facebook.moehayko/photo:a linn yaung
Source: Moe Hay Ko
Unicode
အဝါရောင်ဝတ်စုံလေးနဲ့ ထင်းခနဲမြင်သာအောင် လှနေတဲ့ မိုးဟေကို
ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကတော့ မော်ဒယ်/မင်းသမီးတစ်ယောက်အဖြစ်သာမက ထုတ်လုပ်သူတစ်ယောက်အဖြစ်ပါ အနုပညာလှုပ်ရှားမှုတွေကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သူမရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်ပေးလိုက်တဲ့ ၇ ကားမြောက် ရုပ်ရှင်ကားအသစ်ဖြစ်တဲ့ “ရွာကျော်မိကဲ” ရုပ်ရှင်ကားကြီးကို ဝန်းရံပေးဖို့အတွက် အထူးပွဲကို တက်ရောက်ခဲ့တဲ့ ပုံတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ မိုးဟေကိုကတော့ အဝါရောင်ပွဲတက်ဝတ်စုံလေးကိို ကျက်သရေရှိစွာဝတ်ဆင်လာခဲ့ပြီး ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေအတွက် မိုးဟေကိုရဲ့ ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။
“ရွာကျော်မိကဲ” ရုပ်ရှင်ကားကြီးမှာတော့ ခန့်စည်သူ၊ထွန်းထွန်း၊ရွှေမှုံရတီ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ယခုလ ၁၆ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Source: Moe Hay Ko