ဖမ္းဆီးရမိထားေသာတပ္မေတာ္သားစစ္သုံ႔ပန္းမ်ားထဲမွ အသက္ႀကီးၿပီးက်န္းမာေရးခ်ိဳ႕တဲ့သည့္ တပ္မေတာ္သား ၂ ဦးကို ျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း ရခုိင္တပ္မေတာ္ ေအေအ လက္နက္ကိုင္အဖြဲ႔၏ သတင္းထုတ္ျပန္ေၾကညာခ်က္အရသိရသည္။
Image may contain: 1 person
ပလက္၀ၿမိဳ႕နယ္၊ ပကာ၀ရြာ၏ အေနာက္ေတာင္ဘက္ရွိေတာင္တန္းေပၚတြြင္ ၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာ ၁၉ ရက္ေန႔ကျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္းေမွာ္ဘီအေျခစိုက္ တပ္ရင္း ၃၁၃ မွ အရာရိွ ၁ ဦးအပါအ၀င္တပ္ဖြဲ႕၀င္ ၁၃ ဦးကိုဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါဖမ္းဆီးရမိထားသည့္ စစ္သံု႔ပန္းမ်ားကိုစည္းကမ္းႏွင့္အညီထိန္းသိမ္းေစာင့္ေရွာက္ထားၿပီးယင္းအနက္ က်န္းမာေရးခ်ိဳ႕တဲ့သည့္ ၄၉ ႏွစ္အရြယ္ ဦးေမာင္ေထြး၊ တပ္ၾကပ္(ကိုယ္ပိုင္အမွတ္-တ/၉၂၁၅၀၄)ႏွင့္ ၅၃ ႏွစ္အရြယ္ ဦးေဇာ္ေဇာ္၊ တပ္ၾကပ္(ကိုယ္ပိုင္အမွတ္-တ/၂၆၀၀၆၂)တို႔ႏွစ္ဦးကို လူသားခ်င္း စာနာေထာက္ထားျခင္းျဖင့္ ရက္ပိုင္းအတြင္းသင့္ေတာ္သည့္ေနရာ၌ ျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
Image may contain: 1 person
ထို႔အျပင္ ျမန္မာအစိုးရမွ ႏိုင္ငံေရးႏွင့္ဆက္စပ္ၿပီးပုဒ္မအမ်ိဳးမ်ိဳးတပ္ကာဖမ္းဆီးထားေသာ အျပစ္မဲ့ရခိုင္ျပည္သူမ်ားႏွင့္တပ္ဖြဲ႔၀င္မ်ားကိုလႊတ္ေပးမည္ဆိုပါက ၎တုိ႔ဘက္ကလည္း ေမတၱာတုန္႔ျပန္ေသာအားျဖင့္ တပ္ဖြဲ႔၀င္မ်ားကိုျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း ေအေအ လက္နက္ကိုင္က ထပ္မံကမ္းလွမ္းထားသည္ကိုလည္းေတြ႔ရွိရသည္။
ျမန္မာအစိုးရႏွင့္ တပ္မေတာ္ေခါင္းေဆာင္မ်ားအေနျဖင့္ ေဒါသ၊ ေမာဟ၊ မာနမ်ားကိုဖယ္ရွားကာ လက္ေအာက္ငယ္သားမ်ား၏ ဒုကၡ၊ သုခေကာင္းက်ိဳးခ်မ္းသာမ်ားကိုေထာက္ရႈေမတၱာေရွ႕ထား စဥ္းစားသင့္ေၾကာင္း ေအေအ လက္နက္ကိုင္အဖြဲ႔၏သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။



အကုန္သိ




Unicode





အသက်ကြီးပြီး ကျန်းမာရေးချို့တဲ့သူတပ်မတော်သား ၂ ဦးကို ပြန်လွှတ်ပေးမည်ဟု အေအေ ကထုတ်ပြန်


ဖမ်းဆီးရမိထားသောတပ်မတော်သားစစ်သုံ့ပန်းများထဲမှ အသက်ကြီးပြီးကျန်းမာရေးချို့တဲ့သည့် တပ်မတော်သား ၂ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ရခိုင်တပ်မတော် အေအေ လက်နက်ကိုင်အဖွဲ့၏ သတင်းထုတ်ပြန်ကြေညာချက်အရသိရသည်။



ပလက်ဝမြို့နယ်၊ ပကာဝရွာ၏ အနောက်တောင်ဘက်ရှိတောင်တန်းပေါ်တွွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းမှော်ဘီအခြေစိုက် တပ်ရင်း ၃၁၃ မှ အရာရှိ ၁ ဦးအပါအဝင်တပ်ဖွဲ့ဝင် ၁၃ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကိုစည်းကမ်းနှင့်အညီထိန်းသိမ်းစောင့်ရှောက်ထားပြီးယင်းအနက် ကျန်းမာရေးချို့တဲ့သည့် ၄၉ နှစ်အရွယ် ဦးမောင်ထွေး၊ တပ်ကြပ်(ကိုယ်ပိုင်အမှတ်-တ/၉၂၁၅၀၄)နှင့် ၅၃ နှစ်အရွယ် ဦးဇော်ဇော်၊ တပ်ကြပ်(ကိုယ်ပိုင်အမှတ်-တ/၂၆၀၀၆၂)တို့နှစ်ဦးကို လူသားချင်း စာနာထောက်ထားခြင်းဖြင့် ရက်ပိုင်းအတွင်းသင့်တော်သည့်နေရာ၌ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။



ထို့အပြင် မြန်မာအစိုးရမှ နိုင်ငံရေးနှင့်ဆက်စပ်ပြီးပုဒ်မအမျိုးမျိုးတပ်ကာဖမ်းဆီးထားသော အပြစ်မဲ့ရခိုင်ပြည်သူများနှင့်တပ်ဖွဲ့ဝင်များကိုလွှတ်ပေးမည်ဆိုပါက ၎င်းတို့ဘက်ကလည်း မေတ္တာတုန့်ပြန်သောအားဖြင့် တပ်ဖွဲ့ဝင်များကိုပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အေအေ လက်နက်ကိုင်က ထပ်မံကမ်းလှမ်းထားသည်ကိုလည်းတွေ့ရှိရသည်။

မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ဒေါသ၊ မောဟ၊ မာနများကိုဖယ်ရှားကာ လက်အောက်ငယ်သားများ၏ ဒုက္ခ၊ သုခကောင်းကျိုးချမ်းသာများကိုထောက်ရှုမေတ္တာရှေ့ထား စဉ်းစားသင့်ကြောင်း အေအေ လက်နက်ကိုင်အဖွဲ့၏သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။







အကုန်သိ