Unicode
Xiaomi Mi Mix Alpha ကို အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ
January 11, 2020Ko ThuyaNo CommentsXiaomi က စက်တင်ဘာလမှာ Mi Mix Alpha ကို ကြေညာခဲ့ပြီး အလန်းစား ဒီဇိုင်းကြောင့် သတင်းစာမျက်နှာတွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ ဒီဇင်ဘာလမှာ အကန့်အသတ်နဲ့ ရောင်းမယ်လို့ ထင်ခဲ့ကြပေမယ့် မဖြစ်လာခဲ့ပါဘူး။ သူ့ရဲ့ ဈေးကတော့ မသေးပါဘူး။ ၂၈၀၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၄၁ သိန်းလောက်ရှိပါတယ်။ ကုမ္ပဏီက Mi Mix Alpha ရောင်းချမယ့် အချိန်ကို အကန့်အသတ် မရှိ နောက်ဆုတ်မယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။အခုတော့ Xiaomi Group က ဘေဂျင်းမှာ ကျင်းပတဲ့ Business Conference ၁ ခုမှာ Mi Mix Alpha နဲ့ ပတ်သက်တဲ့ သတင်း ၁ ခုကို လူသိရှင်ကြားကြေညာလိုက်ပါတယ်။ အဲဒါကတော့ သူ့ကို အမြောက်အများ ထုတ်လုပ်ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာပါ။Xiaomi ရဲ့ အရာရှိတွေက “ Mi Mix Alpha ကို လက်ရှိမှာ အမြောက်အများ မထုတ်လုပ်ရသေးပါဘူး။ အစီအစဉ်လည်း မရှိသေးပါဘူး။ ဒါပေမယ့် အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထားရောက်နေပါပြီ။ “ လို့ ပြောပါတယ်။ Xiaomi က မကြာခင်မှာ ရောင်းချမယ်လို့တော့ မပြောသေးပါဘူး။Ref : gizmochina