LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
ကိုရီးယားႏိုင္ငံမွ EDCF ေခ်းေငြျဖင့္ဝယ္ယူထားသည့္ ေလေအးေပးစက္ပါ ေလအိတ္အထက္တန္းတြဲ ၁၀ တြဲ ေရာက္ရွိ
ကိုရီးယားႏိုင္ငံမွ EDCF ေခ်းေငြျဖင့္ဝယ္ယူထားသည့္ ေလေအးေပးစက္ပါ ေလအိတ္အထက္တန္းတြဲ ၁၀ တြဲ ေရာက္ရွိ
Lotayanet Burmese
-
January 13, 2020
Zawgyiျဖင့္ဖတ္ရန္
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္သည္ ျမန္မာ့ မီးရထား ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးဘျမင့္ႏွင့္အတူ ယမန္ေန႔ ညေနပိုင္းတြင္ လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံ (ျမစ္ငယ္)သို႔ ေရာက္ရွိၿပီး ကိုရီးယား EDCF ႏိုင္ငံေခ်းေငြျဖင့္ ဝယ္ယူထားသည့္ ေလေအးေပးစက္ပါ ေလအိတ္အထက္တန္းတြဲ (၁၀)တြဲအား သြားေရာက္ ၾကည့္ရႈစစ္ေဆးသည္။ေရွးဦးစြာ ျပည္ေထာင္စုဝန္ႀကီးႏွင့္ အဖြဲ႕သည္ လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံ (ျမစ္ငယ္)သို႔ ေရာက္ရွိရာ စက္႐ုံတာဝန္ရွိသူမ်ားက စက္႐ုံႏွင့္ ပတ္သက္၍ လုပ္ငန္း ေဆာင္႐ြက္ထားရွိမႈ အေျခအေန ရွင္းလင္းတင္ျပမႈအား ျပည္ေထာင္စုဝန္ႀကီးက လိုအပ္သည္မ်ား ျဖည့္ဆည္းမွာၾကားသည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးသည္ စက္႐ုံလုပ္ငန္းခြင္သို႔သြားေရာက္ၿပီး EDCF ေခ်းေငြျဖင့္ ဝယ္ယူထားသည့္ ကိုရီးယားႏိုင္ငံမွ ေရာက္ရွိလာေသာ ေလေအးေပးစက္ပါ ေလအိတ္အထက္တန္း တြဲ (၁၀)တြဲ ေရာက္ရွိေနမႈ၊ စားေသာက္တြဲ၊ တည္ေဆာက္ေနမႈ၊ လူစီးတြဲႏွင့္ကုန္တြဲစက္႐ုံ (ျမစ္ငယ္) မွ ႏိုင္ငံေတာ္ဘ႑ာေငြျဖင့္ တည္ေဆာက္ထုပ္လုပ္ေနသည့္ ေလအိတ္ဘူဂီ လူစီးတြဲ(၁၅)တြဲ တည္ ေဆာက္ေနမႈ၊ တြဲမ်ား တည္ေဆာက္ရာတြင္ အသုံးျပဳသည့္ ဂေဟေဆာ္သည့္ စက္႐ုပ္ Robot အား ၾကည့္ရႈစစ္ေဆးၿပီး ေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားအရည္အေသြးျပည့္မီရန္ သတ္မွတ္ကာလ အတြင္းၿပီးစီးေရး၊ လုပ္ငန္းခြင္အႏၲရာယ္ကင္းရွင္းေရးတို႔ကို တာဝန္ရွိသူမ်ားအား မွာၾကားသည္။
အဆိုပါ EDCF ေခ်းေငြျဖင့္ဝယ္ယူထားသည့္ ကိုရီးယားႏိုင္ငံမွ ပထမအသုတ္ ေရာက္ရွိလာေသာ ေလေအးေပးစက္ပါ ေလအိတ္အထက္တန္းတြဲ (၁၀) တြဲႏွင့္ စားေသာက္တြဲ(၁)တြဲ၊ ဘရိတ္တြဲ (၁)တြဲတို႔အား ခ်ိတ္ဆက္ၿပီး မႏၲေလး-ျမစ္ႀကီးနား ရထားလမ္းပိုင္းတြင္ ခရီးသြားျပည္သူမ်ား အတြက္ ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး အထက္တန္းတြဲ(၁)တြဲလွ်င္ (၃၃)ဦးႏႈန္းျဖင့္ ခရီးသည္ (၃၃၀)၊ စားေသာက္တြဲ(၁)တြဲ၊ ႐ိုး႐ိုးတန္း(၃၃)ဦးစီးနင္းႏိုင္သည့္ ဘရိတ္တြဲ(၁)တြဲတို႔အား မႏၲေလး-ျမစ္ႀကီးနား ရထားလမ္းပိုင္း၌ မတ္လဆန္းပိုင္းတြင္ ေျပးဆြဲေပးႏိုင္ေရး စီစဥ္ထားရွိၿပီး ျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ ဗဟိုပို႔ေဆာင္ဆက္သြယ္ေရးေက်ာင္းသို႔ ေရာက္ရွိၿပီး ေက်ာင္းရွိ အရာထမ္း၊ အမႈထမ္းမ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ားအား ေတြ႕ဆုံစဥ္ သင္တန္းသားမ်ားအေနျဖင့္ ႐ိုးသားေျဖာင့္မတ္မွန္ကန္စြာ ေျပာဆိုဆက္ဆံႏိုင္ေရး အစဥ္အၿမဲ ႀကိဳးစားၾကရန္၊ ဝန္ထမ္း၊ သင္တန္းသားမ်ားအားလုံး အဂၤလိပ္စာႏွင့္ ကြန္ပ်ဴတာကို ေလ့လာ သင္ယူၾကရန္၊ သက္ဆိုင္ရာဘာသာရပ္မ်ားကို ကြၽမ္းက်င္ ပိုင္ႏိုင္ေစရန္ႏွင့္ ဗဟုသုတျပည့္ဝေသာ ဝန္ထမ္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္ မွာၾကားၿပီး သင္တန္းေက်ာင္းအတြင္း လိုက္လံၾကည့္ရႈ စစ္ေဆခဲ့ေၾကာင္း သိရသည္။
