Image may contain: 1 person, smiling
Image may contain: 1 person, standing and outdoor
Image may contain: 1 person, smiling
Image may contain: 2 people, people smiling, people standing and indoor
Image may contain: 2 people, people smiling, people standing, shoes and outdoor
Image may contain: 1 person, standing, sky and outdoor
မိုမိုလေး



Unicode







ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် တက်သစ်စ မင်းသမီးချောလေး နော်ဖောအယ်ထားက ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းသူလေး ဖြစ်ပါတယ်။ နော်ဖောအယ်ထားရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ အပြောအဆိုလေးတွေကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နော်ဖောအယ်ထားက နိုင်ငံကျော်အဆိုတော်ကြီး မေဆွိနဲ့ ဆုံခဲ့ရတဲ့ အမှတ်တရကို အခုလို ပြောပြလာပါတယ်။



“လေဆိပ်မှာ အန်တီမေဆွိ က ” သမီး သမီးက သုဒြာမလား ဓါတ်ပုံရိုက်မယ်နော်” ဆိုပြီးလှန်းခေါ်တော့ ကိုယ်နည်းနည်းတောင် ကြောင်သွားပြီး “ အန်တီရယ် အန်တီ အဲလိုပြောတော့သမီးဘယ်လိုနေရမှန်းတောင်မသိတော့ဘူး ဟီး” ဆိုတော့ ( ကိုယ်ကစပြီးသေချာမနှုတ်ဆက်ရလို့ အားနာသွားတာ မမြင်လိုက်တာလည်းပါ ပါတယ်)



” မဟုတ်တာ သမီးရယ်ဆို” ဆိုပြီးဟိုမေးဒီပြောနဲ့ ” မရဘူး သမီးလည်း ရိုက်မယ်”ဆိုပြီး ကိုယ့်ဖုန်းလေးနဲ့ ဒီပုံလေးရခဲ့တယ်။ ကိုယ်တွေငယ်ကတည်းက ကြိုက်ပြီးလေးစားခဲ့ရတဲ့ Legend တစ်ယောက်က ကိုယ့်လို အညတရလေးကို သေချာနှုတ်ဆက်သွားတော့ အားနာနာနဲ့ကြောင်ကြောင်လေး ကျန်ခဲ့တယ် Heee🤓”



” ကိုယ့်ရဲ့ ပထမဆုံး ဇာတ်လမ်းထဲက Character နာမည်လေးကိုမှတ်မိနေကြတော့ စိတ်ထဲပီတိတွေဖြာဟီးဟီး🙈❤️” ဆိုပြီး ဝမ်းသာစွာနဲ့ ပြောပြထားပါတယ်။



နော်ဖောအယ်ထားကတော့ သူမကို အနုပညာရှင်ပေါက်စလေးကို ဝါရင့်အဆိုရှင်ကြီး မေဆွိက လာနှုတ်ဆက်လို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နော်ဖောအယ်ထားနဲ့ မေဆွိရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။



မိုမိုလေး