
ရန္ကုန္၊ မႏၱေလး၊ မိတၱီလာႏွင့္ မူဆယ္ၿမိဳ႕မ်ားတြင္ ၀ူဟန္ဗုိင္းရပ္စ္ သံသယ လူနာ ၃ ဦး ေတြ႕ရွိထားၿပီး လတ္တေလာ ေစာင့္ၾကည့္ ေဆးကုသမႈမ်ား ေဆာင္ရြက္ေနေၾကာင္း က်န္းမာေရး၀န္ႀကီးဌာန တာ၀န္က် အရာရွိမ်ားထံမွ စုံစမ္းေမးျမန္းခ်က္ အရ သိရွိရသည္။ ရန္ကုန္ေခတ္သစ္က သိရွိထားေသာ ၀ူဟန္ဗုိင္းရပ္စ္ သံသယလူနာမ်ား၏ အေျခအေနကုိ ေဖာ္ျပလိုက္ပါသည္။
ရန္ကုန္ၿမိဳ႕မွ ၀ူဟန္ဗုိင္းရစ္သံသယလူနာ
ရန္ကုန္ၿမိဳ႕တြင္ ယေန႔ နံနက္ပုိင္း တရုတ္ႏုိင္ငံမွ ေရာက္ရွိလာသည့္ China Southern ေလေၾကာင္းလုိင္းေပၚတြင္ ဖ်ားနာေနသည့္ အသက္ ၅၅ ႏွစ္အရြယ္ တရုတ္အမ်ဳိးသားတစ္ဦး ေတြ႕ရွိရ၍ ေ၀ဘာဂီ ေဆးရုံသုိ႔ ပုိ႔ေဆာင္ၿပီး ၀ူဟန္ဗုိင္းရပ္စ္သံသယလူနာအျဖစ္ သတ္မွတ္လိုက္သည္။ ၎ႏွင့္အတူ လိုက္ပါလာေသာ ေလယာဥ္မွ က်န္းမာေရး ေကာင္းမြန္သည့္ ျမန္မာႏုိင္ငံသား ၂ ဦးကုိလည္း ေစာင့္ၾကည့္လ်က္ရွိသည္။က်န္းမာေရး၀န္ႀကီးဌာနဘက္ကလည္း အဆိုပါ တရုတ္ႏုိင္ငံသားကုိ ၀ူဟန္ဗုိင္းရပ္စ္ သံသယလူနာအျဖစ္ သတ္မွတ္ထားၿပီျဖစ္သည္။

မူဆယ္ၿမိဳ႕မွ ၀ူဟန္ဗုိင္းရပ္စ္သံသယလူနာ
တရုတ္ႏုိင္ငံက ေရႊလီၿမိဳ႕ မန္စီအက်ဥ္းေထာင္တြင္ အခ်ဳပ္က် ျမန္မာႏုိင္ငံသား ၁၀၅ ဦးကို ဇန္န၀ါရီလ ၃၀ ရက္ေန႔က မူဆယ္ဘက္သုိ႔ ျပန္လည္ လႊဲေျပာင္းေပးခဲ့ၿပီး ယင္းတုိ႔ထဲတြင္ အပူခ်ိန္ျမင့္ၿပီး ဖ်ားနာေနသည့္ အမ်ဳိးသားတစ္ဦး ပါ၀င္လာသည္။တရုတ္အာဏာပိုင္မ်ားက နန္းေတာ္ေပါက္နယ္စပ္ဂိတ္မွတစ္ဆင့္ ျမန္မာဘက္သုိ႔ လႊဲေျပာင္းေပးခဲ့ၿပီး ယင္းတုိ႔ထဲတြင္ အသက္ ၂၉ ႏွစ္အရြယ္ လီက်န္ဆုိက္ဆိုေသာ ျမန္မာႏုိင္ငံသား အမ်ဳိးသားတစ္ဦးသည္ အပူခ်ိန္ျမင့္မားကာ ဖ်ားနာေနသျဖင့္ သံသယလူနာအျဖစ္ မူဆယ္ၿမိဳ႕ ျပည္သူ႕ေဆးရုံႀကီးတြင္ ကုသေနရသည္။
“ေဆးရံုက လူနာကအေျခအေနေကာင္းပါတယ္။ အဖ်ားမရွိေတာ့ပါဘူး။ ေဆးရံုေတာ့ မဆင္းေသးဘူး။ အဖ်ားကေတာ့ က်သြားၿပီးေတာ့ ဒါေပမယ့္ အနည္းဆံုး၃ရက္ေလာက္ေတာ့ ေစာင့္ၾကည့္ရတာေပါ့ေလ။ တတယ္တမ္းဆိုရင္ေတာ့ ၁၄ရက္ေစာင့္ၾကည့္ရတာ။ ဒါေပမယ့္ ဒီ ၄၊ ၅ရက္ေစာင့္ၾကည့္ၿပီးေတာ့ ေကာင္းမေကာင္း ေစာင့္ၾကည့္ရမွာေပါ့။ အခုေတာ့ အေျခအေနေကာင္းပါတယ္” ဟု မူဆယ္ၿမိဳ႕ ကရုဏာလူမႈေရးအသင္း ဥကၠ႒ ဦးေသာင္းထြန္းက ဆုိသည္။လြန္ခဲ့ေသာ ရက္ပုိင္းအတြင္းကလည္း မူဆယ္ၿမိဳ႕တြင္တရုတ္ဘက္မွ ျပန္၀င္လာသည့္ ဖ်ားေနသည့္ သံသယလူနာ ၂ ဦး ေတြ႕ရွိခဲ့ၿပီး မူဆယ္ၿမိဳ႕ ေဆရုံးႀကီးတြင္ ကုသမႈ မ်ား ေဆာင္ရြက္ပေးခဲ့ရသည္။

မိတၱီလာၿမိဳ႕မွ ၀ူဟန္ဗုိင္းရပ္စ္သံသယလူနာ
