ကန္ေလေၾကာင္းလိုင္းမ်ား တ႐ုတ္ခရီးစဥ္ ေလွ်ာ့ခ် ဗြီအိုေအ (ျမန္မာပုိင္း)

Delta ေလေၾကာင္းလိုင္း ေလယာဥ္ပ်ံမ်ား
(Zawgyi/ Unicode)
Coronavirus ပိုးကူးစက္မႈ တားဆီး ထိန္းခ်ဳပ္ႏိုင္ဖုိ႔ ကမာၻ႔ႏိုင္ငံေတြ ႀကိဳးစားေနၾကတာနဲ႔အတူ ႏုိင္ငံတကာေလေၾကာင္းလိုင္းေတြကလည္း တ႐ုတ္ႏိုင္ငံကို ပ်ံသန္းတဲ့ ေလယာဥ္ခရီးစဥ္ေတြကို ရပ္နားထားတာ ဒါမွမဟုတ္ ခရီးစဥ္ေတြ ေလွ်ာ့ခ်တာ လုပ္ေနၾကပါတယ္။
အေမရိကန္ျပည္ေထာင္စုက United Airlines ေလေၾကာင္းလုိင္းက တ႐ုတ္ႏိုင္ငံကို ေျပးဆဲြတဲ့ခရီးစဥ္ေတြ ေလွ်ာ့ခ်မွာမို႔ ေဖေဖာ္၀ါရီ ၁ ကေန ၈ ရက္ေန႔ၾကား အေမရိကန္ ၿမိဳ႕ ၃ ၿမိဳ႕ကေန ေဘဂ်င္း၊ ႐ွန္ဟို္င္းနဲ႔ ေဟာင္ေကာင္ကို ပ်ံသန္းတဲ့ခရီးစဥ္ေတြ ထိခိုက္မယ္လို႔ အသိေပးထားပါတယ္။
အေမရိကန္ေလေၾကာင္းလိုင္း AA ကလည္း Los Angeles ကေန ေဘဂ်င္းနဲ႔ ႐ွန္ဟိုင္းၿမိဳ႕ေတြကို ေျပးဆြဲတဲ့ ခရီးစဥ္ေတြကို ေဖေဖာ္၀ါရီ၉ ကေန မတ္လ မတ္လ ၂၇ ရက္အထိ ရပ္နားထားမွာ ျဖစ္ပါတယ္။ Dallas/Fort Worth ကေန ေဘဂ်င္းနဲ႔ ႐ွန္ဟိုင္းကိုသြားတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ ဆက္႐ွိေနမွာျဖစ္ပါတယ္။
Delta ေလေၾကာင္းလုိင္းကလည္း ခရီးသည္အေရအတြက္ သိသိသာသာနည္းသြားတဲ့အတြက္ အေမရိကန္ကေန တ႐ုတ္ကို အပတ္စဥ္ပ်ံသန္းေနတဲ့ ခရီးစဥ္ ၄၂ ခု ကေန ၂၁ ခုအထိ ေဖေဖာ္၀ါရီ၆ ကစၿပီး ေလွ်ာ့ခ်ေတာ့မွာျဖစ္ပါတယ္။ ျမန္မာ့ေလေၾကာင္းလိုင္း MAI ကလည္း တ႐ုတ္ၿမိဳ႕ ၁၀ ၿမိဳ႕ကို ေျပးဆြဲတဲ့ခရီးစဥ္ေတြကို မနက္ျဖန္ေသာၾကာေန႔ကစၿပီး ယာယီရပ္ဆိုင္းထားပါတယ္။
ျမန္မာ့အမ်ဳိးသားေလေၾကာင္းလိုင္း MNA ကလည္း ခ်န္ဒူးၿမိဳ႕နဲ႔ ေဟာင္ေကာင္ကိုသြားတဲ့ ခရီးစဥ္ေတြကို စေနေန႔က စၿပီးရပ္ထားပါတယ္။ ကေဗာၻဇေလေၾကာင္းလိုင္းကလည္း ေဖေဖာ္၀ါရီ ၁ ရက္ကစၿပီး Guangzhou ၿမိဳ႕ခရီးစဥ္ကို ယာယီရပ္ထားပါတယ္။ အလားတူတျခားအာ႐ွနဲ႔ ဥေရာပေလေၾကာင္းလိုင္းေတြကလည္း တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕သြားတဲ့ ခရီးစဥ္ေတြကို ဖ်က္ေနၾကပါတယ္။
AirAsia ေလေၾကာင္းလိုင္းရဲ႕ မေလး႐ွား Kota Kinabalu ၿမိဳ႕၊ ထိုင္းႏိုင္ငံ ဘန္ေကာက္နဲ႔ ဖူးခက္ၿမိဳ႕ေတြကေန တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကို သြားတဲ့ ခရီးစဥ္အားလံုးကို ေဖေဖာ္၀ါရီ လကုန္အထိ ဖ်က္ထားပါတယ္။
......................
