January 11, 2020Ko ThuyaNo Comments
Gionee က တန္ဖိုးနည္း စြမ္းရည္နိမ့္ ဖုန္း အသစ္ ၁ လုံးကို ခ်ျပလိုက္ပါတယ္။ Gionee Steel 5 လို႔ နာမည္ေပးထားၿပီး ၆.၂ လက္မ IPS LCD HD မ်က္ႏွာျပင္ပါလာပါတယ္။ Notch မွာ 13MP ကင္မရာ တပ္ဆင္ထားၿပီး အေနာက္ဘက္မွာ 12MP နဲ႔ 2MP Depth ကင္မရာေတြကို LED Flash ၂ လုံးနဲ႔ အတူ ေလးေထာင့္ အကြက္ထဲမွာ ထည့္သြင္းထားပါတယ္။
သူ႔ရဲ့ အလန္းဆုံး အစိတ္အပိုင္းက 5000mAh ဘက္ထရီျဖစ္ပါတယ္။ ဒါေပမယ့္ 10W Charging ပဲပါတာက သိပ္မမိုက္ပါဘူး။ 4G ပဲေထာက္ပံ့ၿပီး SIM Card ၂ ခုထည့္သြင္းနိုင္ပါတယ္။ Android 9 Pie အေျချပဳ AmigoOS ေမာင္းႏွင္ထားၿပီး 4/64GB နဲ႔ 6/128GB ေတြ ေရြးခ်ယ္နိုင္ပါတယ္။ Chipset ရဲ့ နာမည္ကို မသိရေသးပါဘူး။ Octa-core Processor လို႔ပဲသိရပါေသးတယ္။
Gionee Steel 5 ကို ေရာင္းမယ့္အခ်ိန္နဲ႔ ေဈးႏႈန္းကို မသိရေသးပါဘူး။
Ref : gsmarenaY
Unicode
5000mAh ဘက်ထရီပါတဲ့ Gionee Steel 5 ကို ကြေညာ
January 11, 2020Ko ThuyaNo Comments
Gionee က တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ Gionee Steel 5 လို့ နာမည်ပေးထားပြီး ၆.၂ လက်မ IPS LCD HD မျက်နှာပြင်ပါလာပါတယ်။ Notch မှာ 13MP ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 12MP နဲ့ 2MP Depth ကင်မရာတွေကို LED Flash ၂ လုံးနဲ့ အတူ လေးထောင့် အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။
သူ့ရဲ့ အလန်းဆုံး အစိတ်အပိုင်းက 5000mAh ဘက်ထရီဖြစ်ပါတယ်။ ဒါပေမယ့် 10W Charging ပဲပါတာက သိပ်မမိုက်ပါဘူး။ 4G ပဲထောက်ပံ့ပြီး SIM Card ၂ ခုထည့်သွင်းနိုင်ပါတယ်။ Android 9 Pie အခြေပြု AmigoOS မောင်းနှင်ထားပြီး 4/64GB နဲ့ 6/128GB တွေ ရွေးချယ်နိုင်ပါတယ်။ Chipset ရဲ့ နာမည်ကို မသိရသေးပါဘူး။ Octa-core Processor လို့ပဲသိရပါသေးတယ်။
Gionee Steel 5 ကို ရောင်းမယ့်အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။
Ref : gsmarena
0 Comments