တရုတ္ႏုိင္ငံမွ ျပန္လာၿပီး အျပင္းဖ်ားေနသည့္ ပ်ဥ္သာေက်းရြသားတစ္ဦးကုိ မိတၱီလာေဆးရုံႀကီးက ၀ူဟန္ဗုိင္းရပ္စ္ သံသယလူနာအျဖစ္ သတ္မွတ္၍ ေစာင့္ၾကည့္ေနေၾကာင္း မိတၱီလာ အေထြေထြေဆးရုံႀကီးမွ ဒုတိယေဆးရုံအုပ္ ေဒါက္တာအိအိခင္က ေျပာဆုိသည္။တရုတ္ႏိုင္ငံက ျပန္လာၿပီး အဖ်ား ၁၀၄ ရွိေနကာ ေခ်ာင္းဆိုးေနသည့္ ပ်ဥ္သာေက်းရြာသား ကို မိတၳီလာအေထြအေထြေဆးရုံႀကီးတြင္ သံယသလူနာအျဖစ္သတ္မွတ္၍ သီးသန္႔ခန္းတြင္ထားရွိ ေစာင့္ၾကည့္ကုသေေနေၾကာင္း မိတၳီလာအေထြေထြေဆးရုံံႀကီးမွ ဒုတိယေဆးရုံအုပ္ ေဒါက္တာအိအိခင္က ေျပာဆိုသည္။“သူ႔ကို ကုသမႈေပးေနတယ္၊ သူ႔အတြက္ Isolation Room လို႔ေခၚတာေပါ့၊ သီးသန္႔ထားေဆာင္မွာ လတ္တေလာထားထားပါတယ္၊ လူနာက မႏၱေလးသြားဖို႔ျငင္းတာေပါ့၊ ေျပာဆိုစည္းရုံးၿပီး လိုအပ္တဲ့ လုပ္ေပးလို႔ရတဲ့ ကုလို႔ရတဲ့ဟာေတြလုပ္တယ္၊ ေစာင့္ၾကည့္တယ္၊ သူ႔ကို သံသယလူနာလို႔ သတ္မွတ္ထားတယ္ေလ၊ သူက တရုတ္ျပည္က ျပန္လာတယ္၊ ႏွစ္ပတ္အတြင္း ေခ်ာင္းဆိုးတယ္၊ အဲဒါေၾကာင့္ ေခၚထားတာ၊ သူက ေရာဂါသည္မဟုတ္ေသးဘူး၊ တရုတ္ျပည္က ျပန္လာၿပီး ေခ်ာင္းဆိုးတယ္၊ ႏွာေစးတဲ့အတြက္ လာျပတာပါ၊ ဓါတ္မွန္ရိုက္တယ္၊ သလိပ္စစ္တယ္၊ တီဘီပိုးမေတြ႔ဘူး၊ဖ်ားေတာ့ ဖ်ားတယ္၊ လန္းလန္းဆန္းဆန္းပဲ၊ စားႏိုင္ေသာက္ႏိုင္တယ္၊ ေခ်ာင္းဆိုးေနတဲ့အတြက္ MASK 95 ေတြတပ္ခိုင္းတယ္၊ပထမေန႔ကေတာ့ ေဆးရုံတက္ဖို႔ ျငင္းတယ္၊ အခုေတာ့ ၀ိုင္းဝန္းၿပီးေတာ့ ေဖ်ာင္းဖ်လိုက္ၿပီး ေဆးရုံမွာ ခဏထိန္းထားလိုက္တာေပါ့၊ မႏၱေလးပို႔ဖို႔လည္း စီစဥ္ထားတယ္၊ မႏၱေလးက သမားေတာ္ႀကီးေတြကေနၿပီး ဘာလုပ္ပါ၊ ညြန္ၾကားခ်က္ေတြကို လုပ္ေပးေနတာေပါ့”ဟု မိတၳီလာၿမိဳ႕နယ္ အေထြအေထြကုသေဆးရုံႀကီးမွ ဒုတိယေဆးရုံအုပ္ ေဒါက္တာအိအိခင္က ေျပာသည္။

မႏၱေလးၿမိဳ႕မွ ၀ူဟန္ဗုိင္းရပ္စ္ လူနာ
မႏၱေလးေလဆိပ္သုိ႔ ဆုိက္ေရာက္လာသည့္ တရုတ္ေလယာဥ္တြင္ ၃ ႏွစ္အရြယ္ ကေလးငယ္တစ္ဦး အပူခ်ိန္ျမင့္ေန၍ မႏၱေလးကေလးေဆးရုံႀကီးသုိ႔ တင္ပုိ႔ၿပီး ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သမၼတရုံးညႊန္ခ်ဳပ္ ဦးေဇာ္ေဌးက ယေန႔ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆုိသည္။
ေခတ္သစ္မီဒီယာ
Unicode
ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ဝူဟန်ဗိုင်းရပ်စ် သံသယ လူနာများ တွေ့ရှိထား
ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ဝူဟန်ဗိုင်းရပ်စ် သံသယ လူနာ ၃ ဦး တွေ့ရှိထားပြီး လတ်တလော စောင့်ကြည့် ဆေးကုသမှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ကျ အရာရှိများထံမှ စုံစမ်းမေးမြန်းချက် အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်က သိရှိထားသော ဝူဟန်ဗိုင်းရပ်စ် သံသယလူနာများ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။
ရန်ကုန်မြို့မှ ဝူဟန်ဗိုင်းရစ်သံသယလူနာ
ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်း တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် China Southern လေကြောင်းလိုင်းပေါ်တွင် ဖျားနာနေသည့် အသက် ၅၅ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး တွေ့ရှိရ၍ ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ပြီး ဝူဟန်ဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ်လိုက်သည်။ ၎င်းနှင့်အတူ လိုက်ပါလာသော လေယာဉ်မှ ကျန်းမာရေး ကောင်းမွန်သည့် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း စောင့်ကြည့်လျက်ရှိသည်။ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း အဆိုပါ တရုတ်နိုင်ငံသားကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ထားပြီဖြစ်သည်။
မူဆယ်မြို့မှ ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ
တရုတ်နိုင်ငံက ရွှေလီမြို့ မန်စီအကျဉ်းထောင်တွင် အချုပ်ကျ မြန်မာနိုင်ငံသား ၁၀၅ ဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့က မူဆယ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲတွင် အပူချိန်မြင့်ပြီး ဖျားနာနေသည့် အမျိုးသားတစ်ဦး ပါဝင်လာသည်။တရုတ်အာဏာပိုင်များက နန်းတော်ပေါက်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲတွင် အသက် ၂၉ နှစ်အရွယ် လီကျန်ဆိုက်ဆိုသော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် အပူချိန်မြင့်မားကာ ဖျားနာနေသဖြင့် သံသယလူနာအဖြစ် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသနေရသည်။
“ဆေးရုံက လူနာကအခြေအနေကောင်းပါတယ်။ အဖျားမရှိတော့ပါဘူး။ ဆေးရုံတော့ မဆင်းသေးဘူး။ အဖျားကတော့ ကျသွားပြီးတော့ ဒါပေမယ့် အနည်းဆုံး၃ရက်လောက်တော့ စောင့်ကြည့်ရတာပေါ့လေ။ တတယ်တမ်းဆိုရင်တော့ ၁၄ရက်စောင့်ကြည့်ရတာ။ ဒါပေမယ့် ဒီ ၄၊ ၅ရက်စောင့်ကြည့်ပြီးတော့ ကောင်းမကောင်း စောင့်ကြည့်ရမှာပေါ့။ အခုတော့ အခြေအနေကောင်းပါတယ်” ဟု မူဆယ်မြို့ ကရုဏာလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဆိုသည်။လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း မူဆယ်မြို့တွင်တရုတ်ဘက်မှ ပြန်ဝင်လာသည့် ဖျားနေသည့် သံသယလူနာ ၂ ဦး တွေ့ရှိခဲ့ပြီး မူဆယ်မြို့ ဆေရုံးကြီးတွင် ကုသမှု များ ဆောင်ရွက်ပေးခဲ့ရသည်။
