တ႐ုတ္နိုင္ငံ၊ ထိန္ခ်ဳံးၿမိဳ႕ကေန ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားေတြကို ကန္ပိုက္တီးနယ္စပ္ကုန္သြယ္ေရးဂိတ္ေပါက္မွာ က်န္းမာေရးစစ္ေဆးေပးေနရာမွာ  ၅ ရက္အတြင္း လူေပါင္း ၂၀၀၀ ေက်ာ္ရွိသြားၿပီလို႔ သိရပါတယ္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ကန္ပိုက္တီး တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရး ဂိတ္ေပါက္မွာ ဇန္နဝါရီ ၂၆ ရက္ကေန ဇန္နဝါရီ ၃၀ ရက္အထိ  တ႐ုတ္နိုင္ငံ စက္႐ုံေတြ၊ ကုမၸဏီေတြမွာ အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားေတြ ေနရပ္ျပန္ဝင္လာၾကရာမွာ က်န္းမာေရးစစ္ေဆးေပးေနတာပါ။

ကန္ပိုက္တီး လဝက ဦးစီးမႉး ဦးထြန္းထြန္းေအာင္က “ဂိတ္ပိတ္ခ်ိန္ ညေန ၆ နာရီပါ၊ ဝင္လာသူေတြက ျမန္မာနိုင္ငံသား တိုင္းရင္းသားေတြပဲ၊ ျပည္နယ္က်န္းမာေရးအဖြဲ႕ကစစ္ေဆးၿပီး ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ပါမွ ဝင္ခြင့္ေပးပါတယ္၊ ဒီေန႔ ၅ ရက္တာအထိ ဝင္ေရာက္လာသူ ႏွစ္ေထာင္ေက်ာ္ရွိပါၿပီ” လို႔ ေျပာပါတယ္။

ကန္ပိုက္တီး နယ္စပ္ေပါက္က်န္းမာေရး စစ္ေဆးေရးအဖြဲ႕ ယာယီတာဝန္ခံ ေဒါက္တာတင္မိုးဝင္းက “စစ္ေဆးကုသေရးမွာ ဝင္လာတဲ့ အလုပ္သမားေတြနဲ႔ ေဒါက္တာ သူနာျပဳသားဖြား က်န္းမာေရးမႉး တပ္ဘက္ဆိုင္ရာေတြအပါဆိုေတာ့ က်န္းမာေရးစစ္တာ လူအင္အား လုံေလာက္မႈရွိပါတယ္၊ အမိုးအကာျပည့္စုံပါတယ္၊ ဗိုင္းရပ္စ္ကာကြယ္ေရး ၀တ္စုံျဖစ္တဲ့ အာကာသယာဥ္မႉးဝတ္စုံပုံစံမ်ိဳး က်န္းမာေရးဝတ္စုံေတြလည္းရွိပါတယ္” လို႔ ေျပာပါတယ္။

ျပန္လည္ဝင္လာသူေတြရဲ့ ေနရပ္လိပ္စာနဲ႔ ဖုန္းနံပါတ္ေတြကိုလည္း မွတ္တမ္းတင္ထားတယ္လို႔ ဆိုပါတယ္။

တ႐ုတ္နိုင္ငံရွိ ျပည္နယ္အားလုံးလိုလိုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ့ျဖစ္ပြားေနတဲ့အတြက္ ထိန္ခ်ဳံးၿမိဳ႕မွာ စက္႐ုံေတြနဲ႔ ကုမၸဏီေတြ ယာယီပိတ္သိမ္းထားတာေၾကာင့္ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္လာၾကတာလည္းျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရ စုစုေပါင္း ၂၁၃ ရွိလာၿပီလို႔ ဇန္နဝါရီ ၃၁ ရက္ေန႔မနက္ တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ရဲ့  ထုတ္ျပန္ခ်က္အရသိရပါတယ္။

ေသဆုံးမႈေတြက လတ္တေလာ တ႐ုတ္နိုင္ငံတနိုင္ငံတည္း  ျဖစ္ေနေပမယ့္ နိုင္ငံေပါင္း ၂၃ နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ  ၉၈၂၁ ေယာက္ ရွိလာေနပါတယ္။ 

မုန္းမုန္းမင္း



Unicode




တရုတ်နိုင်ငံက ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေး



တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်မှာ ကျန်းမာရေးစစ်ဆေးပေးနေရာမှာ  ၅ ရက်အတွင်း လူပေါင်း ၂၀၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှာ ဇန်နဝါရီ ၂၆ ရက်ကနေ ဇန်နဝါရီ ၃၀ ရက်အထိ  တရုတ်နိုင်ငံ စက်ရုံတွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ဝင်လာကြရာမှာ ကျန်းမာရေးစစ်ဆေးပေးနေတာပါ။

ကန်ပိုက်တီး လဝက ဦးစီးမှူး ဦးထွန်းထွန်းအောင်က “ဂိတ်ပိတ်ချိန် ညနေ ၆ နာရီပါ၊ ဝင်လာသူတွေက မြန်မာနိုင်ငံသား တိုင်းရင်းသားတွေပဲ၊ ပြည်နယ်ကျန်းမာရေးအဖွဲ့ကစစ်ဆေးပြီး ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပေးပါတယ်၊ ဒီနေ့ ၅ ရက်တာအထိ ဝင်ရောက်လာသူ နှစ်ထောင်ကျော်ရှိပါပြီ” လို့ ပြောပါတယ်။

ကန်ပိုက်တီး နယ်စပ်ပေါက်ကျန်းမာရေး စစ်ဆေးရေးအဖွဲ့ ယာယီတာဝန်ခံ ဒေါက်တာတင်မိုးဝင်းက “စစ်ဆေးကုသရေးမှာ ဝင်လာတဲ့ အလုပ်သမားတွေနဲ့ ဒေါက်တာ သူနာပြုသားဖွား ကျန်းမာရေးမှူး တပ်ဘက်ဆိုင်ရာတွေအပါဆိုတော့ ကျန်းမာရေးစစ်တာ လူအင်အား လုံလောက်မှုရှိပါတယ်၊ အမိုးအကာပြည့်စုံပါတယ်၊ ဗိုင်းရပ်စ်ကာကွယ်ရေး ဝတ်စုံဖြစ်တဲ့ အာကာသယာဉ်မှူးဝတ်စုံပုံစံမျိုး ကျန်းမာရေးဝတ်စုံတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

ပြန်လည်ဝင်လာသူတွေရဲ့ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရှိ ပြည်နယ်အားလုံးလိုလိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် ထိန်ချုံးမြို့မှာ စက်ရုံတွေနဲ့ ကုမ္ပဏီတွေ ယာယီပိတ်သိမ်းထားတာကြောင့် မြန်မာအလုပ်သမားတွေ နေရပ်ပြန်လာကြတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၂၁၃ ရှိလာပြီလို့ ဇန်နဝါရီ ၃၁ ရက်နေ့မနက် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရသိရပါတယ်။

သေဆုံးမှုတွေက လတ်တလော တရုတ်နိုင်ငံတနိုင်ငံတည်း  ဖြစ်နေပေမယ့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ  ၉၈၂၁ ယောက် ရှိလာနေပါတယ်။ 

မုန်းမုန်းမင်း