
မႏၲေလးတိုင္း Mandalay Yatanar Mall ၊ Sky Walk ပထမအလႊာမွာ မေန႔ကဇန္နဝါရီ ၁၇ ရက္ ညေန ၆နာရီဝန္းက်င္က စတင္ေလာင္ကၽြမ္းခဲ့တဲ့မီးဟာ ဒီကေန႔ ဇန္နဝါရီ ၁၈ ရက္ေန႔ မနက္ ၅နာရီဝန္းက်င္မွာ ေတာ့ အၿပီးသတ္ျငႇိမ္းသတ္နိုင္ခဲ့တယ္လို့ ျမန္မာနိုင္ငံမီးသတ္ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။
Level 5 အဆင့္အထိ သတ္မွတ္ျငႇိမ္းသတ္ခဲ့ရတဲ့ အဆိုပါမီးဟာ မီးသတ္ယာဥ္ ၂၀၀ နီးပါးကိုအသုံးျပဳၿပီး ၁၁ နာရီ နီးပါးေတာက္ေလၽွာက္ျငႇိမ္းသတ္ခဲ့ရတာျဖစ္ပါတယ္။
မီးေလာင္ကၽြမ္းမွုျဖစ္စဥ္အတြင္း အရန္မီးသတ္ တပ္ဖြဲ႕ဝင္ ၅ ဦးလည္း ထိခိုက္ဒဏ္ရာရတာေတြရွိခဲ့တယ္လို့ သိရပါတယ္။
ရတနာပုံေဈး Sky Walk Shopping Center ဟာ ၆လႊာအေဆာက္ဦးျဖစ္ၿပီး ေျမညီထပ္နဲ႔ ပထမထပ္မွာ အထည္ဆိုင္၊ လူသုံးကုန္ပစၥည္းအေရာင္းဆိုင္ေတြ ရွိကာဒုတိယထပ္မွာ ရတနာေမာ ေက်ာက္မ်က္ေဈး၊ တတိယထပ္မွာ သင္တန္းခန္းေတြ၊ ေလးထပ္ေျမာက္မွာ MRCCI အသင္းရွိပါတယ္။
အခုမီးေလာင္ခဲ့တဲ့ေဈးေနရာမွာ လြန္ခဲ့တဲ့ ၁၂ႏွစ္ (၂၀၀၈ ခုႏွစ္)ကလည္း မီးအႀကီးက်ယ္ ေလာင္ခဲ့ၿပီး ေနာက္ Diamond Plaza နဲ႔ ရတနာပုံေဈး SKY Walk Shopping Center ကို တြဲလ်က္ အသစ္ထပ္မံ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာမီးေလာင္မွု အေၾကာင္းအရင္းနဲ႔ ဆုံးရွုံးမွုတန္ဖိုးအား စိစစ္စုံစမ္းဆဲျဖစ္တယ္လို့ ျမန္မာနိုင္ငံမီးသတ္ ဦးစီးဌာနကသတင္းထုတ္ျပန္ထားပါတယ္။
ဘီဘီစီ
Unicode
မန္တလေး ရတနာပုံဈေး SKY Walk Shopping Center လောင်ကျွမ်းမှု မီးငြိမ်းပြီ
မန္တလေးတိုင်း Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာမှာ မနေ့ကဇန်နဝါရီ ၁၇ ရက် ညနေ ၆နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာ တော့ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Level 5 အဆင့်အထိ သတ်မှတ်ငြှိမ်းသတ်ခဲ့ရတဲ့ အဆိုပါမီးဟာ မီးသတ်ယာဉ် ၂၀၀ နီးပါးကိုအသုံးပြုပြီး ၁၁ နာရီ နီးပါးတောက်လျှောက်ငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ရတနာပုံဈေး Sky Walk Shopping Center ဟာ ၆လွှာအဆောက်ဦးဖြစ်ပြီး မြေညီထပ်နဲ့ ပထမထပ်မှာ အထည်ဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ ရှိကာဒုတိယထပ်မှာ ရတနာမော ကျောက်မျက်ဈေး၊ တတိယထပ်မှာ သင်တန်းခန်းတွေ၊ လေးထပ်မြောက်မှာ MRCCI အသင်းရှိပါတယ်။
အခုမီးလောင်ခဲ့တဲ့ဈေးနေရာမှာ လွန်ခဲ့တဲ့ ၁၂နှစ် (၂၀၀၈ ခုနှစ်)ကလည်း မီးအကြီးကျယ် လောင်ခဲ့ပြီး နောက် Diamond Plaza နဲ့ ရတနာပုံဈေး SKY Walk Shopping Center ကို တွဲလျက် အသစ်ထပ်မံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာမီးလောင်မှု အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးအား စိစစ်စုံစမ်းဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
ဘီဘီစီ

0 Comments