Unicode ဖြင့်ဖတ်ရန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိပြီး ကိုရီးယား EDCF နိုင်ငံချေးငွေဖြင့် ဝယ်ယူထားသည့် လေအေးပေးစက်ပါ လေအိတ်အထက်တန်းတွဲ (၁၀)တွဲအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိရာ စက်ရုံတာဝန်ရှိသူများက စက်ရုံနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ ရှင်းလင်းတင်ပြမှုအား ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံလုပ်ငန်းခွင်သို့သွားရောက်ပြီး EDCF ချေးငွေဖြင့် ဝယ်ယူထားသည့် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသော လေအေးပေးစက်ပါ လေအိတ်အထက်တန်း တွဲ (၁၀)တွဲ ရောက်ရှိနေမှု၊ စားသောက်တွဲ၊ တည်ဆောက်နေမှု၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) မှ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်ထုပ်လုပ်နေသည့် လေအိတ်ဘူဂီ လူစီးတွဲ(၁၅)တွဲ တည် ဆောက်နေမှု၊ တွဲများ တည်ဆောက်ရာတွင် အသုံးပြုသည့် ဂဟေဆော်သည့် စက်ရုပ် Robot အား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများအရည်အသွေးပြည့်မီရန် သတ်မှတ်ကာလ အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါ EDCF ချေးငွေဖြင့်ဝယ်ယူထားသည့် ကိုရီးယားနိုင်ငံမှ ပထမအသုတ် ရောက်ရှိလာသော လေအေးပေးစက်ပါ လေအိတ်အထက်တန်းတွဲ (၁၀) တွဲနှင့် စားသောက်တွဲ(၁)တွဲ၊ ဘရိတ်တွဲ (၁)တွဲတို့အား ချိတ်ဆက်ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ခရီးသွားပြည်သူများ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲ(၁)တွဲလျှင် (၃၃)ဦးနှုန်းဖြင့် ခရီးသည် (၃၃၀)၊ စားသောက်တွဲ(၁)တွဲ၊ ရိုးရိုးတန်း(၃၃)ဦးစီးနင်းနိုင်သည့် ဘရိတ်တွဲ(၁)တွဲတို့အား မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း၌ မတ်လဆန်းပိုင်းတွင် ပြေးဆွဲပေးနိုင်ရေး စီစဉ်ထားရှိပြီး ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းရှိ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံစဉ် သင်တန်းသားများအနေဖြင့် ရိုးသားဖြောင့်မတ်မှန်ကန်စွာ ပြောဆိုဆက်ဆံနိုင်ရေး အစဉ်အမြဲ ကြိုးစားကြရန်၊ ဝန်ထမ်း၊ သင်တန်းသားများအားလုံး အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို လေ့လာ သင်ယူကြရန်၊ သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စေရန်နှင့် ဗဟုသုတပြည့်ဝသော ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရန် မှာကြားပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေခဲ့ကြောင်း သိရသည်။
Credit: Burmese asia
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments