








Cele Star
Unicode
ပန်းရောင်ခြယ်ကို ချစ်တယ်ပြောပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဆုပန်ထွာရဲ့သားလေး Roar Roar
ဆုပန်ထွာရဲ့ သားလေး Roar Roar ကျော်က သူ့ရဲ့ Crush ဟာ အဆိုတော် ပန်းရောင်ခြယ်ဖြစ်ကြောင်း အကျယ်တဝင့် ပြောပြတတ်သူလေးပါ။
ဥက္ကာကျော်နဲ့ ဇနီးဆုပန်ထွာတို့ရဲ့ သားဦးလေးဖြစ်တဲ့ Roar Roar ကျော်က စကားတွေကို စီကာပတ်ကုံးပြောတတ်တဲ့ အရွယ်ကိုရောက်လာပါပြီ။ ဖေဖေ၊ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်နေတဲ့ Roar Roar က မိခင်ကိုလည်း အချွဲပိုပြီး အချစ်ပိုစေသူလေးပါ။
အနုပညာမျိုးရိုးရှိသူလေးဖြစ်တာကြောင့်လည်း ကြီးလာတဲ့အခါ မေမေ့လို အနုပညာအလုပ်တွေနဲ့ပဲ ရပ်တည်သွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါ။ အနုပညာလောကထဲမှာတော့ Roar Roar ကျော်တစ်ယောက် အသည်းအသန်အားပေးပြီး Crush နေရတဲ့ အဆိုတော်မလေးတစ်ဦးရှိနေပြန်ပါတယ်။
သူမကတော့ ပန်းရောင်ခြယ်ပါ။ ပန်းရောင်ခြယ်ဟာ သူ့ရဲ့ Crush လေးဖြစ်ကြောင်း ဘယ်လို ချစ်ကြောင်း ကလေးပီပီ ပြောပြတတ်တဲ့ ဗီဒီယိုလေးတွေကို မေမေဆုပန်ထွာက သူမရဲ့ လူမှုကွန်ယက်ကနေ မကြာခဏ တင်တတ်ပါသေးတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ Roar Roar ကျော်လေးက သူ့ရဲ့ Crush လေးပန်းရောင်ခြယ်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မမပန်းရောင်ခြယ်ကို ချစ်တဲ့အကြောင်းတွေလည်း ချစ်စရာကောင်းအောင် ရွှန်းရွှန်းဝေပြောပြခဲ့တာဖြစ်ပါတယ်။ ပန်းရောင်ခြယ်လေးကို အရူးအမူးဖြစ်နေတဲ့ Roar Roar လေးရဲ့ ဗီဒီယိုကိုပရိသတ်ကြီး ခံစားသိမြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Cele Star

0 Comments