ကန်လေကြောင်းလိုင်းများ တရုတ်ခရီးစဉ် လျှော့ချ
(
Unicode)
Coronavirus ပိုးကူးစက်မှု တားဆီး ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးစားနေကြတာနဲ့အတူ နိုင်ငံတကာလေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားတာ ဒါမှမဟုတ် ခရီးစဉ်တွေ လျှော့ချတာ လုပ်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုက United Airlines လေကြောင်းလိုင်းက တရုတ်နိုင်ငံကို ပြေးဆွဲတဲ့ခရီးစဉ်တွေ လျှော့ချမှာမို့ ဖေဖော်ဝါရီ ၁ ကနေ ၈ ရက်နေ့ကြား အမေရိကန် မြို့ ၃ မြို့ကနေ ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ဟောင်ကောင်ကို ပျံသန်းတဲ့ခရီးစဉ်တွေ ထိခိုက်မယ်လို့ အသိပေးထားပါတယ်။
အမေရိကန်လေကြောင်းလိုင်း AA ကလည်း Los Angeles ကနေ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေကို ပြေးဆွဲတဲ့ ခရီးစဉ်တွေကို ဖေဖော်ဝါရီ၉ ကနေ မတ်လ မတ်လ ၂၇ ရက်အထိ ရပ်နားထားမှာ ဖြစ်ပါတယ်။ Dallas/Fort Worth ကနေ ဘေဂျင်းနဲ့ ရှန်ဟိုင်းကိုသွားတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ ဆက်ရှိနေမှာဖြစ်ပါတယ်။
Delta လေကြောင်းလိုင်းကလည်း ခရီးသည်အရေအတွက် သိသိသာသာနည်းသွားတဲ့အတွက် အမေရိကန်ကနေ တရုတ်ကို အပတ်စဉ်ပျံသန်းနေတဲ့ ခရီးစဉ် ၄၂ ခု ကနေ ၂၁ ခုအထိ ဖေဖော်ဝါရီ၆ ကစပြီး လျှော့ချတော့မှာဖြစ်ပါတယ်။ မြန်မာ့လေကြောင်းလိုင်း MAI ကလည်း တရုတ်မြို့ ၁၀ မြို့ကို ပြေးဆွဲတဲ့ခရီးစဉ်တွေကို မနက်ဖြန်သောကြာနေ့ကစပြီး ယာယီရပ်ဆိုင်းထားပါတယ်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA ကလည်း ချန်ဒူးမြို့နဲ့ ဟောင်ကောင်ကိုသွားတဲ့ ခရီးစဉ်တွေကို စနေနေ့က စပြီးရပ်ထားပါတယ်။ ကဗ္ဘောဇလေကြောင်းလိုင်းကလည်း ဖေဖော်ဝါရီ ၁ ရက်ကစပြီး Guangzhou မြို့ခရီးစဉ်ကို ယာယီရပ်ထားပါတယ်။ အလားတူတခြားအာရှနဲ့ ဥရောပလေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံ ဝူဟန်မြို့သွားတဲ့ ခရီးစဉ်တွေကို ဖျက်နေကြပါတယ်။
AirAsia လေကြောင်းလိုင်းရဲ့ မလေးရှား Kota Kinabalu မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ဖူးခက်မြို့တွေကနေ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားတဲ့ ခရီးစဉ်အားလုံးကို ဖေဖော်ဝါရီ လကုန်အထိ ဖျက်ထားပါတယ်
0 Comments