January 11, 2020Ko ThuyaNo Comments
Samsung Galaxy A50 ဟာ ၂၀၁၉ ရဲ့ ေရာင္း အေကာင္းဆုံးဖုန္းေတြထဲက ၁ လုံးပါ။ မၾကာခင္က ေၾကညာခဲ့တဲ့ A51 ဟာလည္း အဲဒီ စံခ်ိန္ကို ထိန္းထားမယ္လို႔ ထင္ပါတယ္။ အခုေတာ့ Samsung က မၾကာခင္မွာ ေတာင္ကိုရီးယားမွာ 5G ပါတဲ့ A51 ကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းထြက္လာပါတယ္။



အဲဒီ ေမာ္ဒယ္ အသစ္ရဲ့ ေမာ္ဒယ္နံပါတ္က SM-A516N ျဖစ္ၿပီး အဆုံးက N စာလုံးဟာ ေတာင္ကိုရီးယားအတြက္ 5G ေမာ္ဒယ္ဆိုတာ ညႊန္းဆိုေနပါတယ္။ A51 ရဲ့ နိုင္ငံတကာ ေမာ္ဒယ္ဟာ SM-A515F ျဖစ္ပါတယ္။ Samsung က ဒီလို နာမည္ေပးတဲ့ စနစ္ကို Note 10 နဲ႔ Note 10 5G မွာပါ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ A51 5G မွာ 128GB Base Storage ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။

ရိုးရိုး A51 မွာ 5G Support မပါတဲ့ Exynos 9611 Chipset ေမာင္းႏွင္ထားပါတယ္။ A51 5G မွာ Exynos 980 Chipset ပါလာနိုင္ပါတယ္။ ဒါမွမဟုတ္ Exynos 5100 5G Modem ကို သီးျခားထည့္သြင္းထားနိုင္ပါတယ္။ Samsung နဲ႔ Mediatek တို႔ဟာ ေဆြးေႏြးညႇိႏွိုင္းေနၾကတဲ့အတြက္ Mediatek Dimensity 1000 5G or 800 5G Chipset ေတြလည္း ပါလာနိုင္ပါတယ္။

Ref : gsmarena




Unicode



Samsung က 5G ပါတဲ့ Galaxy A51 ကို ထုတ်လုပ်မယ်လို့ သတင်းထွက်လာ





Samsung Galaxy A50 ဟာ ၂၀၁၉ ရဲ့ ရောင်း အကောင်းဆုံးဖုန်းတွေထဲက ၁ လုံးပါ။ မကြာခင်က ကြေညာခဲ့တဲ့ A51 ဟာလည်း အဲဒီ စံချိန်ကို ထိန်းထားမယ်လို့ ထင်ပါတယ်။ အခုတော့ Samsung က မကြာခင်မှာ တောင်ကိုရီးယားမှာ 5G ပါတဲ့ A51 ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။




အဲဒီ မော်ဒယ် အသစ်ရဲ့ မော်ဒယ်နံပါတ်က SM-A516N ဖြစ်ပြီး အဆုံးက N စာလုံးဟာ တောင်ကိုရီးယားအတွက် 5G မော်ဒယ်ဆိုတာ ညွှန်းဆိုနေပါတယ်။ A51 ရဲ့ နိုင်ငံတကာ မော်ဒယ်ဟာ SM-A515F ဖြစ်ပါတယ်။ Samsung က ဒီလို နာမည်ပေးတဲ့ စနစ်ကို Note 10 နဲ့ Note 10 5G မှာပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ A51 5G မှာ 128GB Base Storage ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

ရိုးရိုး A51 မှာ 5G Support မပါတဲ့ Exynos 9611 Chipset မောင်းနှင်ထားပါတယ်။ A51 5G မှာ Exynos 980 Chipset ပါလာနိုင်ပါတယ်။ ဒါမှမဟုတ် Exynos 5100 5G Modem ကို သီးခြားထည့်သွင်းထားနိုင်ပါတယ်။ Samsung နဲ့ Mediatek တို့ဟာ ဆွေးနွေးညှိနှိုင်းနေကြတဲ့အတွက် Mediatek Dimensity 1000 5G or 800 5G Chipset တွေလည်း ပါလာနိုင်ပါတယ်။

Ref : gsmarena