January 11, 2020Ko ThuyaNo Comments





Ref : gsmarena




Unicode




Samsung Galaxy Note 10+ အတွက် ပိုမိုက်တဲ့ 3D Scanning ရပြီ



January 11, 2020Ko ThuyaNo Comments
Samsung Galaxy Note 10+ ရဲ့ အနောက်ကင်မရာ ၃ လုံးက အလန်းစားတွေပါ။ ဒါ့အပြင် ToF Sensor ကလည်း အရမ်းကို အရေးပါပါတယ်။ သူက Depth Mapping နဲ့ 3D Scanning တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ရှုထောင့်မျိုးစုံကနေ Scan လုပ်ပြီး 3D ပုံရိပ်တွေအဖြစ်ဖန်တီးပေးတာက တော်တော်လန်းပါတယ်။

အရင်ကတော့ လူတွေရဲ့ 3D ပုံရိပ်တွေကို ပုံဖော်ရာမှာ အမှားအယွင်းတွေရှိခဲ့ပါတယ်။ အခု နောက်ဆုံးထုတ် Update မှာ Person Mode အသစ် ပါလာပြီး လူတွေရဲ့ 3D ပုံရိမ်တွေကို ပုံဖော်ရာမှာ ပိုမိုကောင်းမွန်လာပါပြီ။ အရာဝတ္ထုတွေကို Things Mode နဲ့ လူတွေကို Person Mode နဲ့ ဖမ်းယူပေးနိုင်တဲ့အတွက် ရလဒ်တွေက တော်တော် ကောင်းမွန်လာပါပြီ။

ပိုကောင်းလာတဲ့ 3D Scanning လုပ်ဆောင်ချက်ကို အသုံးပြုချင်ရင် Galaxy Store ကနေ App ကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena