Unicode
JB နဲ့ ပြတ်ပြီးတည်းက အခုထိ Single ပါပဲလို့ Selena Gomez ပြော
Selena Gomez ကတော့ WSJ Magazine ရဲ့ ဖေဖော်ဝါရီ မှာ ထုတ်မယ့် February Talents And Legends Issue အတွက် ဓါတ်ပုံရိုက်ကူးခဲ့ပါတယ်။မဂ္ဂဇင်း အတွက် ရိုက် ပေးထားတဲ့ အမိုက်စား ပုံလေးတွေကိုတော့ သူမရဲ့ IG Story မှာ တင်ပေးထားပါတယ်။(၂၀၂၀) ကတော့ သူမ အတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်လာမှာပါ။လေးနှစ် အတွင်း ပထမဆုံး အယ်ဘမ်သစ် ထွက်ရှိလာတော့မှာပါ။ထွက်ထားတဲ့ သီချင်းသစ်နှစ်ပုဒ် Lose You To Love Me ၊ Look At Her Now ဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစား ခဲ့ပါတယ်။
သူမရဲ့ အယ်ဘမ်မှာတော့ (2018)တုန်းက လမ်းခွဲ ခဲ့တဲ့ ရည်းစားဟောင်း JB ကြောင့် ခံစားခဲ့ရတဲ့ သူမရဲ့ ရင်တွင်းခံ စားချက် အမှန် သီချင်းတွေ ပါဝင်ခဲ့ပါတယ်။ Selena ကတော့ လွန်ခဲ့တဲ့ နှစ်နှစ် ၊JB နဲ့ ပြတ်ပြီးတည်းက တခြားဘယ်သူနဲ့ မှ ဒိတ် မလုပ်ဖြစ်တာကြာပြီလို့ လည်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။” ကျမ အတွက် အချိန် လိုတယ်..” လို့ ပြောခဲ့ပါတယ်။(၂၀၁၈)နောက်ပိုင်းမှာ သူမနဲ့ တွဲ နေတယ်ဆိုပြီး သတင်းထွက်ခဲ့ တာတွေ နဲ့ ပတ်သက်ပြီး Selena က တစ်ဖက်လှည့်နဲ့ ဖြေသွားပါတယ်။” လွန်ခဲ့တဲ့နှစ်နှစ် တည်းကနေ အခုထိ Single ပါပဲ..” ဆိုပြီး ပြောခဲ့ပါတယ်။ Selena ရဲ့ Writing ပါတနာ Julia Michaels က တော့ Selena က ချစ်သူ သစ် လိုချင်နေပါပြီလို့ ဝန်ခံခဲ့ တယ်လို့ လည်း ထုတ်ပြောခဲ့ပါတယ်။
“Justin နဲ့ ကျမ Selena ရောက် မလာခင်တုန်းက စတူဒီယို ကို သွားမှာ။Idea အတွက် ဆွေးနွေးရအောင်၊Selena ကို Mood အခြေ အနေ ဘယ်လို လဲ ဆိုပြီး မေးတုန်းက Selena က ကျမ ကို တစ်ခါတုန်းက သူအခု Strong ဖြစ်ပါတယ်။ပျော် နေပါတယ်ဆိုပြီး Reply ပြန်လာတယ်။Text ရဲ့ အဆုံးမှာတော့ . boyfriend အသစ် လိုချင်နေပြီ လို့ ပြောတယ်။ဒီနေရာမှာ လိုချင်တာ(want) နဲ့ လိုအပ်တာ(Need) နဲ့ မတူပါဘူး။Selena က ချစ်သူ လိုချင်နေတာ ဟုတ်ပါတယ်။ Selena က သူဟာနဲ့ သူလည်း အဆင်ပြေ နေပါတယ်။ ချစ်သူ သစ်လိုချင်တာပါ။လိုအပ်နေတာ မဟုတ်ပါဘူး”
Selena ရဲ့ သူငယ်ချင်း Taylor Swift WSJ Magazine ကို Selena နဲ့ ပတ်သက်ပြီး အခုလို ပြောဖူးပါတယ်။” Selena နဲ့ စရင်းနှီးပြီးတည်းက သူ့ နောက်မှာ ကျမ အမြဲ ရှိနေပေးခဲ့တယ်။ကျမရဲ့ ဘဝ မှာမှာ ကျမကို နာကျင်အောင် လုပ်ခဲ့တဲ့ သူတွေကို တောင်မှ ခွင့်လွှတ်ပေးနိုင်တဲ့ စိတ် ကျမ မှာ ရှိတယ်။ဒါပေမယ့် Selena ကို နာကျင် အောင် လုပ်တဲ့ လူတွေကိုတော့ ကျမ ခွင့်လွှတ်ပေးနိုင်၊မနိုင် ကျမ လဲ မသိဘူး..”
Selena ကလည်း သူငယ်ချင်း Taylor ဟာ သူမ အပေါ် အရမ်းကောင်းကြောင်း၊သူမတို့နှစ်ယောက်ကြားမှာ အရာအားလုံးမှာတော့ သဘော ထားအမြင်တွေ မတူ ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တော့ အပြန်အလှန် လေးစားမှုရှိတယ်..” လို့ ပြောခဲ့ပါတယ်။ Selena Gomez ကတော့ သူမဟာ ကုထုံးဆရာ တွေနဲ့ ဆေးကုသမှု ခံယူ နေရတာ (၆)နှစ်ကျော်လောက်ရှိပြီလို့ လည်း ပြောခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ လည်း ရှိနေ တယ်လို့ ဝန််ခံခဲ့ပါတယ်။IG ကို ပြန် သုံး ဖြစ်နေတာ ကလည်း သီချင်းသစ် ထွက် တဲ့ အချိန်မို့ပြန်သုံး ဖြစ်နေတာလို့ လည်း ပြောခဲ့ပါတယ်။ဒါပေမယ့် မကြာခင်မှာတော့ ဖုန်းသုံးတာ(ဆိုရှယ်မီဒီယာ သုံးတာကို ဆိုလို) ကို ပြန်နား မယ်လို့ လည်း ပြောခဲ့ပါတယ်။
Source:WSJ Magazine & Selena ‘s IG
0 Comments