အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း (MAI) ၏ ကြမ္က်ိဳးခရီးမ်ားကို ေဖေဖၚဝါရီလ ၁ရက္က စတင္ၿပီး ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း ဇန္နဝါရီလ ၃၁ရက္ ကေၾကညာခဲ့သည္။တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားသည့္ ကို႐ိုနာဗိုင္းရပ္ အဆုပ္ေရာင္ေရာဂါပိုးေၾကာင့္ လက္ရွိျဖစ္ပြားေန ေသာအေျခအေနကို ထိန္းခ်ဳပ္ရာတြင္ အေထာက္အကူျပဳရန္ႏွင့္ အာဏာပိုင္မ်ား၏ လိုအပ္ခ်က္မ်ားကို လိုက္နာ ေဆာင္႐ြက္ႏိုင္ရန္ ေဖေဖၚဝါရီလ ၁ရက္မွ ၂၉ ရက္အထိ ယာယီရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ ထားသည္။
Related image
အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း (MAI)အေနျဖင့္ ႀကိဳတင္လက္မွတ္ကိုင္ေဆာင္ထားသူမ်ားကို ေလယာဥ္ထိုင္ခုံရရွိမႈအေပၚမူတည္ၿပီး ခရီးစဥ္ေျပာင္းေ႐ြ႕ျခင္းႏွင့္ ေငြျပန္အမ္းျခင္းမ်ားကို လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။ခရီးစဥ္ေျပာင္းေ႐ြ႕ျခင္းႏွင့္ ေငြျပန္အမ္းျခင္းမ်ားကို ကြမ္က်ိဳးၿမိဳ႕သို႔ ေဖေဖၚဝါရီလ ၂၉ရက္မတိုင္မီ အသြားအျပန္ သြားေရာက္ရန္အတြက္ ဇန္နဝါရီလ ၃၁ရက္မတိုင္မီက ေလယာဥ္လက္မွတ္ထုတ္ယူၿပီး ကိုင္ေဆာင္သူမ်ား အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရသည္။
Image result for MAI Airline
ျပန္အမ္းေငြမ်ားကို ခရီးသြားကုမၸဏီမ်ား၊ အေရာင္းကိုယ္စားလွယ္မ်ားမွတဆင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
မဇၨ်ိမ



Unicode





အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကွမ်ကျိုးခရီးများကို ယာယီရပ်ဆိုင်း



အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ ကွမ်ကျိုးခရီးများကို ဖေဖေါ်ဝါရီလ ၁ရက်က စတင်ပြီး ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ရက် ကကြေညာခဲ့သည်။တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ် အဆုပ်ရောင်ရောဂါပိုးကြောင့် လက်ရှိဖြစ်ပွားနေ သောအခြေအနေကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန်နှင့် အာဏာပိုင်များ၏ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် ဖေဖေါ်ဝါရီလ ၁ရက်မှ ၂၉ ရက်အထိ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ထားသည်။



အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် ကြိုတင်လက်မှတ်ကိုင်ဆောင်ထားသူများကို လေယာဉ်ထိုင်ခုံရရှိမှုအပေါ်မူတည်ပြီး ခရီးစဉ်ပြောင်းရွေ့ခြင်းနှင့် ငွေပြန်အမ်းခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ခရီးစဉ်ပြောင်းရွေ့ခြင်းနှင့် ငွေပြန်အမ်းခြင်းများကို ကွမ်ကျိုးမြို့သို့ ဖေဖေါ်ဝါရီလ ၂၉ရက်မတိုင်မီ အသွားအပြန် သွားရောက်ရန်အတွက် ဇန်နဝါရီလ ၃၁ရက်မတိုင်မီက လေယာဉ်လက်မှတ်ထုတ်ယူပြီး ကိုင်ဆောင်သူများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။



ပြန်အမ်းငွေများကို ခရီးသွားကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။



မဇ္ဇျိမ