ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္မွာ ဇန္နဝါရီ ၃၀ ရက္ညက ေက်းရြာအုပ္ခ်ဳပ္ေရးမႉးတဦးကို နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ေရးဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံျခဳံမႈကို ကာကြယ္ေပးေရးဥပေဒပုဒ္မ (၁၀)နဲ႔ အမႈဖြင့္ထားတယ္လို႔ ၿမိဳ႕မစခန္းမႉးက ေျပာပါတယ္။
ေညာင္ေလးပင္ၿမိဳ႕နယ္ စမ္းကေလးေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္ေထြးက တရြာထဲ ေနထိုင္သူ ေဇာ္လင္းသိန္းကို ေက်းရြာအတြင္း မူးယစ္ေသာက္စားၿပီး ပတ္ဝန္းက်င္စိတ္အေႏွာင့္ အယွက္ျဖစ္ေအာင္ ဆူပူေသာင္းက်န္းတာေတြ၊ ေက်းရြာတာဝန္ခံအား ကိုယ္ထိလက္ေရာက္ ေစာ္ကားတာေတြ၊ ေက်းရြာတာဝန္ခံကို မဟုတ္မမွန္တိုင္ၾကားတာေတြနဲ႔ တရား႐ုံးမွာ အမႈ ရင္ဆိုင္ေနရတာေတြ ရွိတယ္လို႔ဆိုကာ ၁၉၆၁ခုႏွစ္ ျမန္မာနိုင္ငံေျခခ်ဳပ္ႏွင့္ခံဝန္ဥပေဒနဲ႔ အမႈဖြင့္ တိုင္ၾကားခဲ့ပါတယ္။
ဒီလိုတိုင္ၾကားတာဟာ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ဂုဏ္သိကၡာထိခိုက္က်ဆင္းတယ္လို႔ ဆိုကာ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးကို နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ေရးဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံျခဳံမႈကို ကာကြယ္ေပးေရးဥပေဒ ပုဒ္မ(၁၀)နဲ႔ အေရးယူေပးဖို႔ ရြာသား ေဇာ္လင္းသိန္းက လာေရာက္တိုင္ၾကားအမႈဖြင့္ခဲ့တာလို႔ ေညာင္ေလးပင္ၿမိဳ႕မစခန္းမႉး ဒုရဲမႉး ေဌးဝင္းက ေျပာပါတယ္။
စမ္းကေလးရြာသား ေဇာ္လင္းသိန္းဟာ အရင္က မူးယစ္ရမ္းကား တဲ့ျပစ္မႈ တစုံတရာမရွိခဲ့ဖူးေပမယ့္ လြန္ခဲ့တဲ့ ေျခာက္လေလာက္က တရား႐ုံးမွာ အျပန္အလွန္စြဲဆိုတဲ့အမႈ တခုေတာ့ရွိခဲ့ဖူးတယ္လို႔ ေညာင္ေလးပင္ၿမိဳ႕မစခန္းမႉးက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၃ ရက္က ၿမိဳ႕နယ္ စီခန္႔အဖြဲ႕အစည္းအေဝးရဲ့ဆုံးျဖတ္ခ်က္အရ ၿမိဳ႕နယ္မႉး အစည္းအေဝးမွာ တိုက္ရိုက္ေျခခ်ဳပ္တင္သင့္တယ္ဆိုလို႔ အစည္းအေဝး ဆုံးျဖတ္ခ်က္နဲ႔ ၿမိဳ႕နယ္ကိုတင္ေပးလိုက္တာပဲရွိၿပီး နိုင္လြတ္လုံနဲ႔ အမႈဖြင့္ထားတာကိုေတာ့ မသိရေသးဘူးလို႔ စမ္းကေလးေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္ေထြးက ေျပာပါတယ္။
သတင္း၊ ဓာတ္ပုံ – ေနလင္းထိုက္
Unicode
ညောင်လေးပင်ရဲစခန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို နိုင်လွတ်လုံဥပဒေဖြင့် အမှုဖွင့်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ဇန်နဝါရီ ၃၀ ရက်ညက ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ (၁၀)နဲ့ အမှုဖွင့်ထားတယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ညောင်လေးပင်မြို့နယ် စမ်းကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွေးက တရွာထဲ နေထိုင်သူ ဇော်လင်းသိန်းကို ကျေးရွာအတွင်း မူးယစ်သောက်စားပြီး ပတ်ဝန်းကျင်စိတ်အနှောင့် အယှက်ဖြစ်အောင် ဆူပူသောင်းကျန်းတာတွေ၊ ကျေးရွာတာဝန်ခံအား ကိုယ်ထိလက်ရောက် စော်ကားတာတွေ၊ ကျေးရွာတာဝန်ခံကို မဟုတ်မမှန်တိုင်ကြားတာတွေနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတာတွေ ရှိတယ်လို့ဆိုကာ ၁၉၆၁ခုနှစ် မြန်မာနိုင်ငံခြေချုပ်နှင့်ခံဝန်ဥပဒေနဲ့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
ဒီလိုတိုင်ကြားတာဟာ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာထိခိုက်ကျဆင်းတယ်လို့ ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၀)နဲ့ အရေးယူပေးဖို့ ရွာသား ဇော်လင်းသိန်းက လာရောက်တိုင်ကြားအမှုဖွင့်ခဲ့တာလို့ ညောင်လေးပင်မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။
စမ်းကလေးရွာသား ဇော်လင်းသိန်းဟာ အရင်က မူးယစ်ရမ်းကား တဲ့ပြစ်မှု တစုံတရာမရှိခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ ခြောက်လလောက်က တရားရုံးမှာ အပြန်အလှန်စွဲဆိုတဲ့အမှု တခုတော့ရှိခဲ့ဖူးတယ်လို့ ညောင်လေးပင်မြို့မစခန်းမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က မြို့နယ် စီခန့်အဖွဲ့အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ မြို့နယ်မှူး အစည်းအဝေးမှာ တိုက်ရိုက်ခြေချုပ်တင်သင့်တယ်ဆိုလို့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မြို့နယ်ကိုတင်ပေးလိုက်တာပဲရှိပြီး နိုင်လွတ်လုံနဲ့ အမှုဖွင့်ထားတာကိုတော့ မသိရသေးဘူးလို့ စမ်းကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွေးက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ – နေလင်းထိုက်
0 Comments