ အဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ ကရင္နီလူငယ္ေခါင္းေဆာင္မ်ားျဖစ္ေသာခူး ရီးရယ္(ခ)ခူးရီးဒူဦးေဆာင္သည့္ လူ ငယ္ ၇ ဦးေတြ႕ဆုံခဲ့ၾကျခင္းျဖစ္ၿပီးႏွစ္ဖက္ေတြ႕ဆုံမႈအၿပီးတြင္ ကရင္နီလူင္ယ္ေခါင္းေဆာင္အခ်ိဳ႕က ေဆြးေႏြးပြဲႏွင့္ပတ္သက္ၿပီး အမ်ားျပည္သူကိုထုတ္ျပန္ေျပာဆိုခဲ့သည္။

ကယားျပည္နယ္အတြင္း NLD အစိုးရလက္ထက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္တုျပသနာႏွင့္ပတ္သက္ၿပီး
ျပည္နယ္အစိုးရႏွင့္ ကရင္နီလူငယ္မ်ားၾကား ျပသနာမ်ား အႀကိမ္ႀကိမ္ျဖစ္ေပၚခဲ့ၿပီး လူငယ္ ၆ ဦး ေထာင္သြင္း အက်ဥ္းခ်ခံရသည့္အျပင္ ေျမယာျပႆနာမ်ားႏွင့္ ကရင္နီေတာင္သူ ၄၁ ေယာက္ တရားစြဲဆိုခံထားရသည္။

လက္ရွိ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးအယ္ေဖာင္ရွိုသည္ ကရင္နီတိုင္းရင္းသားမ်ား၏ ခံစားခ်က္ႏွင့္ ျပႆနာမ်ားကို ေျပလည္ေအာင္ ေျဖရွင္းေပးနိုင္ျခင္းမရွိသည့္အျပင္ သမိုင္းကိုလည္း နားလည္တန္ဖိုးမထားေၾကာင္း ေဒသခံ ကရင္နီတိုင္းရင္းသားအခ်ိဳ႕က ဆိုသည္။

R-15



Unicode




ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်များတွေ့ဆုံမှု ပြေလည်မှုရ၊ လက်တွေ့ အကောင်အထည်ဖော်ခြင်းမရှိက ထူးခြားမည်မဟုတ်ဟုဆို




တောင်ငူ၊ ဇန်နဝါရီ ၁၆

ကယားပြည်နယ်နေ့ အခမ်းနားတက်ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ဝန်ရှိသူများနှင့် ကရင်နီလူငယ်များ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုမှာ အဆင်ပြေသည်ဟု ဆိုရမည်ဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိပါက ထူးခြားမည်မဟုတ်ကြောင်း ကရင်နီလူငယ်များထံမှ သိရှိရသည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စက မိသားစုဝင်ဖြစ်နေလို့ ကြားဝင်ဖြေရှင်းပေမဲ့လူကို တာဝန်ပေးမယ်။ တောင်သူတွေဖမ်းခံရတဲ့ပြသနာက ပြည်ထောင်စုဝန်ကြီးနဲ့ရှေ့နေချုပ်ရုံးကို တာဝန်ပေးပြီး ကယားလူငယ်စင်တာအတွက်လည်း အဆင်ပြေတယ်ဟု ကရင်နီလူငယ်အဖွဲ့မှ ခွန်သောမက်က ပြောကြားသည်။

၆၈ ကြိမ်မြောက် ကယားပြည်နယ်နေ့အခမ်းနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်တွင် လွိုင်ကော်မြို့နယ် ထေးငှားလျားကျေးရွာအနီး ကယား၊ ဒေးပွဲတော်ကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနေပြီး ကရင်နီလူငယ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ခွင့်ပေးရန် ယခုလ ၁၀ ရက် နေ့က စာရေးသားပေးပို့ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်၌ ပြည်နယ်ဧည့်ရိပ်သာတွင် တံခါးပိတ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်အချို့နှင့် ကရင်နီလူငယ်ခေါင်းဆောင်များဖြစ်သောခူး ရီးရယ်(ခ)ခူးရီးဒူဦးဆောင်သည့် လူ ငယ် ၇ ဦးတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီးနှစ်ဖက်တွေ့ဆုံမှုအပြီးတွင် ကရင်နီလူင်ယ်ခေါင်းဆောင်အချို့က ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အများပြည်သူကိုထုတ်ပြန်ပြောဆိုခဲ့သည်။

ကယားပြည်နယ်အတွင်း NLD အစိုးရလက်ထက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုပြသနာနှင့်ပတ်သက်ပြီး
ပြည်နယ်အစိုးရနှင့် ကရင်နီလူငယ်များကြား ပြသနာများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူငယ် ၆ ဦး ထောင်သွင်း အကျဉ်းချခံရသည့်အပြင် မြေယာပြဿနာများနှင့် ကရင်နီတောင်သူ ၄၁ ယောက် တရားစွဲဆိုခံထားရသည်။

လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်ရှိုသည် ကရင်နီတိုင်းရင်းသားများ၏ ခံစားချက်နှင့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် သမိုင်းကိုလည်း နားလည်တန်ဖိုးမထားကြောင်း ဒေသခံ ကရင်နီတိုင်းရင်းသားအချို့က ဆိုသည်။

R-15