ရခိုင္ယူနိုက္တက္ကစားသမား ေဇာ္သိန္းဝင္း ဒီေန႔မနက္အေစာပိုင္းက ကြယ္လြန္တာခဲ့ၿပီး အခုတပတ္ကစားမယ့္ MNL ပြဲစဥ္တိုင္းမွာ ပြဲမစခင္ ၁ မိနစ္ၿငိမ္သက္ဆုေတာင္းမယ္လို႔ ျမန္မာေနရွင္နယ္လိဂ္စီအီးအို ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

“အခုတပတ္ ပြဲစဥ္အားလုံးမွာ ပြဲမစခင္ တမိနစ္ၿငိမ္သက္ဆုေတာင္းဖို႔ အခုပဲ က်ေနာ္တို႔ အေၾကာင္းၾကာထားပါတယ္။ လက္ပတ္အနက္ကေတာ့ ကစားတဲ့အခ်ိန္မွာ ပတ္ရတာ အခက္ အခဲရွိတဲ့အတြက္ မလုပ္ျဖစ္တာပါ” လို႔ ေျပာပါတယ္။

ေဇာ္သိန္းဝင္းဟာ ဇန္နဝါရီ ၂၇ ရက္ညပိုင္းက စစ္ေတြၿမိဳ႕မွာ အေဖာ္တဦးနဲ႔အတူ ဆိုင္ကယ္မေတာ္တဆမူျဖစ္ပြားခဲ့တာပါ။ ေနာက္ကလိုက္ပါလာတဲ့ အမ်ိဳးသမီးအေဖာ္ျဖစ္သူမွာ ဦးေခါင္းေၾကမြဒဏ္ရာနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ပါတယ္။

ေဇာ္သိန္းဝင္းကေတာ့ ဦးေခါင္းရိုးက်ိဴးဒဏ္ရာေၾကာင့္ စစ္ေတြ ေဆး႐ုံမွာ ခြဲစိတ္ကုသခဲ့ရၿပီး မသက္သာတာေၾကာင့္ ဇန္နဝါရီ ၃၀ ရက္က စင္းလုံးငွား ေလယာဥ္နဲ႔ ရန္ကုန္ေဆး႐ုံႀကီးမွာ ေျပာင္းေရႊ႕ကုသခဲ့ၿပီး ဒီေန႔မနက္ (၀၀း၂၃) နာရီမွာ ကြယ္လြန္ခဲ့တာပါ။

အသက္ ၂၃ ႏွစ္ရွိ ေက်ာက္ျဖဴဇာတိ ေဇာ္သိန္းဝင္းဟာ ရခိုင္လူငယ္အသင္းကေန ေပၚထြက္လာသူျဖစ္ၿပီး ေျခစြမ္းေျခစရွိတဲ့ ကစားသမားတဦးအျဖစ္သတ္မွတ္ခံထားရပါတယ္။




Unicode






ရခိုင်ယူနိုက်တက်ကစားသမား ဇော်သိန်းဝင်းကွယ်လွန်၊ MNL ပွဲစဉ်များ ၁ မိနစ်ငြိမ်ဆုတောင်းမည်



ရခိုင်ယူနိုက်တက်ကစားသမား ဇော်သိန်းဝင်း ဒီနေ့မနက်အစောပိုင်းက ကွယ်လွန်တာခဲ့ပြီး အခုတပတ်ကစားမယ့် MNL ပွဲစဉ်တိုင်းမှာ ပွဲမစခင် ၁ မိနစ်ငြိမ်သက်ဆုတောင်းမယ်လို့ မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။

“အခုတပတ် ပွဲစဉ်အားလုံးမှာ ပွဲမစခင် တမိနစ်ငြိမ်သက်ဆုတောင်းဖို့ အခုပဲ ကျနော်တို့ အကြောင်းကြာထားပါတယ်။ လက်ပတ်အနက်ကတော့ ကစားတဲ့အချိန်မှာ ပတ်ရတာ အခက် အခဲရှိတဲ့အတွက် မလုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။

ဇော်သိန်းဝင်းဟာ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက စစ်တွေမြို့မှာ အဖော်တဦးနဲ့အတူ ဆိုင်ကယ်မတော်တဆမူဖြစ်ပွားခဲ့တာပါ။ နောက်ကလိုက်ပါလာတဲ့ အမျိုးသမီးအဖော်ဖြစ်သူမှာ ဦးခေါင်းကြေမွဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ဇော်သိန်းဝင်းကတော့ ဦးခေါင်းရိုးကျိူးဒဏ်ရာကြောင့် စစ်တွေ ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ရပြီး မသက်သာတာကြောင့် ဇန်နဝါရီ ၃၀ ရက်က စင်းလုံးငှား လေယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသခဲ့ပြီး ဒီနေ့မနက် (ဝဝး၂၃) နာရီမှာ ကွယ်လွန်ခဲ့တာပါ။

အသက် ၂၃ နှစ်ရှိ ကျောက်ဖြူဇာတိ ဇော်သိန်းဝင်းဟာ ရခိုင်လူငယ်အသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး ခြေစွမ်းခြေစရှိတဲ့ ကစားသမားတဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။