မိတ္တီလာမြို့မှ ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ
တရုတ်နိုင်ငံမှ ပြန်လာပြီး အပြင်းဖျားနေသည့် ပျဉ်သာကျေးရွသားတစ်ဦးကို မိတ္တီလာဆေးရုံကြီးက ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်၍ စောင့်ကြည့်နေကြောင်း မိတ္တီလာ အထွေထွေဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာအိအိခင်က ပြောဆိုသည်။တရုတ်နိုင်ငံက ပြန်လာပြီး အဖျား ၁၀၄ ရှိနေကာ ချောင်းဆိုးနေသည့် ပျဉ်သာကျေးရွာသား ကို မိတ္ထီလာအထွေအထွေဆေးရုံကြီးတွင် သံယသလူနာအဖြစ်သတ်မှတ်၍ သီးသန့်ခန်းတွင်ထားရှိ စောင့်ကြည့်ကုသေနေကြောင်း မိတ္ထီလာအထွေထွေဆေးရုံံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာအိအိခင်က ပြောဆိုသည်။“သူ့ကို ကုသမှုပေးနေတယ်၊ သူ့အတွက် Isolation Room လို့ခေါ်တာပေါ့၊ သီးသန့်ထားဆောင်မှာ လတ်တလောထားထားပါတယ်၊ လူနာက မန္တလေးသွားဖို့ငြင်းတာပေါ့၊ ပြောဆိုစည်းရုံးပြီး လိုအပ်တဲ့ လုပ်ပေးလို့ရတဲ့ ကုလို့ရတဲ့ဟာတွေလုပ်တယ်၊ စောင့်ကြည့်တယ်၊ သူ့ကို သံသယလူနာလို့ သတ်မှတ်ထားတယ်လေ၊ သူက တရုတ်ပြည်က ပြန်လာတယ်၊ နှစ်ပတ်အတွင်း ချောင်းဆိုးတယ်၊ အဲဒါကြောင့် ခေါ်ထားတာ၊ သူက ရောဂါသည်မဟုတ်သေးဘူး၊ တရုတ်ပြည်က ပြန်လာပြီး ချောင်းဆိုးတယ်၊ နှာစေးတဲ့အတွက် လာပြတာပါ၊ ဓါတ်မှန်ရိုက်တယ်၊ သလိပ်စစ်တယ်၊ တီဘီပိုးမတွေ့ဘူး၊ဖျားတော့ ဖျားတယ်၊ လန်းလန်းဆန်းဆန်းပဲ၊ စားနိုင်သောက်နိုင်တယ်၊ ချောင်းဆိုးနေတဲ့အတွက် MASK 95 တွေတပ်ခိုင်းတယ်၊ပထမနေ့ကတော့ ဆေးရုံတက်ဖို့ ငြင်းတယ်၊ အခုတော့ ၀ိုင်းဝန်းပြီးတော့ ဖျောင်းဖျလိုက်ပြီး ဆေးရုံမှာ ခဏထိန်းထားလိုက်တာပေါ့၊ မန္တလေးပို့ဖို့လည်း စီစဉ်ထားတယ်၊ မန္တလေးက သမားတော်ကြီးတွေကနေပြီး ဘာလုပ်ပါ၊ ညွန်ကြားချက်တွေကို လုပ်ပေးနေတာပေါ့”ဟု မိတ္ထီလာမြို့နယ် အထွေအထွေကုသဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာအိအိခင်က ပြောသည်။
မန္တလေးမြို့မှ ဝူဟန်ဗိုင်းရပ်စ် လူနာ
မန္တလေးလေဆိပ်သို့ ဆိုက်ရောက်လာသည့် တရုတ်လေယာဉ်တွင် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပူချိန်မြင့်နေ၍ မန္တလေးကလေးဆေးရုံကြီးသို့ တင်ပို့ပြီး စောင့်ကြည့်လျက်ရှိကြောင်း သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ခေတ်သစ်မီဒီယာ
0 Comments