
ကန႔္ကြက္မႈေတြရွိေနတဲ့ ကယားျပည္နယ္က ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေဆာက္လုပ္ထားကိစၥနဲ႔ ပတ္သက္ၿပီး သူ႔အေနနဲ႔ မိသားစုဝင္ျဖစ္ေနတာေၾကာင့္ ဆုံးျဖတ္ရခက္ခဲေနတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ဇန္နဝါရီလ ၁၅ ရက္က လြိဳင္ေကာ္ၿမိဳ႕နယ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကရင္နီျပည္လူငယ္အင္အားစု ေတြ႕ဆုံခဲ့ၿပီး ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥေဆြးေႏြးရာမွာ ေျပာၾကားခဲ့တာပါ။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥေျပလည္မႈရရွိေအာင္ ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္အစိုးရ၊ ကရင္နီလူငယ္အဖြဲ႕ေတြပါဝင္တဲ့ သုံးပြင့္ဆိုင္ေဆြးေႏြးပြဲကို မၾကာခင္မွာ က်င္းပေပးသြားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

“ ႏိုင္ငံေတာ္အတိုင္ပင္ခံက သူ႔မိသားစုဝင္နဲ႔ ဆက္စပ္တဲ့ကိစၥျဖစ္လို႔ ဆုံးျဖတ္ရခက္ေနတယ္လို႔ ေျပာပါတယ္။ ဒီလိုျပႆနာေတြ ျဖစ္ေနတာကို ေျဖရွင္းႏိုင္တဲ့ နည္းလမ္းမူေဘာင္ေတြကို စဥ္းစားၿပီး ေစ့စပ္ညႇိႏႈိင္းေရးလမ္းေၾကာင္းတစ္ခုျဖစ္ေအာင္လုပ္မယ္လို႔ ကြၽန္ေတာ္တို႔ကို ေျပာခဲ့ပါတယ္။” လို႔ ေဆြးေႏြးပြဲတက္ေရာက္ခဲ့တဲ့ ကရင္နီျပည္လူငယ္အင္အားစုမွ ခြန္းေသာမတ္စ္က ေျပာပါတယ္။

ကရင္နီလူငယ္ေတြအေနနဲ႔ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ျပႆနာကို ေျဖရွင္းလိုၿပီး အစိုးရတာဝန္ရွိသူေတြနဲ႔ သုံးပြင့္ဆိုင္ေတြ႕ဆုံပြဲကို ေစာင့္ဆိုင္းသြားမယ္လို႔လည္း ဆိုပါတယ္။“ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ျပႆနာက ေျဖကို ေျဖရွင္းရမယ့္ ကိစၥတစ္ခုလို႔ ကြၽန္ေတာ္တို႔မွတ္ယူထားတယ္။ ကြၽန္ေတာ္တို႔ လြိဳင္ေကာ္နဲ႔ ဗိုလ္ခ်ဳပ္ဆိုတာမဆိုင္ဘူး။ကယားျပည္နယ္ဆိုတာသီးျခားလြတ္လပ္ခဲ့တဲ့ ျပည္နယ္တစ္ခု။ ကြၽန္ေတာ္တို႔ျပည္နယ္ရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီးေတြ ႐ုပ္တုေတြေတာင္မရွိဘဲ ကြၽန္ေတာ္တို႔ ျပည္နယ္ လြတ္လပ္ေရးနဲ႔ မဆိုင္တဲ့ ပုဂၢိဳလ္ေတြရဲ႕ ႐ုပ္တုေတြကို မလိုလားပါဘူး။ “ လို႔ ခြန္းေသာမတ္စ္က ေျပာပါတယ္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ဂႏၵာေဟဝန္ပန္းၿခံမွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေဆာက္လုပ္ခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက ကရင္နီလူငယ္ေတြနဲ႔ ျပည္သူ ေထာင္နဲ႔ခ်ီ ဆႏၵျပမႈေတြ လုပ္ခဲ့ၿပီး ဆႏၵျပလူငယ္အခ်ိဳ႕လည္း တရားစြဲဆိုခဲ့ခဲ့ရတဲ့ ျဖစ္စဥ္ေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

ဓူဝံ
Unicode
ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ထားကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မိသားစုဝင်ဖြစ်နေတာကြောင့် ဆုံးဖြတ်ရခက်ခဲနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၁၅ ရက်က လွိုင်ကော်မြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီပြည်လူငယ်အင်အားစု တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဆွေးနွေးရာမှာ ပြောကြားခဲ့တာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စပြေလည်မှုရရှိအောင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ကရင်နီလူငယ်အဖွဲ့တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင်မှာ ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။
“ နိုင်ငံတော်အတိုင်ပင်ခံက သူ့မိသားစုဝင်နဲ့ ဆက်စပ်တဲ့ကိစ္စဖြစ်လို့ ဆုံးဖြတ်ရခက်နေတယ်လို့ ပြောပါတယ်။ ဒီလိုပြဿနာတွေ ဖြစ်နေတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းမူဘောင်တွေကို စဉ်းစားပြီး စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းတစ်ခုဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။” လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်နီပြည်လူငယ်အင်အားစုမှ ခွန်းသောမတ်စ်က ပြောပါတယ်။
ကရင်နီလူငယ်တွေအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာကို ဖြေရှင်းလိုပြီး အစိုးရတာဝန်ရှိသူတွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို စောင့်ဆိုင်းသွားမယ်လို့လည်း ဆိုပါတယ်။“ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာက ဖြေကို ဖြေရှင်းရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်တို့မှတ်ယူထားတယ်။ ကျွန်တော်တို့ လွိုင်ကော်နဲ့ ဗိုလ်ချုပ်ဆိုတာမဆိုင်ဘူး။ကယားပြည်နယ်ဆိုတာသီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်တစ်ခု။ ကျွန်တော်တို့ပြည်နယ်ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ရုပ်တုတွေတောင်မရှိဘဲ ကျွန်တော်တို့ ပြည်နယ် လွတ်လပ်ရေးနဲ့ မဆိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို မလိုလားပါဘူး။ “ လို့ ခွန်းသောမတ်စ်က ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကရင်နီလူငယ်တွေနဲ့ ပြည်သူ ထောင်နဲ့ချီ ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီး ဆန္ဒပြလူငယ်အချို့လည်း တရားစွဲဆိုခဲ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓူဝံ

0 Comments