မိုမိုလေး
Unicode
မင်းသမီးချော ပတ်ထရစ်ရှာက အဒေါ်ဖြစ်သူ အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံထားနိုင်တဲ့သူလေး ဖြစ်ပါတယ်။ ပတ်ထရစ်ရှာရဲ့ ဘိုဆန်တဲ့ မျက်နှာလေးနဲ့ သေးသွယ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ သဘောကျကြတာ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ပရိသတ်တွေက ပတ်ထရစ်ရှာရဲ့ အနုပညာလုပ်ငန်းတွေကို အားပေးကြသလို သူမရဲ့ အချစ်ရေးကိစ္စကိုလည်း စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာရဲ့ ချစ်သူက နိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပတ်ထရစ်ရှာက သူမရဲ့ စိတ်ကိုသိလွန်းတဲ့ ချစ်သူလေးအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “My man knows how to make me surprised and happy even when he’s 8,493 km away from me ♥️🌹💋 သူ့ကိုအကြောင်းမရှိပဲစိတ်ကောက်လည်းကိုယ့်ကိုချော့တာပဲ။ ကိစ္စသေးသေးမွှားမွှားလေးကအစ ကိုယ့်အပေါ်အရမ်းအလေးအနက်ထားတယ်။”
“သူ့ကိုအဆက်အသွယ်ဖြတ်ထားလို့တဲ့။ ကိုယ့်သူငယ်ချင်းကိုအကူအညီတောင်းပြီး ကိုယ်သိပ်ကြိုက်တဲ့ နှင်းဆီပန်းလေးတွေနဲ့ သူကိုယ်တိုင်စာတွေအရှည်ကြီး စီရေးထားတဲ့ postcard လေးရယ် ရှူတင်ကိုပို့ပေးပြီး surprise လုပ်ပြီးချော့ရှာတယ်။”
“ဒီကဒေါ်ကောက်စိန်လည်းသူပို့တဲ့ surprise လေးလို့ကြားတာနဲ့ထခုန်။ သူရေးထားတဲ့အရမ်း Ro တဲ့စာလေးတွေကိုဖတ် နှင်းဆီပန်းလေးတွေကိုရှူရှိုက်ရင်း အပျော်လွန်ပြီးအရည်ပျော်သွားပါလေရော… 😍” ဆိုပြီး မျှဝေပေးထားပါတယ်။
ပတ်ထရစ်ရှာရဲ့ ချစ်သူလေးကတော့ ပတ်ထရစ်ရှာကို တော်တော်လေး ဂရုစိုက်ပြီး ချစ်တတ်တာပဲနော်။ ပရိသတ်ကြီးလည်း အချစ်ရေးမှာ ကံကောင်းလွန်းသူလေး ပတ်ထရစ်ရှာကို အားကျနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး
0 Comments